[Zawgyi]
"ting tong!"
အိမ်ခန်းလေးထဲညံသွားတဲ့ တံခါးဘဲလ်သံကြောင့် ဖျော်လက်စကော်ဖီခွက်ကို ချထားရင်း မီးဖိုခန်းထဲကနေပြေးထွက်လာရတယ်။
လူကြည့်ပေါက်ကနေ ချောင်းကြည့်လိုက်တော့ ကောင်မလေးတစ်ယောက်။တံခါးကိုခပ်ဟဟဖွင့်လိုက်ပြီး ခေါင်းပြူထွက်လိုက်တော့ ကောင်မလေးရဲ့ ခေါင်းက ဆတ်ခနဲမတ်သွားပြီး ဘေးပတ်လည်ကိုလှည့်ကြည့်ရင်း လည်ပင်းကို လက်သွယ်သွယ်လေးတွေနဲ့ပွတ်နေတယ်။
"ဒါ ရှောင်ကျန့် ရဲ့ အခန်းမဟုတ်ဘူးလားရှင့်"
"အာ..ဟုတ်ပါတယ်"
"ဒါဆို ရှောင်ကျန့်ရော?"
ကောင်မလေးက တစ်ဆတ်တည်းမေးလာတယ်။
"အပြင်ထွက်သွားတယ်ဗျ.. မကြာသေးဘူး"
"ထင်တဲ့အတိုင်းပဲကို.."
ကောင်မလေးရဲ့ရယ်သံက သာသာယာယာ နဲ့တိုးတိုးလေး။
"ဒါဆို!"
နှုတ်ဆက်တဲ့သဘောနဲ့ခေါင်းညိမ့်ပြရင်း လှည့်ထွက်သွားတဲ့ သူမကို ကဗျာကယာ လှမ်းတားလိုက်မိတယ်။
"ဟိတ်..အဲ..ဟို ကော်ဖီသောက်သွားပါဦးလား"အင်တင်တင်ဖြစ်နေတဲ့ ကောင်မလေးရဲ့ပုံစံက ချစ်ဖို့ကောင်းတာထက်စာရင် အရမ်းကိုကြည့်ပျော်ရှုပျော်စရာပဲ။
"ကျနော့ကိုမမှတ်မိဘူးထင်တယ်"ကောင်မလေးက ခေါင်းလေးစောင်းရင်းစူးစူးစမ်းစမ်းကြည့်တယ်။ ချစ်ရာကောင်းနေတာမျိုးမဟုတ်ပေမယ့် ယဉ်ယဉ်ကလေး ရူးစေနိုင်လောက်တဲ့ အပြုံးသေးသေးလေးနဲ့ပေါ့။
"ကျန်းလီမဟုတ်လား"မျက်လုံးလေးတွေပြူးရင်းခေါင်းညိမ့်လာတယ်။
"ကျနော် ဝမ်ကျိုးချန်လေ! ငယ်ငယ်က ရှောင်ကျန့်အိမ်လာလည်တုန်းက ကျနော်တို့အတူတူ.."
"အာ......ကိုယ်တွေ တောသားလေးဆိုပြီး ဝိုင်းစလို့ ငိုသွားတဲ့တစ်ယောက်မလား"
ကျန်းလီက ရယ်ကြဲကြဲလေးပြောတော့ ကျိုးချန် ရှက်ရှက်နဲ့ခေါင်းချည်းကုတ်နေမိတယ်။
တကယ်ပဲ.. အဲ့ဒိရှက်စရာကြီးကိုမှဘာလို့မှတ်မိနေတာလဲ!
ငယ်ငယ်တုန်းက ရှောင်ကျန့်မွေးနေ့မှာ ကျိုးချန်က လာလည်ဖူးတယ်။
အဲ့တုန်းက ကျိုးချန်ကနယ်က လာတဲ့သူဆိုတော့ ရှောင်ကျန့်ရဲ့သူငယ်ချင်းတွေက(ကျန်းလီအပါအဝင်) "တောသားလေး" ဆိုပြီး ဝိုင်းစတော့ ကျိုးချန်ကငိုတော့တာပဲ။
အဲ့ဒိအချိန်တုန်းက ငယ်သေးတာကိုး..ငယ်သေးလို့။