အပိုင်း ၁

75.3K 2.8K 13
                                    

[Zawgyi]
အချိန်နာရီစက္ကန့်တွေက ရပ်တန့်မနေဘူး..

အချိန်တွေခပ်မြန်မြန်ကုန်ဖို့ သူဆုမတောင်းမိဘူး..
နှေးပေးဖို့လည်း ဆုမတောင်းမိပြန်ဘူး..

အခုသူသိတာက သူဘာမှမတွေးနိုင်တော့တာပဲ
ဒီအတိုင်း ဒီထိုင်ခုံ ဒီနေရာမှာပဲ ထိုင်နေမိတာ တစ်နာရီခွဲတိတိကြာပြီ..
ကျောင်းကပြန်ရောက်ကတည်းက..
မား ဆီက သတင်းစကားတစ်ခု ကြားပြီးကတည်းကဆိုပါတော့

"တီ..တီ"

ကားဟွန်းတီးသံ က နားကြားပြင်းကပ်စွာထွက်ပေါ်လာတော့
ထိုင်ခုံကနေ ဝုန်းခနဲ ထပြီး ပြတင်းပေါက်လိုက်ကာကို ဆုပ်ကိုင်လိုက်မိတယ်.
ဒါပေမယ့် မဖွင့်လိုက်နိုင်ဘူး..လက်တွေကလိုက်ကာကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားလို့တုန်ရီနေတယ်.
ရင်တွေလည်းတစ်စတစ်စတိုးခုန်လာပြီး မောလာတယ်

ခေါင်းကို ခါပစ်လိုက်ရင်း လိုက်ကာကို ခပ်ဟဟဖွင့်ကြည့်မိတော့ ဝမ်ရိပေါ် ရဲ့ မျက်လုံးမှာ မျက်ရည်တွေဝေ့ခနဲပဲ

"......"

ရင်ဘက်ထဲ တစ်စုံတစ်ရာခံစားချက်နဲ့အတူ မောဟိုက်လာတော့ သူနာမည်တစ်ခုကို ခပ်တိုးတိုးသာ ရေရွတ်နိုင်တယ် ..
ရင်ဘတ်ထဲမှာလည်းအောင့်သက်သက်ခံစားချက်တစ်ခုက ဖြစ်တည်တယ်..

တစ်ချိန်တည်းမှာသူခပ်ရေးရေးပြုံးမိပြန်တယ်
ဘယ်အချိန်လောက်ထိ နုပျိုနေဖို့ ခင်ဗျားစဉ်းစားထားသလဲ..

အရင်လိုပဲ လူကြီးက ခပ်ပြုံးပြုံးရယ်..
အပူအပင်မရှိတဲ့ အေးအေးချမ်းချမ်းလေး။

ဘာထူးသလဲ? ဝမ်ရိပေါ်ကို ထားသွားတုန်းကရော .. ဒီလူကြီးကခပ်ပြုံးပြုံးပဲ ..
အမြဲ အရူးလိုပြုံးနေတတ်တာ သူ့အကျင့်ပဲ
အဲ့ဒိအပြုံးတွေကို ဝမ်ရိပေါ် သဘောကျခဲ့ဖူးတယ်..
ဒါပေမယ့် သူ့ကိုကျောခိုင်းသွားတဲ့အချိန်တုန်းက ပြုံးပြခဲ့တဲ့ ခပ်ရေးရေး အပြုံးတွေတော့ မပါခဲ့ဘူး

အင်္ကျီရဲ့ ဘယ်ဘက် ရင်ဘတ်နေရာကို လက်နဲ့ဆုပ်ခြေရင်း နံရံကိုကျောမီပြီး ထိုင်ချလိုက်တယ်..
ဒူးခေါင်းတွေကိုလည်းကွေးပြီး ကျစ်ကျစ်ပါအောင် ဖက်ထားမိပြန်တယ်
ကူကယ်ရာရလို့ရညားပေါ့

ADORE [Completed]Where stories live. Discover now