[Zawgyi]
51 ရက် !
မဟုတ်ဘူး
စာမေးပွဲဖြေတုန်းက မတွေ့ရတဲ့ရက်တွေကိုပါထည့်တွက်လိုက်
58 ရက်ဆရာရှောင်နဲ့မတွေ့ရတာ 58 ရက်
အစောပိုင်းရက်တွေမှာ ရိပေါ် နေ့တိုင်းငိုတယ်
စိတ်တိုတယ် ဝမ်းနည်းတယ် ပြီးတော့ ...သတိရတယ်နောက်ပိုင်းတော့မငိုမိတော့အောင်ကြိုးစားနေသင့်မှန်းသူသိလာပေမယ့် ဆရာရှောင့်ကိုနေ့တိုင်းမျှော်နေမိတယ်
ရိပေါ် သိသိသာသာ အေးစက်စက်ဖြစ်သွားတာကို အားလုံးသတိထားမိကြတယ်
ကျောင်းပိတ်ရက်တွေမှာ အိမ်မကပ်တော့ဘူး
တစ်နေ့လုံး ဘတ်စကတ်ဘောကွင်းထဲမှာပဲအချိန်ကုန်နေတတ်တယ်စကားအပြောအဆိုနည်းသွားတယ်
များသောအားဖြင့် ငေးနေတတ်ပြီး နှုတ်ခမ်းတွေကိုခပ်တင်းတင်းစေ့ပိတ်ထားတတ်တယ်
အမြဲခပ်တည်တည်မျက်နှာထားက တစ်ခါတစ်လေ ဝမ်းနည်းရိပ်သမ်းနေတတ်တယ်ဒါ ဆရာရှောင်မရှိတော့တဲ့ ရိပေါ်ရဲ့ ကမ္ဘာ
................................ရိပေါ်ကသံပတ်ပေးထားတဲ့အရုပ်တစ်ရုပ်လိုပဲ
အခုလည်းထုံးစံအတိုင်း မနက်စာစားဖို့ အော်ခေါ်နေတဲ့မားကို
"နောက်ကျနေလို့" ဆိုတဲ့ ရိုးအီနေတဲ့အကြောင်းပြချက်ပေးပြီး ဘတ်စကတ်ဘောလုံး ကိုပိုက်ပြီး အိမ်ကထွက်လာခဲ့တယ်
ဆရာရှောင်ရဲ့အိမ်ဘက်ကိုသူလှမ်းကြည့်လိုက်တော့ ကားနောက်ခန်းထဲပစ္စည်းတွေထည့်နေတဲ့ ဦးလေးကိုတွေ့ရတယ်
ရိပေါ် ကျောခိုင်းပြီး နေရာက လှည့်ထွက်မယ့်အချိန်"ဟေ့ ရှောင်ကျန့် လာတော့ သွားမယ်"
ရိပေါ်ရဲ့ခြေလှမ်းတွေရပ်တန့်သွားတယ်
ဆရာရှောင်?
ချာကနဲ ပြန်လှည့်ကြည့်လာတဲ့ ရိပေါ်ရဲ့ မျက်နှာမှာ ခံစားချက်မျိုးစုံဖြတ်ပြေးသွားတယ်အိမ်ထဲကနေ အိတ်တစ်ခုကိုဆွဲရင်း လှုပ်စိလှုပ်စိနဲ့ထွက်လာတဲ့ ဆရာရှောင်က အဖြူရောင် ယုန်ငယ်လေး လိုပဲ
သိပ်ကိုအပြစ်ကင်းစင်နေတာလား?လွမ်းဆွတ်မှုတွေ ဝမ်းနည်းမှုတွေ ဒေါသတွေ နဲ့ ရောယှက်နေတဲ့ ရိပေါ်ရဲ့ မျက်လုံးတွေက ရှောင်ကျန့်သူ့ကို မြင်ဖို့ အလူးအလဲတောင်းဆိုနေတာ သိပ်သိသာတယ်
ဒါပေမယ့် ရိပေါ်ရဲ့ ခန္ဓာကိုယ်က ဆန့်ကျင်စွာပဲ ဒီနေရာမှာပဲခြေဆုံရပ်ပြီး လှုပ်ရှားမှုကင်းမဲ့နေတယ်