[Zawgyi]
သစ်ရွက်စိပ်စိပ်တွေကြား တိုးဝှေ့တောက်ပနေတဲ့ နေရောင်ခြည်ကြောင့် ဟိုတစ်ကွက်ဒီတစ်ကွက်ကျနေတဲ့ သစ်ပင်ရိပ်အောက်မှာ ရှောင်ကျန့် ခြေဆုံရပ်နေမိတာ ဘယ်နှ မိနစ်ရှိပြီမှန်းတောင်မသိတော့ဘူး
မနက် ခြောက်နာရီခွဲဆိုတာ မစောတော့တဲ့အချိန်မို့ လမ်းမလေးပေါ်မှာလူတစ်ယောက်စ နှစ်ယောက်စလည်း ရှိတယ်
နေရောင်က ခပ်ဖျော့ဖျော့သာ တောက်ပနေပေမယ့် ရှောင်ကျန့်တစ်ကိုယ်လုံး ချွေးစေးတွေထွက်နေတော့တာပဲခဏကြာတော့ သူလက်ဖဝါးကိုဖြန့်ပြီး သော့တွဲလေးတစ်ခုကို ကြည့်ရင်း ခေါင်းတွေကုတ်နေပြန်ပြီ
သူ ဟိုဘက်နဲ့ဒီဘက်ကို ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်နေပြီး သူ့ခေါင်းသူထုသက်ပြင်းကြီးချရင်း အိမ်တစ်အိမ်ထဲဝင်သွားတော့တယ်"မတတ်နိုင်ဘူးလေ"
.......
ရှောင်ကျန့် သော့လှည့်ဖွင့်ပြီး အိမ်ထဲကိုလှမ်းဝင်လာတော့ တစ်အိမ်လုံး အပ်ကျသံတောင်မကြားရပဲ တိတ်ဆိတ်နေတယ်
လှေကားထစ်လေးတွေပေါ် ခြေချောင်းလေးတွေကိုဖွရင်းတက်လာခဲ့တယ်ပိတ်ထားတဲ့ တံခါးအပြာနုရောင်လေးရှေ့ရောက်တော့ သူ့အင်္ကျီခါးစနားကို ဆွဲဖိချလိုက်ပြီး ချိတုံချတုံဖြစ်နေတဲ့စိတ်တွေကို စာနာသနားသောအားဖြင့် သက်ပြင်းချလိုက်ပြန်တယ်
တံခါးလေးကိုဖွင့်ပြီး ခြေသံမထွက်အောင် ဂရုတစိုက် ခပ်ဖွဖွနင်းရင်းအခန်းထဲဝင်လာတော့ ကုတင်ပေါ်က အိပ်ပုတ်ကြီးတဲ့လူဆိုးလေးကသူ့ကိုစီးကြိုနေလေရဲ့
ဒီအခန်းရဲ့ အငွေ့အသက်တွေက သူတို့ငယ်ငယ်ကအတိုင်းမို့ မချင့်မရဲတော့ သူမခံစားရဘူး
အခန်ရဲ့လေထုက နွေးစိမ့်စိမ့်။
ကုတင်ဘေးနားမှာ ဒူးကွေးထိုင်ချလိုက်ပြီး ရိပေါ်ကိုသူဘယ်လိုအိပ်ယာကနှိုးရမလဲစဉ်းစားနေတယ်
ကြံရာမရတဲ့အဆုံး သူဘေးဘီကို မျက်စိကစားမိတော့ ကုတင်ဘေး စားပွဲပေါ်မှာ မှန်ဘောင်အကြည်လေးနဲ့ထည့်ထားတဲ့ ဓာတ်ပုံထဲက ကောင်လေးနှစ်ယောက် ကပြုံးရွှင်နေလေရဲ့ဓာတ်ပုံလေးကို တယုတယ လက်လှမ်းယူလိုက်တဲ့ ရှောင်ကျန့်ရဲ့မျက်နှာမှာ အပြုံးတွေဝေဆာနေတယ်
အရပ်ပုပု ကလေးလေးရိပေါ်က လူပျိုပေါက်လေးရှောင်ကျန့်ကို အတင်းဖက်ပြီး ပါးကိုမော့နမ်းနေတဲ့ပုံလေး
ရှောင်ကျန့် သူ့ရဲ့ ယုန်သွားလေးတွေပေါ်တဲ့အထိ ပြုံးလိုက်မိတယ်
ဒီပုံလေးရိုက်တဲ့နေ့က ရှောင်ကျန့်ပထမဆုံးကြုံခွင့်ရတဲ့ ရိပေါ်ရဲ့ မွေးနေ့ပွဲ။ မွေးနေ့လက်ဆောင်အဖြစ် ရိပေါ် အရမ်းအရူးထလွန်းတဲ့ ဆိုင်ကယ် ရီမုတ်ကွန်ထရိုးအရုပ်လေး လက်ဆောင်ပေးတော့ ရိပေါ်အရမ်းပျော်နေခဲ့တာ။ ပြီးတော့ရှောင်ကျန့်ကို ခုန်ဖက်ပြီးပါးကိုနမ်းတော့တာပဲ ဒါကို ရိပေါ်ရဲ့ဖေဖေက မှတ်တမ်းတင်ပေးထားခဲ့တယ်
ဒီပုံလေးကိုရိပေါ်က ငယ်ငယ်ကတည်းက စားပွဲပေါ်မှာ တင်ထားခဲ့တာ သဘောကျလို့လားလို့မေးတော့လည်း အင်းဆိုပြီး မျက်လုံးလေးတွေမှိတ်တဲ့အထိပြုံးပြပြီး ဖြေခဲ့ဖူးသေးတာ
ရှောင်ကျန့် ဓာတ်ပုံထဲကသူတို့နှစ်ယောက်မျက်နှာပေါ်ကို လက်မလေးနဲ့ပွတ်ကြည့်နေပြီး ကုတင်ခြေရင်းက စာကြည့်စားပွဲ အပေါ်ဘက် ကိုလှမ်းကြည့်လိုက်တယ်
စင်လေးတွေအထပ်ထပ်မှာ ပစ္စည်းတွေအများကြီးတင်ထားပေမယ့် ဒီပစ္စည်းတွေရဲ့ အလယ်တည့်တည့်မှာ မိန့်မိန့်ကြီးရှိနေတဲ့ ရှောင်ကျန့် ရိပေါ်ကို ပေးတဲ့ ပထမဆုံးလက်ဆောင် ဆိုင်ကယ်ရုပ်လေးက ထင်းနေတာပဲ
ရှောင်ကျန့်ရဲ့ အပြုံးတွေကြားထဲ ယုန်သွားလေးက တစ်ဖန်လှစ်ခနဲပေါ်သွားပြန်တယ်
ဓာတ်ပုံလေးကို စားပွဲပေါ်နေရာတကျပြန်ထားရင်း ကုတင်ပေါ်က လူဆိုးလေးကို ကြည့်လိုက်မိတယ်
ငယ်ရုပ်မပျောက်သေးတဲ့မျက်နှာလေးက ကလေးလေးကနေ လူကြီးလေးဖြစ်လာပါပြီဆိုတာကို နှုတ်ခမ်းမွေးရေးရေးလေးတွေက သက်သေပြနေတာပဲ
မျက်ခုံးထူနက်နက်။ မျက်တောင်ခပ်စိပ်စိပ် တိုတိုကော့ကော့လေးတွေ။ သွေးကြောလေးတွေလျှပ်ပြေးနေတဲ့ မျက်ခွံမို့လေးနဲ့ ပါးမို့မို့လေး။ လုံးကစ်နေတဲ့နှာခေါင်းလေးနဲ့ ပန်းရောင်ဖျော့ဖျော့နှုတ်ခမ်းလုံးလုံးလေး။
ချစ်ဖို့သိပ်ကောင်းခဲ့တဲ့ရိပေါ်လေးက အခုတော့ ရည်းစားထားတတ်တဲ့ ကောင်ချောလေးဖြစ်နေပြီပဲ။
ရှောင်ကျန့် ရိပေါ်မျက်နှာလေးကိုငေးကြည့်ရင်း ကြည်ကြည်နူးနူးပြုံးလိုက်မိတဲ့အချိန်
သူ့ရဲ့လက်ခုံပေါ်ထိတွေ့လာတဲ့ ခပ်အိအိလက်ဖဝါးလေးကြောင့် အလန့်တကြား နှုတ်ခမ်းနှစ်ခုကို ဖိရင်း အသံမထွက်မိအောင်ပိတ်ပင်ထားလိုက်ရတယ်
ရိပေါ်နိုးသွားတာလား။
![](https://img.wattpad.com/cover/197552793-288-k963840.jpg)