Zawgyi
ထူထဲစွာ ပတ်လည်ဝိုင်းနေသော မြူတွေကြောင့် အရှေ့ကိုတောင် သေချာမမြင်ရတာမို့ Xiao Zhan စမ်းတဝါးဝါးနဲ့ ဖြည်းဖြည်းခြင်း လျှောက်လှမ်းနေမိသည်။ ဘယ်ရောက်နေမှန်းလဲ သူမသိသည်မို့ ဦးတည်ရာမဲ့ စမ်းတဝါးဝါးနဲ့သာ မြူတွေကြားထဲ လျှောက်သွားနေရင်း တစ်စုံတစ်ယောက်၏ ကျောပြင်ကို တွေ့လိုက်ရသည်မို့ ထခုန်မတတ် ဝမ်းသာသွားမိသည်။
အနားနီးလာတော့ ရင်းနှီးနေတဲ့ နောက်ကျောကြောင့် ဘယ်သူဆိုတာ သူတန်းသိလိုက်သည်။
" Yibo .... ငါတို့ ဘယ်ရောက်နေတာလဲ " Xiao Zhan ပခုံးကို ပုတ်ပြီး ခေါ်လိုက်တော့ Yibo က လှည့်ကြည့်လာပြီး သူ့ကို အေးစက်ပြီး အသက်မပါသော မျက်လုံးအစုံနှင့် စိုက်ကြည့်လာသည်။
" ဘယ်သူလဲ ? "
" နောက်မနေနဲ့... ငါတို့ဘယ်ရောက်နေတာလဲ
ဒီနေရာကြီးက ကြောက်စရာကြီး "Yibo က ဘာမှ ဆက်မပြောတော့ဘဲ အရှေ့ကို ပြန်လှည့်သွားသည်မို့ Xiao Zhan ဒေါသက ထွက်လာပြန်သည်။
ကြောက်ပါတယ်ဆိုမှ သူကပါ အူကြောင်ကြောင်ပုံလုပ်ပြီး လာခြောက်နေတာလား။" ဟေ့ Wangyibo !! ဘာဖြစ်နေတာလဲ ?
အရှေ့မှာဘာရှိလို့လဲ ဘာတွေလိုက်ကြည့်နေတာလဲ "Xiao Zhan အော်ဟစ်ပြီး Yibo ငေးစိုက်ကြည့်နေတဲ့ နေရာကို လိုက်ကြည့်လိုက်တော့ သူထအော်မတတ်လန့်သွားမိသည်။ ခေါင်းထဲမှာ ချာလည်လည်သွားသလို ခံစားချက်ကြီးနဲ့အတူ သူ့ကိုယ်သူ ဒီကမ္ဘာပေါ်မှာ ရှိနေတယ်ဆိုတာတောင် ခံစားလို့မရတော့။
" Zhan Zhan လား ? ဘာတွေဖြစ်နေတာလဲ"
Xiao Zhan သူ့လက်တွေသူ ပြန်ငုံ့ကြည့်လိုက်တော့ အခုမှ သူသဘောပေါက်သွားသည်။ သူ့အရင် ခန္ဓာကိုယ်အတိုင်းပြန်ဖြစ်နေတာပဲ။ ဒါကြောင့် Yibo က သူ့ကိုမမှတ်မိတာ။Zhan Zhan ကိုယ်ထဲ သူဝင်နေတာကြာပြီမို့
တစ်သားတည်းဖြစ်နေပြီး သူ့ဘဝမှန်တောင် သူမေ့နေတာကြာပြီဖြစ်သည်။ အခုမှ သူသတိထားမိတာ ပျင်းစရာကောင်းလွန်းတဲ့ အရင်ဘဝထက် Zhan Zhan အနေနဲ့ နေရတာကို သူပိုပျော်မိသလိုပဲ။Zhan Zhan ဆီကို တစ်လှမ်းဆီ တိုးတိုးသွားတဲ့ Yibo နောက်ကျောပြင်ကို မြင်နေရပေမယ့်လဲ သူမတားဆီးဖြစ်။
![](https://img.wattpad.com/cover/195737774-288-k466440.jpg)
YOU ARE READING
SHUT UP !! SYSTEM !!
FanfictionXiao Zhan Xiao Zhan ဆိုတာ X နိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်တယ် သရုပ်ဆောင်ပိုင်းမှာ တစ်ဖက်ကမ်းခတ်အောင် ကျွမ်းကျင်ပိုင်နိုင်တဲ့ ဝါရင့် အနုပညာရှင် တစ်ယောက်ဖြစ်ပြီး ငယ်ရွယ်မှု ချောမောမှုတွေနဲ့ အသက်ရွယ်နဲ့မလိုက်အောင် ရရှိခဲ့တဲ...