"အစ်ကိုတော်...."
ယင်းချီက အကွယ်တစ်နေရာမှထွက်လာပြီး
ယွီရှင်းရှေ့သို့ လျှောက်လှမ်းလာလေသည်
"ဒီအချိန်ကြီးဘာကိစ္စလဲ မင်းမအိပ်သေးဘူးလား"
ယွီရှင်းအမေးကိုမဖြေပဲ ချင်းအာဘက်သို့ လှည့်ကြည့်ပြီး
"တစ်ညလုံးဒီတိုင်းဆက်ထားလို့မသင့်တော်ဘူး
ထင်ပါတယ် အစ်ကိုတော်..ဒီလိုလုပ်နေတာ အကြောင်းရှိတယ်ဆိုတာသိပေမယ့် ချင်းအာက
အရမ်းငယ်ပါသေးတယ် "
ပြောပြောဆိုဆိုနှင့် ယင်းချီက ခါးကိုကိုင်းညွတ်ပြီး
"အစ်ကိုတော် ကျွန်တော့်ကိုခွင့်လွှတ်ပါ"
ထို့နောက်ယင်းချီက ချင်းအာဆီသို့မနှေးမမြန်သော
အရှိန်ဖြင့်သွားလေသည်
စစချင်း ယွီရှင်းတစ်ယောက်အံ့သြသွားပေမယ့်
မျက်နှာအမူအရာကိုထိန်းကာခပ်တည်တည်
စိုက်ကြည့်နေလိုက်ပြီး
"ယင်းချီ မင်းအခုချက်ချင်းလုပ်နေတာကိုရပ်စမ်း!!!"
အသံကိုမြှင့်တင်ပြီးခပ်ကျယ်ကျယ်ပြောလိုက်သော်
ယင်းချီက ယွီရှင်းဘက်ကိုပြန်လှည့်လာပြီး
"သူ့မယ်တော်ကလုပ်ခဲ့တဲ့ပြသနာပါ ချင်းအာက
အပြစ်ကင်းပါတယ် သူနဲ့ဘာမှမဆိုင်ပါဘူး ချင်းအာက ကလေးတစ်ယောက်ပါ အစ်ကိုတော် စဉ်းစားတော်မူပါ"
ထိုသို့ပြောပြီး ချင်းအာရှေ့တွင်ဒူးထောက်ထိုချလိုက်ပြီး
နှင်းတွေကိုလက်နဲ့ဖယ်ရှားကာ ပွေ့ချီသွားတော့သည်
ယွီရှင်းကတော့ ဘာမှဆက်မပြောတော့ပဲ
နန်းဆောင်ဘက်သို့သာပြန်သွားတော့သည်
စိတ်ထဲမှာတော့မကျေနပ်ခြင်းမျိုးစုံက ကိန်းအောင်းလျက်ယွီရှင်းနဲ့ဝေးရာဘက်ရောက်လာတော့
ယင်းချီအရှိန်ကိုမြန်သထက်မြန်ကာ
ချင်းအာ၏ နန်းဆောင်ဘက်သို့ပြေးတော့သည်
ချင်းအာမှာ တစ်ကိုယ်လုံးတောင့်တင်းနေပြီး
အသားအရေမှာလဲဖြူလျော်နေလေသည်
နှုတ်ခမ်းပန်းရောင်လေးမှာ အပြာရောင်သမ်းနေပြီး
တဆတ်ဆတ်တုန်ခါနေတော့သည်ချင်းအာကို အိပ်ယာထက်၌ချပေးခဲ့ပြီး
"အရှေ့က တစ်ယောက်လောက် သမားတော်သွားခေါ်လာခဲ့
အခုချက်ချင်း!!"
ယင်းချီကအထက်စီးဆန်သောအသံမျိုးဖြင့်
စိတ်တိုကာအော်ပြောတော့သည်
ထို့နောက် အစေခံတစ်ဦးဝင်လာပြီး
"မင်းသား....အိမ်ရှေ့စံက သခင်လေးချင်းအာအတွက်
သမားတော်မခေါ်ပေးနဲ့လို့ပြောကြားခဲ့ပါတယ်"
ထိုစကားအဆုံး၌ ယင်းချီဒေါသထွက်သွားတော့သည်
သို့ပေမယ့်တတ်နိုင်သလောက်စိတ်ကိုထိန်းကာ
"အစေခံခေါင်းဆောင် လျိုဟန်ကိုခေါ်လာခဲ့"

YOU ARE READING
အရှင့်အလိုတော်ကျ(🔞🔞🔞)
عاطفيةမိခင်ရဲ့မှားယွင်းခဲ့မှုကြောင့် အနိုင်ကျင့်ခံဖြစ်နေရှာတဲ့မင်းသားချင်းအာ အင်အားကြီးမားလှသော မိစ္ဆာဘုရင်ဖေးလုံရဲ့ အသုံးတော်ခံမိဖုရားအဖြစ်ရွေးချယ်ခံရသည့်အခါ ရုပ်ရည်ရူပကာချောမောကာ နတ်စစ်သည်တော်အလားထင်မှတ်ရအောင်ကြံ့ခိုင်သော အိမ်ရှေ့စံ ယွီရှင်း ချင်းအာကိုနှိ...