အပိုင်း ၁၆

17.4K 1.8K 58
                                    

[Zawgyi]

မျက်နှာပေါ်ကို တစ်ချက်တစ်ချက်ကျလာတဲ့ အလင်းရောင်ကြောင့် ရှောင်ကျန့် တအီအီ ညည်းရင်း ဖက်လုံးကိုဖက် ဟိုဘက်ဒီဘက်လှိမ့်ပြီး ခြေရင်းက စောင်အလုံးလိုက်ကို စောင့်ကန်ပစ်လိုက်တယ်
မျက်လုံးက မပွင့်တစ်ပွင့်ဖြစ်နေသေးပေမယ့် ဝရံတာဘက်က အရိပ်တစ်ခုကိုဖြတ်ခနဲမြင်မြင်နေရတယ်

"ဝမ်ရိပေါ်"

ရှောင်ကျန့် ရဲ့ အိပ်ချင်မူးတူး အီသံကြားတော့ ဝရံတာတံခါးဖွင့်နေတဲ့ ရိပေါ်က လှည့်ကြည့်ပြီးပြုံးပြလာတယ်
ရှောင်ကျန့်က အိပ်မက်ယောင်နေတဲ့လူလိုပဲ အိပ်ယာက တောင့်တောင့်ကြီးထရပ်ပြီးအောက်ထပ်ကိုဆင်းသွားတယ်

ရိပေါ် ရှောင်ကျန့်နောက်ကိုမြန်မြန်လိုက်ဆင်းရတယ်
ထင်တဲ့အထိုင်းပဲ ခေါင်းဆုပ်ဖွား ညဝတ်အင်္ကျီအညိုရောင်ဝမ်းစက်နဲ့ ရှောင်ကျန့်က ဂတ်စ်မီးဖိုကိုလှည့်ဖွင့်နေပြီ ပြီးတော့ ရေခဲသေတ္တာထဲလည်းဟိုရှာဒီရှာနဲ့
ရိပေါ် အော်ရယ်လိုက်ချင်တာပဲ ဒီလူကြီးလုပ်နေတဲ့ပုံက အရမ်းချစ်ဖို့ကောင်းလွန်းတယ်
ဒါပေမယ့်သူတားရဦးမယ်

"ဟေး ရှောင်ကျန့်"

ရှောင်ကျန့်က မပွင့်သေးတဲ့မျက်လုံးတွေကို ပွတ်ရင်း ရိပေါ်ကို မျက်လုံးမှေးပြီး လှည့်ကြည့်တယ်
အကြီးကို နာမည်တပ်ခေါ်ပြန်ပြီ

"ဒီနေ့ကပိတ်ရက်နော်"

ရှောင်ကျန့်က မျက်လုံးထောင့်ကပ်စဉ်းစားပြီးမှ
"အာ ဟုတ်သားပဲ"
ဆိုပြီး ခြေထောက်နှစ်ချောင်းကို ဆောင့်ဆောင့်ဆောင့်ဆောင့် နင်းပြီး မီးဖိုခလုတ်တွေလိုက်ပိတ်နေတယ်

"ဒါဆို ဝမ်ရိပေါ်ဘာလာလုပ်တာလဲ ဒီနေ့ကျောင်းပိတ်တဲ့ဟာကို ဝါးးးး"
ရှောင်ကျန့်က စကားပြောရင်းပါးစပ်ကြီးဖြဲပြီးသန်းနေတယ်
ရိပေါ်ကတော့ ရှောင်ကျန့်လုပ်သမျှကိုပြုံးပြီးကြည့်နေတော့တာပဲ

"မနေ့ကပြောထားတာကို မေ့သွားတာလား ခင်ဗျားမှတ်ဉာဏ်လည်း ခင်ဗျားအသက်လိုပဲအိုလာပြီ"

ရိပေါ်က ပြောရင်း သူ့ရှေ့ကို တိုးကပ်လျှောက်လာတာမို့ ရှောင်ကျန့် မျက်စောင်းထိုးရင်း နှုတ်ခမ်းတစ်ဝိုက်ကိုလက်နဲ့အုပ်လိုက်တယ်

ADORE [Completed]Where stories live. Discover now