အပိုင်း ၁၅

19.6K 2K 42
                                    

[Zawgyi]

ရိပေါ် နဲ့ ရှောင်ကျန့် က ဝေးကွာခဲ့ရတဲ့ အချိန်တွေအတွက် အတိုးရော အရင်းရောပေါင်းပြီး အမြဲပဲပူးကပ်နေတတ်တယ်
ရိပေါ်က ဘတ်စကတ်ဘော လေ့ကျင့်ရေးဆင်းနေရင်းတန်းလန်းတောင် ရှောင်ကျန့်ရုံးဆင်းချိန်ရောက်ရင် ကြားဖြတ်သွားကြိုပေးပြီး အိမ်ပြန်ပို့တယ် ပြီးမှ ကျောင်းကိုပြန်သွားတတ်တယ်
မင်းတို့ ရိပေါ်ပဲ လိုက်ကပ်နေတယ်လို့ ထင်ကောင်းထင်မယ်
ဒါပေမယ့် အခုလောလောဆယ် ရှောင်ကျန့် ဘတ်စကတ်ဘောလေ့ကျင့်ရုံရဲ့ တံခါးပေါက်မှာ ဟိုချောင်းဒီချောင်းလုပ်နေတယ်
ရိပေါ်က လေ့ကျင့်ရေးဆင်းနေရင်း လက်ကနာရီကိုတကြည့်ကြည့်နဲ့
ငါးနာရီခွဲဖို့ဘယ်လောက်မှမလိုတော့ဘူး
လက်ရှည်အင်္ကျီကိုကောက်စွတ်ပြီး လေ့ကျင့်ရေးတံခါးပေါက်ဆီကိုပြေးအထွက် လက်လေးတစ်ဖက်က သူ့ရှေ့မှာ လာတားတယ်

"ခင်ဗျား"

ရှောင်ကျန့်ရဲ့ ယုန်သွားဖြူဖြူလေးတွေနဲ့ အပြုံးဟာ ရိပေါ်ရဲ့သွားတွေကိုပါ ဖြီးသွားစေတယ်
"ဘာလာလုပ်တာလဲ"

ရိပေါ်က မေးတော့ ရှောင်ကျန့် မျက်စောင်းထိုးရင်း ခြေထောက်ကို မနာအောင်လှမ်းကန်တယ်
"မလာရဘူးလား"

"အာ.. မပြောပါဘူး အဲ့လို..အလုပ်ကစောပြီးတာလား"

ရှောင်ကျန့်ခေါင်းခါလိုက်တယ်
" ဋ္ဌာနမှူးကအရမ်းသဘောကောင်းတယ်.. မနေ့က project အတွက် design ပိုင်းမှာ တော်တော်လက်စသတ်လိုက်နိုင်တယ်.. case တွေလည်းအပြတ်နီးပါးရှင်းပြီးပြီ ဆိုတော့ သဘောရှိပြန်ဆိုလို့.. ရိပေါ်ကိုလည်းလာခေါ်ဖူးချင်လို့ စောထွက်လာခဲ့လိုက်တာ"

ရှောင်ကျန့်က ရိပေါ်ရှေ့ကနေ လမ်းလျှောက်ရင်း စကားတွေပြောနေပေမယ့် ရိပေါ်ဆီကဘာမှတုန့်ပြန်မှုမလာဘူး
ရှောင်ကျန့်လှည့်ကြည့်လိုက်တော့ ရိပေါ်က ခုဏကနေရာမှာပဲ ရှောင်ကျန့်ကိုပြုံးပြီးငေးကြည့်နေတယ်

"ဝမ်ရိပေါ်"

ရိပေါ်ရဲ့နှုတ်ခမ်းတွေက ပိုတွန့်ကွေးသွားတယ်
"ခဏ"

သူ့လေ့ကျင့်ရေးခန်းထဲကိုပြန်ပြေးဝင်သွားပြီး ပြန်ထွက်လာတော့ လက်ထဲမှာ လွယ်အိတ်ပါပါလာတယ်
"ဘာလို့လဲ လေ့ကျင့်တာပြီးပြီလား"

ADORE [Completed]Tahanan ng mga kuwento. Tumuklas ngayon