Unicode
Yibo လူရှင်းသည့်နေရာရောက်တော့ ရပ်လိုက်ပြီး Hao Xuan ကို စောင့်နေလိုက်သည်။ ဒီငမွှေထိုးလေးက ငယ်ငယ်လေးတည်းက သူ့ကို ဒုက္ခပေးလွန်းသည်။
စပ်ဖြဲဖြဲလုပ်ပြီး လျှောက်လာတဲ့ Hao Xuan အနားရောက်တော့ Yibo ငမွှေထိုးကို ဂုတ်နေဆွဲပြီး ဂျောင်ထဲထိုးထည့်လိုက်သည်။ အော်ဟစ်လိုက်ချင်ပေမယ့် တစ်ယောက်ယောက်မကြားအောင် အံကြိတ်ပြီး ပြောနေရသည်။
" မင်း.... ဘာတွေလုပ်နေတာလဲ
ဟို Xue Yang နေရာက အရင်ရွေးထားပြီးသား
တစ်ယောက်ကို ဘာသွားလုပ်တာလဲ မင်းရူးနေပြီလား "" Yo ! ကိုကိုကလဲ ကျွန်တော်လုပ်တယ်လို့
ဘယ်သူပြောလဲ သူ့ဘာသာ ကားနဲ့ မတော်တဆတိုက်မိတာလဲ ဖြစ်နိုင်တာပဲကို "" လိမ်မနေနဲ့။ မင်းမှ မလုပ်ရင် မင်းဒီနေရာကို
ရောက်လာစရာကိုမရှိတာ။ မတော်လို့ သေသွားရင် ဘယ်လိုလုပ်မလဲ။ မင်းရူးနေပြီ Hao Xuan "Hao Xuan ကသူ့အကျင့်အတိုင်း တဟီးဟီး တဟားဟား လုပ်ပြီးနောက် Yibo ကို စိုက်ကြည့်ပြီး ခနဲ့တဲ့တဲ့ ပြောလာသည်။
" ဘယ်လိုဖြစ်တာလဲ ငါတို့ Wang သခင်လေးက လောက ကျင့်ဝတ်တွေအကြောင်း ပြောနေပါလား။ ကျွန်တော်လုပ်တာ ပါးပါးလေးပါ။ သူလဲ နောက် ၂ လလောက်ဆိုဆေးရုံက ဆင်းလို့ရပြီ။ ပြောရမယ်ဆို ဟောဒီက ကျွန်တော်တို့ရဲ့ ကြီးမြတ်လှတဲ့ Wang သခင်လေးကမှ ဒီထပ်ဆိုးတာတွေ လုပ်ဖူးတာမဟုတ်ဘူးလား ဟားဟား "
Yibo စိတ်တိုလွန်းလို့ Hao Xuan ရဲ့ ကော်လံကို တင်းကြပ်စွာဆုတ်ကိုင်ထားပြီး နံရံမှာ မလှုပ်နိုင်အောင်ကပ်ထားလိုက်သည်။
" Wang Hao Xuan ...ငါပြောမယ်... မင်း ဘာလုပ်လုပ် ငါဂရုမစိုက်ဘူး။ မင်းသာ သူ့ကို တစ်ခုခုမပြောမိစေနဲ့ ။ အဲ့အချိန်ကျ ငါဘယ်သူ့မျက်နှာမှ ကြည့်နေမှာမဟုတ်ဘူး "
Yibo က ကော်လံကိုတင်းကြပ်နေအောင် ကိုင်ထားတာမို့ အသက်ရှုမရတဲ့ကြားကတောင်
အကြောတင်းတဲ့ Hao Xuan က မရရအောင်
ရယ်နိုင်သေးသည်။" Wang သခင်လေးရယ် ကျွန်တော်မပြောရဲပါဘူး။ ပြီးရင်သာ ဘာလုပ်မလဲ သိတယ်မဟုတ်လား "
![](https://img.wattpad.com/cover/195737774-288-k466440.jpg)
YOU ARE READING
SHUT UP !! SYSTEM !!
Fiksi PenggemarXiao Zhan Xiao Zhan ဆိုတာ X နိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်တယ် သရုပ်ဆောင်ပိုင်းမှာ တစ်ဖက်ကမ်းခတ်အောင် ကျွမ်းကျင်ပိုင်နိုင်တဲ့ ဝါရင့် အနုပညာရှင် တစ်ယောက်ဖြစ်ပြီး ငယ်ရွယ်မှု ချောမောမှုတွေနဲ့ အသက်ရွယ်နဲ့မလိုက်အောင် ရရှိခဲ့တဲ...