ငြိုး.....(episode 19)
-------------------အရာအားလုံးကို မျက်ကွယ်ပြုပြီး မိုက်မိုက်မဲမဲတိုးဝင်မိခဲ့သော သူ့ကိုယ်သူ ပိုးဖလံဟု သက်ပိုင် မသတ်မှတ်ဖြစ်ခဲ့သည်မှာ တော်တော်ကြာညောင်းနေခဲ့ပြီ။ သူဟာပိုးဖလံမဟုတ်သလို ကိုဥက္ကာကလည်း မီးမဟုတ်ပါ။ မီးဟုထင်မှတ်ရသည့် ရောင်ဝါလေးတစ်ခုသာ။ သို့သော် မီးကဲ့သို့မပူလောင်။ ရဲရဲဝံ့ဝံ့တိုးကပ်လိုက်သည့်အခါမှ သူပေးသည့်နွေးထွေးမှုကို သိသိသာသာခံစားမိတော့၏။ သူ့ရဲ့အတ္တ၊ သူ့ရဲ့မာန နှင့် သူ့အချစ်တွေက တစ်ခါမှ သက်ပိုင်အတွက် အဆိပ်အတောက်မဖြစ်စေခဲ့ဘူးဟူသည်ကို တစ်နေ့တစ်ခြားပိုမိုသိလာရပေသည်။
တစ်ခါက မုန်းတီးခဲ့ဖူးသော လူမိုက်ကြီး၏ အချစ်သည် သူ့တစ်ကိုယ်လုံး နွေးထွေးလုံခြုံအောင် လွှမ်းခြုံပေးနိုင်လိမ့်မည်ဟု သက်ပိုင်ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့မိပေ။ ထိုအချစ်ကို လွန်ဆန်ဖို့ ကြိုးစားနေရင်းမှ ရုန်းလေနစ်လေ နစ်လေရုန်းလေနှင့် ဆုံးဆုံးမြုပ်ခဲ့ရသည့်အဖြစ်ရယ်ပါ။
သက်ပိုင်သည် ကျောင်းသွားရန် ဖြီးလိမ်းပြင်ဆင်ပြီးသည်နှင့် ပြတင်းတံခါးများကိုလိုက်ပိတ်သည်။ အိမ်နောက်ဖေးတံခါး ပိတ်မပိတ်သေချာပြန်စစ်ပြီးနောက် အိမ်ပြင်သို့ထွက်ပြီး တံခါးမကြီးကိုသော့ခတ်၏။ အိမ်ကပြင်မှနေ၍ အောက်သို့ဆင်းမည်အပြု ဥက္ကာ၏ ကားက ခြံဝတွင် လာရပ်သည်။
ကျောင်းသွားဖို့ လာပြန်မကြိုခိုင်းထားပါပဲနှင့် သူကဘာလာလုပ်ရပြန်သနည်း။
ဥက္ကာက ကားပေါ်မှနေ၍ လက်ကေ့ကြီးတစ်လုံးကိုဆွဲကာဆင်းလာသည်။ ပြီးနောက် ကားကိုပြန်လွှတ်လိုက်၏။ ဥက္ကာအပြုအမူတွေကို သက်ပိုင်နားမလည်ပဲရှိနေသည်။
"ယူရေ...ကားကဘာလို့ပြန်လွှတ်လိုက်တာလဲ...တို့နဲ့တူတူ ကျောင်းသွားမို့လား..."
ဥက္ကာသည် လက့်ကေ့ကိုချကာ ခွထိုင်လိုက်ပြီး လက်ပိုက်လျက် သက်ပိုင်အားစေ့စေ့ကြည့်သည်။

YOU ARE READING
~ငြိုး.....~
RomanceSeme က Uke ကို ဘယ်လောက်ချစ်သလဲ? ငုံထားမတတ်ချစ်ပါတယ်။ 😁😁😁 ကိုယ့်အကြိုက် angst တွေ drama တွေရေးပြီးတော့ စာဖတ်သူအကြိုက်လေးရေးဖြစ်တာပါ။😉😉 ဒီဇာတ်လမ်းက seme တစ်ယောက်ရဲ့ နက်ရှိုင်းတဲ့ချစ်ခြင်းတွေကို.... ပေါ်လွင်သိသာထင်ရှား...