[Zawgyi]
အေးစိမ့်စိမ့်လေထုက တစ်ကိုယ်လုံးကို အကြားအလပ်မရှိလွှမ်းခြုံလာတာကြောင့် တစ်ကိုယ်လုံး ကြက်သီးတွေထလာပြီးမျက်လုံးတွေ ဖွင့်ရင်း ညည်းညူလိုက်မိတယ်
လက်မောင်းနှစ်ဖက်ကိုပွတ်ရင်း အသိစိတ်ကပ်မှ ကားထဲမှာ အိပ်ပျော်သွားမှန်းသတိဝင်တယ်
ကားအရှေ့ခန်းမျက်စောင်းထိုးမှာ ကားကိုအာရုံစိုက်မောင်းနေတဲ့ဝမ်ရိပေါ်က ရှောင်ကျန့်ကို သူ့ရဲ့အနွေးထည်ကိုချွတ်ပြီးလက်ကမ်းပေးလာတယ်
"ရတယ် ရိပေါ်ပဲဝတ်ထား ရှေ့ခန်းကပိုအေးတယ်""လျော့လိုက်မယ်"
ရိပေါ်ကအနွေးထည်ကိုရှောင်ကျန့်ပေါင်ပေါ်တင်ပေးပြီး aircon ကိုလျော့လိုက်တယ်
ရှောင်ကျန့် ရိပေါ်ရဲ့ အင်္ကျီကို ကျန်းလီ ကိုယ်ပေါ်မှာပဲ လွှားပေးဖို့ စိတ်ကူးလိုက်ပေမယ့် ကျန်းလီက စောင်အပါးတစ်ထည်ကို ကိုယ်ပေါ်လွှားထား ပြီးသားဖြစ်နေတယ်
ရှောင်ကျန့် သက်ပြင်းချရင်း ရင်ဘတ်ကို အနွေးထည် လွှားထားလိုက်တယ်ကျန်းလီက အမှန်ဆိုရင် ခရီးအလာတုန်းက စကားတပြောပြောနဲ့ ရိပေါ်ကို မုန့်တွေခွံ့ကျွေးလိုက်
ကားအသွားအလာကြည့်ပေးလိုက်နဲ့လုပ်နေတတ်ပေမယ့် အခု အပြန်ခရီးကျမှ မျက်လုံးတွေမှိတ်ပြီး လှဲနေတယ်
ဒါ သိပ်မထူးဆန်းဘူးထင်ရပေမယ့် မနက် ဟော်တယ်မှာ ရှောင်ကျန့်အိပ်ယာနိုးလာတော့ ဝမ်ရိပေါ်က ရှိမနေတော့ဘူး
မနက်စာစားဖို့ သွားတော့ ရိပေါ်နဲ့ ကျန်းလီကရောက်နှင့်နေပြီ
ကျန်းလီက ပြုံးပြပေမယ့် စကားတစ်ခွန်းမှမပြောဘူး ရှောင်ကျန့်ပြောတော့လည်း တစ်ခွန်းမေးတစ်ခွန်းဖြေပဲ
ရိပေါ်ကတော့ ပုံမှန်ပဲ ကျောက်ရုပ်ကြီးအတိုင်း ကျန်းလီဘေးမှာထိုင်ပြီး မနက်စာစားတယ်အဲ့ဒိကတည်းက တစ်ခုခုမှားနေမှန်း ရှောင်ကျန့် ရိပ်မိပေမယ့် မေးသင့်မမေးသင့်ချိန်စနေရတာနဲ့ အခုအချိန်ထိရောက်လာတာပဲ
ဒီတော့ ရှောင်ကျန့် ကျန်းလီအစားပဲ ရိပေါ်ကို ကားအသွားအလာ ကြည့်ပေးဖြစ်ခဲ့တယ်
.................................................................
"ကျနော် ကျဲကိုလိုက်ပို့လိုက်ဦးမယ်"