[Zawgyi]
ပစ္စုပ္ပန်။
ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်မှုဖုံးလွှမ်းနေတယ်
ရိပေါ်ရဲ့ နှလုံးခုန်သံဟာလည်း ခပ်စိပ်စိပ်ရယ်..<I have died everyday waiting for u~>
ကုတင်ပေါ်က ဖုန်းက အသံမြည်လာပေမယ့် ထမကိုင်ချင်ဘူး
နံရံကိုမီရင်း ဒူးခေါင်းတွေကို ရင်ဘတ်တွေနဲ့ထိကပ်နေအောင်အထိ ကျစ်ကျစ်ပါအောင်ဖက်ထားမိတာကိုလည်း မလွှတ်လိုက်ချင်သေးဘူး
တစ်ခုခုကိုယ့်ဆီကလစ်ဟာသွားတဲ့ ခံစားချက်ကို သူသိပ်မုန်းခဲ့ရပြီးပြီအဆက်မပြတ်မြည်နေတဲ့ဖုန်းကြောင့် ရိပေါ် စိတ်တိုလာတယ်
ဝုန်းကနဲ မတ်တပ်ထရပ်ရင်း ကုတင်ပေါ်ကဖုန်းကိုကောက်ကိုင်လိုက်တယ်"ကျန်းလီ"
သူဘာမှမတတ်နိုင်တဲ့အခြေအနေတစ်ခု
ဖုန်းကိုင်လိုက်ပေမယ့် သူဘာမှစမပြောမိဘူး"ရိပေါ်"
သူမရဲ့ အသံကနူးညံ့နေပေမယ့် ရိပေါ်ကို စိတ်သက်သာရာမရစေဘူး
"ရှောင်ကျန့် နဲ့ ဆုံပြီးပြီလား"
"ကျနော် ခဏနေ ကျဲ (မ) ကိုလာတွေ့မယ်"
ဖုန်းချပြီး ကုတင်ပေါ်လှဲလိုက်မိတယ်
အမှန်တော့ သူအခုဘာလုပ်ချင်နေမှန်းသူကိုယ်တိုင်မသိဘူး
သူထင်တာ သူဒီမှာဆက်ရှိမနေချင်တော့ဘူးတီရှပ်အဖြူ အားကစားဘောင်းဘီတို ဦးထုပ် လွယ်အိတ် ဒါတွေကို ရိပေါ် ခပ်မြန်မြန်ပြင်ဆင်လိုက်တယ်
အိမ်အောက်ထပ်ဆင်းလာတော့ အိမ်ထဲဝင်လာတဲ့မားနဲ့တွေ့တယ်."ရိပေါ် .. ဘယ်ကိုလဲ"
မားက အိမ်အပြင်ဘက်ကိုလှည့်ကြည့်လှည့်ကြည့်နဲ့မေးတယ်
"ကျဲ ဆီ""ရှောင်ကျန့်လေး သားကိုမေးနေတယ်"
ဘာလုပ်ဖို့မေးနေသေးတာလဲ
ခေါင်းပဲငြိမ့်ပြလိုက်တယ် မားကိုတော့ မကြားချင်ယောင်ဆောင်တာမျိုးမလုပ်လိုက်ချင်ဘူးအိမ်တံခါးကိုခပ်မြန်မြန်ဖွင့်ပြီး ဆိုင်ကယ်အရှိန်ပြင်းပြင်းနဲ့ သူထွက်သွားလိုက်တယ်
အခု သူ့ကိုယ်သူ စိတ်သက်သာရာရစေမယ့်ဘယ်အရာမဆိုသူလုပ်လိုက်ချင်တယ်
![](https://img.wattpad.com/cover/197552793-288-k963840.jpg)