[Zawgyi]
"ရိပေါ်!"
ကျောရိုးတစ်ခုလုံးမတ်ခနဲ.. ခေါင်းကလည်းထောင်ခနဲပဲ
"တစ်ယောက်လုံးဘေးမှာထိုင်စောင့်ပေးနေတာတောင် ငိုက်နေတုန်းပဲ.. .. စာကျက်ထားဆိုတော့လည်းမကျက်ဘူး.. မနက်ဖြန်ဘယ်လိုဖြေမလို့လဲဟမ်"
ပွားချက်ပဲ.. စာမေးပွဲကအစစ်ကြီးမှဟုတ်မနေပဲ.. အစမ်းဖြေလေးကိုဘာဂရုစိုက်နေရမှာလဲ
"ဆရာရှောင်ကလည်း.. အစမ်းဖြေလေးကို ဘာတွေ လောဘကြီးနေတာလဲ.. အမှတ်ဆိုတာကိုယ်တန်ရာတန်ရာပဲယူရမှာပဲကို"
ရှောင့်ကျန့်က ရိပေါ်လေးရဲ့ နားရွက်ကိုဆွဲလိုက်တယ်...နာမှာစိုးလို့ ဖွဖွလေးပဲ
ရိပေါ်ကခြေထောက်တွေဆန့်ထုတ်ပြီး ရှောင်ကျန့်ပေါင်ပေါ်တင်လိုက်တယ်
အဲ့ဒိခြေထောက်ပုစိနုနုလေးတွေကို ခပ်ဖွဖွရိုက်လိုက်ပြီး"အကြီးကိုရိုသေမှုမရှိဘူးလား"
"ညောင်းလို့ပါလို့ .. ညောင်းလို့ပါ"
ရှိစေတော့။
"ဆရာရှောင် ကိုသဘောကျတယ်"
"အေး သိတယ်"
ရိပေါ်လေးကိုမကြည့်ပဲ ရှောင်ကျန့်ဖြေလိုက်တယ်
ရိပေါ်ကလည်း ပြုံးပြုံးလေးပဲ ခေါင်းလေးတငြိမ့်ငြိမ့်နဲ့စာပြန်ကြည့်တယ်မထူးဆန်းတော့ဘူး.. ရှောင်ကျန့်နဲ့ရိပေါ် စတွေ့ပြီး တစ်နှစ်လောက်ကတည်းက ရိပေါ်ကပြောခဲ့ဖူးတာရှိတယ်
"ဆရာရှောင်က စာတော် ပုံဆွဲကောင်း ရုပ်ချော စိတ်ထားလည်းနူးညံ့ ။ လုံးဝ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေမှာပဲ..ဆရာရှောင်ကိုသဘောကျလိုက်တာ"
အဲ့ဒိကတည်းက ရှောင်ကျန့်က ရိပေါ်လေးရဲ့ သဘောကျခံအဖြစ်
အကောင်းဆုံးနေပြဖို့ ဆုံးဖြတ်ထားပြီးပြီဆရာဆိုတာ တပည့်အတွက်စံပြကောင်းတစ်ယောက်ဖြစ်ရမယ်လေ
............................................................
ရှောင်ကျန့် ဆယ့်ရှစ်နှစ်ပြည့်မှာ မွေးနေ့ပွဲလေးလုပ်တယ်
သူငယ်ချင်းတွေကလည်းမနည်းမနောပဲလာကြတာ.. ရှောင်ကျန့်က ပေါင်းသင်းဆက်ဆံရေးမှာ နံပါတ်တစ်ပဲ