ငြိုး.....(episode 16)
-------------------"ကိုဥက္ကာ ကလပ်တွေတက်ဖူးလားဟင်....."
အဆုံးမရှိအစမရှိ မေးလိုက်သော သက်ပိုင်စကားကြောင့် ဥက္ကာ သောက်နေသော ကာဖီပင်သီးမလိုဖြစ်သွားသည်။
အခြေအနေကို ရိပ်မိနေသည့် နွေးနွေးကချောင်းဟန့်ကာဆိုးလိုက်တော့ ကျန်သူများအားလုံး၏အကြည့်က သူတို့သုံးယောက်ထံသို့ တစ်ယောက်တစ်လှည့်ဆီရောက်လာကြသည်။
"ဘာလို့လဲ...တက်တော့တက်ဖူးပါတယ်၊ အျမဲတော့မဟုတ်ဘူး...ဆူဆူညံညံရှုပ်ရှပ်ခတ်နေတာတွေ သဘောမကျလို့...."
"သြော်...ညီလဲ ရောက်ဖူးတယ်ရှိအောင် တစ်ခါလောက်သွားချင်လို့ လိုက်ပို့ပါလား..."
သက်ပိုင်က မျက်နှာချိုသွေးကာ ပြောလိုက်သော်လည်း ဥက္ကာက ခါးခါးသီးသီးငြင်းဆန်သည်။
"လိုက်မပို့ပါဘူး....ငမူးငရူးတွေနဲ့ မင်းနဲ့ ငါ့ဒေါသနဲ့ အဆင်ပြေမှာမဟုတ်ဘူး၊ လူတွေသတ်မိကုန်မယ်..."
ဥက္ကာစကားကြောင့် သက်ပိုင်ကမှိုင်သြားသော်လည်း နွေးနွေးကခစ်ခနဲရယ်၏။ သို့ရာတွင် သက်ပိုင်က လက်မလျော့ မျက်နှာကို ချိုမြနေအောင် အတတ်နိုင်ဆုံး ပြုံး၍ လက်ညိုးတစ်ချောင်းထောင်ပြလျက်...ထပ်တောင်းဆိုပြန်သည်။
"တစ်ခါပဲလေ....တစ်ခါထဲ ရောက်ဖူးတယ်ရှိအောင်လို့ပါ...ညီ မကဘူး၊ အရက်မသောက်ဘူး၊ ဘယ်လို ပုံစံလည်း ဆိုတာ ကြည့်ယုံပဲ...လိုက်ပို့မယ် မို့လား...."
"ဟင့်အင်း...လိုက်မပို့ဘူး...."
ဘယ်လိုမွ မျက်နှာချိုသွေးမရသည့်အဆုံး သက်ပိုင် ဘီလူးသရဲဝင်စီးတော့၏။
"အဲ့ဒါဆို...တစ်ယောက်တည်း သြားမွာပေါ့ ဘာဖြစ်လဲ...."
"ဟဲ့ကလေး...တစ်ခါမွ အဲ့လိုနေရာတွေ မသြားဖူးပဲ ခုမှဘာထဖြစ်နေတာလဲ....."
စိတ်ပူတတ်လွန်းသော နီလာက ကြားကနေဝင်ရောက်ကန့်ကွက်ဟန်ပြုနေခြင်းဖြစ်သည်။
"ရောက်ဖူးတယ် ရှိအောင်ပါဆို....မမရွှေစင်ပြောဖူးတယ်၊ ပျော်စရာကောင်းတယ်တဲ့၊ စိတ်တွေပေါ့သွားတယ်တဲ့....."
VOUS LISEZ
~ၿငိဳး.....~
Roman d'amourSeme က Uke ကို ဘယ်လောက်ချစ်သလဲ? ငုံထားမတတ်ချစ်ပါတယ်။ 😁😁😁 ကိုယ့်အကြိုက် angst တွေ drama တွေရေးပြီးတော့ စာဖတ်သူအကြိုက်လေးရေးဖြစ်တာပါ။😉😉 ဒီဇာတ်လမ်းက seme တစ်ယောက်ရဲ့ နက်ရှိုင်းတဲ့ချစ်ခြင်းတွေကို.... ပေါ်လွင်သိသာထင်ရှား...