SUS Part 17

16.2K 2.1K 169
                                    

Unicode

ဘာလိုလိုနဲ့ TU ရိုက်ကွင်းစတင်ခဲ့သည်မှာ နှစ်လကျော် သုံးလပြည့်တော့မည်ဖြစ်သည်။ သရုပ်ဆောင်ပညာရပ်တွင် တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သော ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Xiao Zhan အတွက်က သရုပ်ဆောင်ရတာက ဟင်းချက်ရတာလောက် မခက်ခဲပေ။

အေးအေးဆေးဆေး သာသာယာယာနဲ့ နှစ်လကျော်ကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းလာနိုင်ပြီဖြစ်ပြီး ဒီဘဝကိုလည်း နေသားတကျ ဖြစ်နေပြီ ဖြစ်သည်။ တစ်ခါတစ်ရံ နှောက်ယှက်တတ်တဲ့ System နဲ့ ပြသာနာကောင်လေး Wang Yibo သာ မရှိရင် သူ့ဘဝကြီးက ပို၍ သာယာပျော်ရွှင်နိုင်မှာဖြစ်သော်လည်း ကံကြမ္မာက မျက်နှာသာပေးချင်းမခံရတဲ့ Xiao Zhan အတွက်က အခက်အခဲတွေက ရှိစမြဲဖြစ်ပေသည်။

Xiao Zhan လက်က လက်ပတ်ကို တစ်ချက်ကြည့်လိုက်တော့ ပြနေတဲ့ ဂဏန်းလေးက

" 35 "

ဒီနှစ်လအတွင်း အမှတ်တက်လာအောင် Xiao Zhan လုပ်တာဆိုလို့ သရုပ်ဆောင်ရမယ့် Character အပေါ် တကယ်ကြိုးကြိုးစားစားနဲ့ သရုပ်ဆောင်တာရယ်၊ သူအားနေရင် သနားစရာ မန်နေဂျာလေးကို အငြိမ်မနေ ပြေးလွှားနေရအောင် အနုနည်းနဲ့ နှိပ်စက်နေတာရယ်၊ ရလာတဲ့ အမှတ်လေး တစ်မှတ် နှစ်မှတ်ကို အနုတ်မခံရအောင် Wang Yibo ကို ရှောင်ပြေးနေလိုက်တာရယ် ဖြစ်သည်။

တကယ်တော့ Yibo ရှောင်နေရတာထက် အမှတ်သာ ပြေးနုတ်ခံချင်မိပေမယ့်၊ အမှတ်မြန်မြန်ပြည့်မှ သူနေချင်သလို နေလို့ရမည်မို့ သည်းခံနေရတာ ပင်ပန်းလွန်းလှပြီဖြစ်သည်။ အလိုက်မသိတဲ့ Yibo ကလည်း ဘယ်လိုပြောပြော နောက်က တကောက်ကောက်လိုက်တတ်ပြီး အခွင့်အရေးရရင် ရသလို စားဖို့ပဲချောင်းနေတဲ့ ကြောင်ဖားကြီးမို့ ကြောက်ရသေးသည်။

Xiao Zhan ပန်ကာတစ်လုံးကိုင်ကာ ပက်လက် ကုလားထိုင်ပေါ်မှာ ကားယားကြီးလုပ်ပြီး ခြေပစ် လက်ပစ်ကို ထိုင်နေမိသည်။ တနေကုန် တနေကမ်း ဆံပင်တုတွေရယ် ရိုးရာဝတ်စုံဖားဖားကြီးကိုလည်း ဝတ်ထားရသေးသည်မို့ ပူလွန်းလို့ သေတော့မလို ခံစားနေရပြီဖြစ်သည်။ သူ့အခန်းပြီးတာနဲ့ အိမ်ကို ပြန်ပြေးချင်နေပေမယ့်လဲ မပြန်ရဲ။ Yibo က သူရိုက်နေတဲ့ ဇာတ်ဝင်ခန်းမပြီးမချင်း သူ့ကိုပါ မပြန်ရ အမိန့်ထုတ်ထားသည်မို့ စောင့်နေရခြင်းဖြစ်သည်။

SHUT UP !! SYSTEM !! Where stories live. Discover now