[Zawgyi]
ရိပေါ်ရဲ့ဘဝထဲကို ရှောင်ကျန့်တဖြည်းဖြည်းချင်း ပြန်ဝင်ရောက်လာခဲ့တယ်
ဒီလိုထင်လား?
ရိပေါ်က သူ့ကို ဘယ်တုန်းကမှထွက်သွားခွင့်မပေးခဲ့ဖူးဘူး ဆိုရင်ရော?...............................................
ရိပေါ်ရဲ့ နေ့ရက်တွေက မသိမသာရော သိသိသာသာပါပြောင်းလဲလာတယ်
ထမင်းစားစားပွဲမှာထိုင်လိုက်ရင်
တစ်နေ့တစ်မျိုးမရိုးနိုင်တဲ့မနက်စာကသူ့ရှေ့အဆင်သင့်ရှိတယ်
ကျောင်းသွားမယ်ဆိုရင်ဆိုင်ကယ်နောက်ကြည့်မှန်မှာ နေ့ခင်းစာထမင်းဘူးလေးကလည်း အဆင်သင့်ချိတ်ဆွဲထားမယ်
ကျောင်းအသွားအပြန် အချိန်တိုင်း သူ့ကိုလက်တွေဝှေ့ရမ်းပြနေတဲ့ apron ဝတ်ထားတဲ့ လူကြီးတစ်ယောက်ကိုလည်းတွေ့ရမယ်သူသိပ်သဘောကျတဲ့အပြုံးတွေနဲ့..
......................................................................."ထူးဆန်းတယ် ထူးဆန်းတယ်"
ရိပေါ်ကိုကြည့်ရင်း ယုဘင်းကဝေဖန်နေတယ် ခေါင်းတခါခါ လည်တခါခါနဲ့
ရိပေါ်ကစားလက်စတူကိုမြှောက်ပြီးမေးငေါ့ပြတယ် စားဦးမလား~
ယုဘင်းက ခေါင်းကြီးနောက်တွန့်ပြီး လက်ကိုမျက်နှာရှေမှာ နည်းမျိုးစုံနဲ့ခါတယ်"နောက်ဆုံးတော့ ရိပေါ်လည်း အလှသယ်သယ်လာတဲ့ထမင်းဘူးကြီးကိုစားပြီဆိုတော့"
ပြီးတော့ လက်အုပ်ချီပြီး မိုးပေါ်မော့ပြီးပြောတယ်
"ငါလည်း စော်ရနိုင်ချေရှိသေးတာပေါ့... ဟားဟားဟား"
ရိပေါ်ကနှုတ်ခမ်းတစ်ဖက်ရွဲ့လိုက်ပြီး တစ်ရှူးလိပ်နဲ့လှမ်းပစ်တယ်
ရှောင်ကျန့် လုပ်ပေးသမျှသူမစားခဲ့ဘူး
ဒါပေမယ့်
ဒီလူကလက်မလျှော့ဘူး
စားလားမစားလားလည်းဂရုမစိုက်ဘူး
နေ့တိုင်းအားကြိုးမာန်တက်လာလာပို့တာပဲကြာတော့လည်း
ရိပေါ့်နှလုံးသားက လူကြီးရဲ့မေတ္တာကိုတောင့်မခံနိုင်ပါဘူးဒါပေမယ့်လို့...
......................ယုဘင်းနဲ့ဂျိယန်ကညားနေပြီလားတောင်ထင်ရတယ်..
ယုဘင်းကထုံးစံအတိုင်း ဂျိယန်ရဲ့ ပခုံးကိုဖက်ထားတယ်
ဂျိယန်ကလည်း ယုဘင်း ခါးကိုဖက် ပြီးလမ်းလျှောက်နေကြတယ်
ဝမ်ရိပေါ် ကတော့ဘေးမှာ ထမင်းဘူးလေး လက်တစ်ဖက်ကဆွဲရင်း သုံးယောက်သားကျောင်းဂိတ်တံခါးပေါက်ကိုထွက်လာတယ်