episode 4

12.9K 769 51
                                    

ငြိုး.....(episode 4)
------------------
'အချစ်​က ပူသည်​´
----------------

အလျင်​ကဆို ဥက္ကာသည်​ သူ၏ည​နေပိုင်းအချိန်​များကို Gym ကစား၍ဖြစ်​ဖြစ်​ ဒါမှမဟုတ်​ bar တစ်​ခုခုကို သွား၍ဖြစ်​ဖြစ်​ ကုန်​ဆုံး​စေတတ်​သည်​။ သို့ရာတွင်​ ယခု​တော့ ထိုကိစ္စရပ်​များကို လုပ်​ချင်​စိတ်​များ အလျဉ်းရှိမ​နေ။ ​ကျောင်းကပြန်​​ရောက်​သည်​နှင့်​ အိပ်​ရာထက်​တွင်​ ​ခြေပစ်​လက်​ပစ်​ လှဲပစ်​မည်​။ ပြီး​နောက်​ တစ်​​နေ့တာ​ကြုံ​တွေ့ရ​သော သက်​ပိုင်​လင်းနှင့်​အဖြစ်​အပျက်​များကို ပြန်​တမ်းတမည်​။ ခက်​ထန်​လှ​သော သက်​ပိုင်​လင်း၏ အကြည့်​များကို မျက်​စိမှိတ်​၍တစ်​ဖုံ မျက်​စိဖွင့်​၍တစ်​သွယ်​ ပြန်​လည်​မြင်​​ယောင်​ခံစား​နေမည်​။ နင့်​သီးလှ​သော သက်​ပိုင်​၏စကားသံများကို နားထဲမှပြန်​ထွက်​မသွား​အောင်​ လက်​နှစ်​ဖက်​ဖြင့်​ပိတ်​ပြီး ပြန်​ကြား​ယောင်​​နေမည်​။ အသည်းယားစဖွယ်​ သက်​ပိုင်​၏မူဟန်​များကို ပြန်​မြင်​​ယောင်​လာလျှင်​​တော့ ဖက်​​ခေါင်းအုန်းကို ကျစ်​ကျစ်​ပါ​အောင်​ခွလျက်​ ထုရိုက်​ပစ်​မိ​နေပါမည်​။

ဥက္ကာမထင်​မှတ်​ထား​သော အချိန်​​တို​လေးအတွင်းမှာပဲ သက်​ပိုင်​က သူ့နှလုံးသား​မှတစ်​ဆင့်​ ဆံချည်​မျှင်​​သွေး​ကြောများထိ ​နေရာအနှံ့ ​မောင်​ပိုင်​စီးမင်းမူ​နေခဲ့ပါပြီ။

"မချစ်​ဖူးတဲ့ အချစ်​ရူး​လေးက​တော့ ရူးရပြီထင်​ပါရဲ့ အသက်​​ရေ..."

ခံစားသမျှကို သူတိုးတိုး​လေးငြီးရင်း ခွထားသည့်​​ခေါင်းအုန်းကိုတဘုန်းဘုန်းထုရိုက်​ပစ်​လိုက်​သည်​။

"​ခွေး​ကောင်​....."

သူ့​နောက်​​ကျောဘက်​မှ​နေ၍ ဘယ်​အချိန်​​ကတည်းက​ရောက်​​နေမှန်းမသိ​သော ​အောင်​​အောင်​၏ ဆဲဆိုသံက သူ့အ​တွေးစအားလုံးကို အ​ဝေးသို့ကန်​ထုတ်​ပစ်​လိုက်​သလိုပင်​။ ​နေပါဦး အခန်းတံခါးကို​လော့ချဖို့ သူ​မေ့ခဲ့​လေသလား။

"မင်းများ​နေပြီဥက္ကာ....၊ မင်းတကယ်​ ကတိမတည်​ဘူး ငါမင်းကိုသတ်​ချင်​​နေပြီ...."

~ငြိုး.....~حيث تعيش القصص. اكتشف الآن