ငြိုး......(episode 12)
-------------------ဥက္ကာမျှော်နေသည့် ငါးရက်မြောက်သော နေ့လေးသည် ငါးကပ် ငါးကမ္ဘာမျှ ကြာညောင်းသွားသည်ဟု ထင်ရလောက်အောင်ထိ စောင့်ဆိုင်းပြီးခါမှ စိုက်စိုက်မြိုက်မြိုက်ရောက်လာခဲ့ပါသည်။
ထိုနေ့က စနေနေ့ဖြစ်သောကြောင့် ကျောင်းတွင်မဆုံဖြစ်။ သက်ပိုင်က နွေးနွေးတို့နှင့်ဥက္ကာတို့ကို အပြင်ကဆိုင်တစ်ဆိုင်တွင်သာချိန်းလိုက်သည်။
ထိုနေ့က ဥက္ကာသည် ကြည်သာရွှင်ပျလျက် စိတ်လှုပ်ရှားစွာဖြင့် ထိုဆိုင်လေးသို့အစောဆုံးရောက်ရှိနေခဲ့သည်။ သက်ပိုင်မျက်လုံးထဲ အစွမ်းကုန်ကြည့်ကောင်းနေစေရန်အတွက် အဝတ်အစားများကို သေသပ်ကျန လိုက်ဖက်အောင် ဝတ်ဆင်ထားပြီး ဆံပင်၊ နှုတ်ခမ်းမွှေး နှင့် ပါးသိုင်းမွှေးများကိုလည်း ဆိုင်တွင် ပုံသွင်းဖြစ်ခဲ့သေးသည်။
ရင်ထဲမှာလည်း ဟာနေသလို ပြည့်အင့်နေသလိုဖြင့် နေမထိထိုင်မသာဖြစ်နေရသည်။ သက်ပိုင်က ပျော်ရမှာ သေချာပါသည်ဟု ဆိုခဲ့ဖူးသော်လည်း အတွေးများက ရောက်ရက်ခဲ့နေဆဲပင်။ သူ့ဘဝ၏ အစွန်းနှစ်ဖက်သည် သက်ပိုင်၏ အဖြေစကားတစ်ခွန်းအပေါ်မူတည်နေပါသည်။ တစ်ဖက်က ကမ္ဘာပေါ်တွင် အပျော်ဆုံးလူသားတစ်ဦးအဖြစ် ရောက်ရှိစေနိုင်ပြီး ကျန်တစ်ဖက်ကတော့ ရှင်လျက်နှင့်သေသွားနိုင်သည်။
လူတွေအားလုံးစုံနေခဲ့သော်လည်း သက်ပိုင်ကပေါ်မလာသေး။
ဥက္ကာက ရေကိုသာအကြိမ်ကြိမ်သောက်ရင်း ဗလောင်ဆူဝေမှုများကို ဖြေဖျောက်နေရသည်။ဘေးကကြည့်နေသော နွေးနွေးတို့လည်း မနေနိုင်တော့ ဥက္ကာအား နှစ်သိမ့်ပေးရသည်။
"ကိုဥက္ကာ....စိတ်အေးအေးထားပါ...၊ ဟိုကလက်ခံမှာသေချာတယ် သိလား၊ ရှေ့ဆက်ဘယ်လိုလက်တွဲမလဲ ဆိုတာပဲ တွေးစမ်းပါ...."

ANDA SEDANG MEMBACA
~ငြိုး.....~
RomantikaSeme က Uke ကို ဘယ်လောက်ချစ်သလဲ? ငုံထားမတတ်ချစ်ပါတယ်။ 😁😁😁 ကိုယ့်အကြိုက် angst တွေ drama တွေရေးပြီးတော့ စာဖတ်သူအကြိုက်လေးရေးဖြစ်တာပါ။😉😉 ဒီဇာတ်လမ်းက seme တစ်ယောက်ရဲ့ နက်ရှိုင်းတဲ့ချစ်ခြင်းတွေကို.... ပေါ်လွင်သိသာထင်ရှား...