အပိုင်း ၂၂

17.1K 1.9K 45
                                    

[Zawgyi]

လေပြေအေးအေးဖြတ်သန်းတိုက်ခတ်နေတဲ့ ညအချိန်။
တလှုပ်လှုပ်မြစ်ရေပြင်ကို ဖြတ်ဆောက်ထားတဲ့ တံတားအပေါ်က လူသွားလမ်းဘေးဘက်မှာ ထိုးရပ်ထားတဲ့စက်ဘီးအဖြူကလေးတစ်စီး။
စက်ဘီးကလေး အနီးက ထိုင်ခုံတန်းလျားလေးပေါ်မှာ ကောင်လေးတစ်ယောက်က ထိုင်နေပြီး တစ်ယောက်ကတော့ မြေကြီးပေါ်မှာ ဆောင့်ကြောင့်လေး။

"မနာပါဘူးဆို ကျန့်ကောရာ.. ကြည့် ! ဒီမှာ အညိုမဲအရောင်တောင်မရှိတော့ဘူး"

ဒူးခါင်းက ဒဏ်ရာကို ဆောင့်ကြောင့်ထိုင်ကြည့်နေတဲ့ ရှာင်ကျန့်ရဲ့ လက်တွေကို ဆွဲထူမရင်း ရိပေါ်က ပတ်တီးကို အသာလှပ်ပြတယ်
ရှောင်ကျန့်တကယ်သတိမေ့သွားတာ
အမှန်ဆို ဒဏ်ရာရထားတဲ့ သူကို စက်ဘီးနင်းဖို့ခွင့်မပြုနိုင်ဘူး
ရိပေါ်ရဲ့ ခပ်ဖျော့ဖျော့အညိုရောင်ဒဏ်ရာကိုကြည့်ပြီး ရှောင်ကျန့်နှုတ်ကဆိတ်ငြိမ်နေတယ်

"ကောကောကြောင့်ပါ"

"ကျန့်ကော! တကယ်မနာဘူးဆိုဗျာ.. အဲ့လိုဆက်ပြောနေရင်ကျနော်တကယ် စိတ်မကောင်းဖြစ်တော့မယ်"

ရှောင်ကျန့်က သက်ပြင်းချရင်း ထိုင်ခုံမှာဝင်ထိုင်ပြီး မေးတယ်

"တကယ်အဆင်ပြေတာလား"

ရိပေါ် လိုလိုလားလားခေါင်းငြိမ့်လိုက်တယ်
ရှောင်ကျန့်ရဲ့ လက်တစ်ဖက် က ဖြတ်ခနဲ ရိပေါ်ရဲ့ ဒဏ်ရာကို ခပ်ဖွဖွ လှမ်းရိုက်တော့ ရိပေါ် ရဲ့အော်သံကြီးကထွက်လာတော့တာပဲ

"ပြောတော့မနာဘူးဆို"

ရှောင်ကျန့်ရဲ့ မျက်ခုံးတွေက တကယ်တွန့်ချိုးနေပြီး စိတ်ဆိုးနေပုံပေါ်တယ်
ခုဏက စက်ဘီးပေါ်က ယုန်လေးမဟုတ်တော့သလိုပဲ

"ကျန့်ကော က ရိုက်လိုက်တာကိုး"

"ပြန်ရင် ကောကော တွဲပေးမယ် လမ်းလျှောက်ပြန်မယ်"

ရှောင်ကျန့်က ရိပေါ်ကိုလက်ညိုးတစ်ထောင်ထောင်နဲ့ တစ်ချက်လွှတ် သတိပေးနေတာ
အမှန်ဆို ရိပေါ်ကိုစက်ဘီးတင်နင်းသွားသင့်ပေမယ့် ရှောင်ကျန့်က စက်ဘီးမှမစီးတတ်ပဲ

"ကျန့်ကော"

ရှောင်ကျန့်ရဲ့ မျက်လုံးတွေက အရည်လဲ့နေတာကို ရိပေါ်သတိထားမိတယ်
ကျန့်ကော က သိပ်အသည်းနုတာပဲ

ADORE [Completed]Where stories live. Discover now