[Zawgyi]
"ရိပေါ် ဟိုမှာကြည့်ဦး"
ရိပေါ်ရဲ့ လက်မောင်းကိုဖမ်းဆုပ်ထားတဲ့ ကျန်းလီက ရယ်သံစွက်တဲ့စကားသံ နဲ့အတူ မေးငေါ့ပြတော့ အလိုက်သင့်ပဲရိပေါ်ကြည့်လိုက်မိတယ်
ရိပေါ်ရဲ့ မျက်ခုံးတွေကလုံးဝတွန့်ချိုးသွားတော့တာပဲရှောင်ကျန့်က ကောင်မလေးနှစ်ယောက်နဲ့ ပွဲကျနေတာ တစ်ခါတစ်ခါကောင်မလေးနှစ်ယောက်ရဲ့လက်က ရှောင်ကျန့် ပခုံးကိုသွားသွားရိုက်နေသေးတယ်
"အိုက်ရိုး ရှောင်ကျန့်တောင် စွံတော့မယ်ထင်တယ်"
ကျန်းလီက ရိပေါ်ရဲ့လက်ကိုဆွဲလှုပ်ရင်းပြောနေပေမယ့် ရိပေါ်ဆီက အသံတစ်ချက်တောင်ထွက်မလာဘူး
#######################
"ရှောင်ကျန့်ကရုပ်ချောသလိုအပြောလည်းကောင်းတာပဲ"
"ရှင်သာ ကျမ ချစ်သူဆိုဘယ်လောက်မိုက်မလဲ"
ရင်ဘတ်ကို လက်သွယ်သွယ်နဲ့လာရိုက်ရင်း ရှက်သွေးဖြာနေတဲ့ကောင်မလေးကိုကြည့်ရင်း ရှောင်ကျန့် ရင်မတုန်ပဲ ဇောချွေးတွေပြန်လာတယ်
ရည်းစားမလိုချင်သေးဘူး
မိန်းကလေးတွေနဲ့လည်း ဒီလိုအီစီကလီတွေမပြောတတ်ဘူးဒါပေမယ့် အခုသူရောက်နေတာက resort ရဲ့ private ကလပ်ထဲမှာ
ရိပေါ်နဲ့ကျန်းလီ ဘယ်ရောက်သွားလဲ ရှာမတွေ့သေးခင်ဒီကောင်မလေးနှစ်ယောက်နဲ့ ဒဲ့တိုးတွေ့တာပဲ
ရှောင်ကျန့်က ပုံမှန်ပြောနေပေမယ့် ဒီနှစ်ယောက်က ဘယ်လိုတွေ ချော်တော့ငေါ့ပြီးတွေးနေလို့ စကားပြောကောင်းတယ်တွေချီးကျူးနေလဲ ရှောင်ကျန့်မသိဘူးကောင်းမလေးတွေကသိပ်ရဲတယ်
အခုလည်း နှစ်ယောက်ထဲက တစ်ယောက်က ရှောင်ကျန့် လက်မောင်းကိုလာချိတ်တွဲနေပြီ
ရှောင်ကျမ့်မသိမသာ လက်ကိုရို့ထားပေမယ့် မအောင်မြင်ဘူး
သူမရိုင်းအောင်အတတ်နိုင်ဆုံးထိန်းပြီးငြင်းရမယ်"ဟိုလေ"
"ကျန့်ကော!!!!"
ရှောင်ကျန့် တစ်ကိုယ်လုံးတုန်တက်သွားတာပဲ
ဘယ်သူ့အသံကြီးလဲပြေးကြည့်စရာမလိုပေမယ့် ဝမ်ရိပေါ်ဆိုတဲ့ လူဆိုးကောင်က သူ့ကိုငယ်ငယ်ကတည်းက တစ်ခါမှ ကော ဆိုတဲ့အသုံးအနှုန်းမသုံးဖူး။ ငါနားကြားများမှားသလား?
ဒါပေမဲ့ ရှောင်ကျန့်အတွေးတောင်မဆုံးလိုက်ဘူး သူ့လက်ကိုဆောင့်ဆွဲပြီးခေါ်သွားတာ ဝမ်ရိပေါ်အစစ်။