ငြိုး....(sequel) episode 1
-------------------------ချစ်သူဘဝတွင် နှစ်ယောက်တည်း ကြည်နူးသာယာစွာ ခရီးတစ်ခုခုထွက်ခြင်းမျိုးကို စုံတွဲတိုင်း မျှော်လင့်တောင့်တကြမြဲဖြစ်သည်။
နှစ်ညအိပ် သုံးရက်တိတိ မိုးမမြင်လေမမြင် ပျော်မြူးခဲ့ပြီးနောက် အိမ်အပြန် ခြံအတွင်းဝင်ဝင်ခြင်းမှာပင် မေမေ၏မျက်စောင်းရဲရဲကြီးက အိမ်တံစက်မြိတ်မှ ဆီးကြိုနေပေသည်။
မေမေစိတ်ဆိုးလျှင်လည်း စိတ်ဆိုးချင်စရာပင်။ ကိုဥက္ကာ၏အစွယ်ကောင်းမှုဖြင့် မေမေ့ကိုပင် အသိမပေးနိုင်အားပဲ သက်ပိုင်တို့နှစ်ယောက်သား အက်ဗန်ချာခရီးလေးတစ်ခုထွက်ဖြစ်ခဲ့သည်။ နှစ်ယောက်အတူ ပျော်နေတုန်းက ဘာကိုမှတွေးမပူမိသော်လည်း ယခုမှ မေမေ၏ဒေါသကို သက်ပိုင်လန့်မိတော့သည်။
"ဘယ်တွေသဝေထိုးနေတာတုန်း အမောင်သက်ပိုင်၊ ကျုပ်က လူပျောက်တောင်ကြေညာတော့မလို့...."
သက်ပိုင်သည် မေမေ့အား အတတ်နိုင်ဆုံးမျက်နှာချိုသွေးကာ ပြုံးပြလိုက်သည်။
"အပန်းဖြေခရီးထွက်နေတာ...မေမေ့ဆီဖုန်းဆက်မို့ပဲ၊ ဟိုလေ ဖုန်းလိုင်းမမိလို့.....ဟီး..."
"ဟုတ်ပါတယ် မေမေရယ်...."
အနောက်မှနေ၍ သံယောင်လိုက်ကာပြောလိုက်သော ဥက္ကာအပြောကြောင့် သက်ပိုင်ရော မေမေပါကြောင်အမ်းအမ်းတစ်ချက်ဖြစ်သွားသည်။ ကိုဥက္ကာဟာလေ အရိပ်အကဲမကြည့် မေမေ့ဒေါသကိုပိုစွပေးနေသလိုပဲ။ မျက်နှာချိုသွေးတာလွန်နေပြီကို မသိလေခြင်းများလား။
မေမေက သက်ပိုင်ကို မျက်စောင်းခဲထားရာမှ ဥက္ကာကိုစောင်းကြည့်ပြန်သည်။
"ဘာမေမေတုန်း...မင်းလည်း အတူတူပဲ ငါ့သားကိုလာဖျက်ဆီးနေတယ်"
မေမေ့ဒေါသများက ဥက္ကာဆီရောက်သွား၍ သက်ပိုင်ကြားဝင်ပါရပြန်သည်။

ŞİMDİ OKUDUĞUN
~ငြိုး.....~
RomantizmSeme က Uke ကို ဘယ်လောက်ချစ်သလဲ? ငုံထားမတတ်ချစ်ပါတယ်။ 😁😁😁 ကိုယ့်အကြိုက် angst တွေ drama တွေရေးပြီးတော့ စာဖတ်သူအကြိုက်လေးရေးဖြစ်တာပါ။😉😉 ဒီဇာတ်လမ်းက seme တစ်ယောက်ရဲ့ နက်ရှိုင်းတဲ့ချစ်ခြင်းတွေကို.... ပေါ်လွင်သိသာထင်ရှား...