[Zawgyi]
"ဆရာရှောင်.....!"
အသံကုန်အော်ပြီးပြေးလာတဲ့ ရိပေါ်လေးကို ရှောင်ကျန့်တွေ့တော့ လက်နှစ်ဖက်ကို ဆန့်ထားပေးလိုက်တယ်
ရင်ခွင်ထဲပြေးလာတာ တန်းနေရောအချိန်အတော်ကြာဝေးကွာနေခဲ့တဲ့ ဆရာ့ရှောင့်ရင်ခွင်ထဲမှာရိပေါ်ကငြိမ်နေတော့တာပဲ
"ဆရာရှောင့်ကိုလွမ်းနေတာ"
ရိပေါ်ကဖက်ထားရင်း ခပ်ချွဲချွဲပြောတော့ ရှောင်ကျန့်သဘောတကျနဲ့ ရယ်ရင်း ဆံပင်လေးတွေကိုဖွလိုက်တယ်
"ရိပေါ် ဒီနေ့အတွက် စာတွေရပြီလား အရင်နေ့တွေကရောဖြေနိုင်ရဲ့လား"
"ဆရာရှောင်ရော?"
မေးခွန်းကို မဖြေပဲ စိုးရိမ်တကြီးမေးလာတဲ့ မျက်စိရှေ့ကကောင်လေးကိုကြည့်ရင်း ရှောင်ကျန့် ရင်ထဲစိတ်မကောင်းမှုတွေ ဖိတ်လျှံသွားရတယ်
"ကောကော မှမဖြေနိုင်ရင် ဘယ်သူဖြေနိုင်မှာလဲပြော"
ခေါင်းလေးတဆတ်ဆတ်ငြိမ့်ပြရင်း လက်မနှစ်ချောင်းကိုလည်းထောင်ထားသေးတာ
"ဆရာ့ရှောင်တပည့်လည်းဖြေနိုင်တာပေါ့ ဘယ်သူ့တပည့်မလို့လဲ""အမယ်.. ဟုတ်ပါပီဗျား ကဲ သွားတော့ဒါဆို"
ဆရာရှောင်ကမူပိုင်ပြုံးလေးနဲ့ ရိပေါ်လေးရဲ့ပါးကိုခပ်ဖွဖွဆွဲညှစ်လိုက်ရင်းပြောတယ်
ရိပေါ်လေးက ကျောပိုးအိတ်ကြိုးနှစ်ဖက်ကို ဆွဲလိုက်ရင်း ရှောင်ကျန့်ကိုကျောခိုင်းသွားပြီးမှ ပြန်လှည့်ကြည့်လာပြီး"ဖြေနိုင်ပါစေ ဆရာရှောင် ကျောင်းဆင်းရင်တွေ့မယ်နော်"
ရိပေါ်လေးရဲ့ ဖြူစင်တဲ့အပြုံးတွေကို
ဆရာရှောင်ကလည်း သူ့ရဲ့ ချိုမြိန်တဲ့မူပိုင်အပြုံးတွေနဲ့ တုံ့ပြန်ခဲ့တယ်...............................................
စာမေးပွဲချိန်ပြီးတော့ ရိပေါ် အခန်းထဲကထွက်ထွက်ချင်း
"လွတ်ပြီ" ဆိုပြီး ကျောပိုးအိတ်ကောက်လွယ် အော်ဟစ်ပြီးအိမ်ပြန်ပြေးတော့မလို့ရည်ရွယ်လိုက်ပေမယ့် ရိပေါ်ရဲ့သူငယ်ချင်းတွေက ကျောပိုးအိတ်ကို ဆွဲထားကြတယ်