လျိုဟန်တော့ တစ်ခုခုဝင်ပြောမှဖြစ်တော့မည်
"မင်းသား စိုးရွံ့မိပါတယ် သခင်လေး ချင်းအာက ကျန်းမာရေး
အလုံးအစုံမကောင်းသေးတာမို့လို့ အခန်းအပြင်ကမထွက်ဖို့
မင်းသားယင်းချီကမှာကြားခဲ့ပါတယ်"
"ယင်းချီကိုယ်တိုင်က လာဖို့ပြောနေတာလေ ဘယ်လိုလုပ်အခန်းထဲနေခိုင်းခဲ့တာဖြစ်မလဲ"
ခပ်တည်တည်ပုံစံနှင့်အေးစက်စက်လေသံက
လျိုဟန်ကိုပင်တုန်သွားစေသည်
"မင်းလိုအစေခံကများ ညီအစ်ကိုတွေကြားကကိစ္စကိုဝင်ပြောဖို့လိုတယ်များထင်နေလား"
လျိုဟန်ဒီတစ်ခါတော့ ဘာမှဝင်မပြောတော့ချေ
"ချင်းအာရဲ့အဝတ်အစားတွေကို ငါ့နန်းဆောင်ထဲလာပို့ထား
သူ့အသုံးအဆောင်တွေရော ဆေးတွေရောပဲ"
လျိုဟန်ဆွံ့အသွားသည် ချင်းအာလဲအလားတူပင်
ကြောင်အမ်းအမ်းဖြစ်သွားတော့သည်
"ကိုယ့်ညီတစ်ယောက်လုံး ဒီလောက်ဆိုးတဲ့ဒဏ်ရာမျိုးရလာတာ အစ်ကိုတစ်ယောက်အနေနဲ့ ဘယ်လိုလုပ်နေနိုင်မှာလဲ"
ထိုသို့ပြောပြီး ချင်းအာ၏ ပုခုံးကိုဖက်ကာ ဆွဲခေါ်သွားတော့သည်ချင်းအာကကြောင်တောင်တောင်ဖြင့် ပါသွားလေပြီ
သူ့အရပ်ထက် ရင်တစ်ဝက်စာလောက်ပိုမြင့်သော
ယွီရှင်းကိုမော့့ကြည့်နေမိသည်
"မင်းမျက်လုံးစိမ်းတွေနဲ့မကြည့်စမ်းနဲ့"
ယွီရှင်းကပြောတော့မှ အကြည့်ကိုလွှဲကာ
ခေါ်ဆောင်သွားရာနောက်လိုက်သွားတော့သည်
ဘာကြောင့်မှန်းမသိ ယွီရှင်းအားတွေ့လျှင် ချင်းအာ
ရင်ထဲအောင့်အောင့်တက်လာသည်ယွီရှင်းက ချင်းအာကိုဤသို့ခေါ်သည်က
တစ်ခြားမဟုတ် ထိုနေ့ကကိစ္စမှာ ယွီရှင်းဘက်က
လွန်တာကိုသိတာကြောင့် အားနာစိတ်ကြောင့်ရယ်
ယင်းချီရဲ့တောင်းဆိုချက်ကြောင့်ရယ်ပင်
ယင်းချီက သူ့စကားအတိုင်း မိန်ဆုနဲ့လက်ထပ်ဖို့လုပ်နေမှတော့
သူလဲချင်းအာကိုစောင့်ရှောက်ရပေမည်
ချင်းအာ၁၉နှစ်မပြည့်ခင်အချိန်အတွင်း
အနည်းငယ်ပညာပြဖို့လဲရှိသေးသောကြောင့်.....
သို့ပေမယ့် အရင်ကလောက်တော့မရက်စက်ဖို့
တွေးထားလေသည်ချင်းအာ ထိုနန်းတောင်အတွင်းသို့ဝင်လိုက်သည်နှင့်
မျက်စိပင်ကျိန်းသွားလေသည်
နန်းတော်ကြီးမှာ တစ်ခုလုံး ရွှေဖြင့်ဆောက်ထားသလားထင်ရအောက်
လက်လက်တောက်လျှက်
အတွင်းရှိအသုံးအဆောင်များမှာလည်း
ရွှေအတိပြီးသောအသုံးအဆောင်များ
ယွီရှင်းကအိပ်ယာဘက်သို့လျှောက်သွားသဖြင့်
ချင်းအာကလဲအနောက်ကလိုက်သွားလေသည်
အိပ်ခန်းကအတွင်းဘက်မှာဖြစ်ပြီး
ပုလဲလုံးသီထားသာ အမျှင်အတန်းလေးများဖြင့်
အိပ်ယာအမိုးပေါ်တွင်တွဲလောင်းချိတ်ဆွဲထားသည်
အိပ်ယာကြီးမှာလဲ လူရှစ်ယောက်စာလောက်အေးအေးဆေးဆေးလှိမ့်ပြီး
အိပ်လို့ရလေသည်
ရွှေဝါရောင်ကတ္တီပါသားဖြင့်ခင်းထားပြီး သိုးမွှေးစောင်ကြီးကိုလဲ အိပ်ယာပေါ်တွင်တင်ထားသည်
"ဒီနေ့က စပြီးမင်းငါနဲ့အတူတူနေရမယ် ချင်းအာ"
အေးစက်စက်လေသံဖြင့်သာပြောပြန်လေပြီ
ချင်းအာကဘာမှပြန်မပြောသေးပဲ
အခန်းအတွင်းသို့ကြည့်လိုက်သည်
ကုတင်ခြေရင်း၌ မီးလင်းဖိုတစ်ခုရှိပြီး
ထိုရှေ့တွင် နေရာလွတ်အကျယ်ကြီးတစ်ခုရှိလေသည်
"မင်းသား ချင်းအာ မီးလင်းဖိုရှေ့မှာပဲအိပ်ချင်ပါတယ်"
ယွီရှင်းကချင်းအာဘက်ကိုလှည့်ကြည့်လာပြီး
"ဘာလို့အဲ့ဒီမှာ အိပ်ရမှာလဲ....ငါ့ဘေးမှာလဲအိပ်လို့ရတယ်
အိပ်ယာကဒီလောက်ကျယ်တာပဲ"
"မဟုတ်ဘူး မီးလင်းဖိုရှေ့မှာနေရင် အစ်ကိုယင်းချီရှိတယ်လို့ခံစားရစေလို့ ဟီး"
ဖြူဖြူစင်စင်အပြုံးလေးက ဘာကိုမှမခံစားခဲ့ရသည့်
ကလေးတစ်ယောက်ပမာ
"မင်း ယင်းချီကိုတောင်မြင်ဖူးလို့လား"
"ဟင့်အင်း....အရင်ကတော့မြင်ဖူးခဲ့မှာပေါ့ အခုတော့မမှတ်မိတော့ဘူး အစ်ကိုယင်းချီကချောလားဟင်"
မျက်ဝန်းစိမ်းလေးကာလက်လက်တောက်ကာ
ယွီရှင်းဘေးသို့ကပ်သွားပြီးမေးလိုက်သည်
"ငါပြောမယ် ယင်းချီတစ်ယောက်ထဲမင်းအစ်ကိုမဟုတ်ဘူး
ငါဆိုတဲ့အိမ်ရှေ့စံယွီရှင်းကလဲ မင်းအစ်ကိုပဲ ဘာလို့ယင်းချီကိုမှဒီလောက်တမ်းတမ်းစွဲနေရတာလဲ"
"အိမ်ရှေ့စံက ကျွန်တော့အစ်ကိုလား????"
နားမလည်သောမျက်လုံးလေးများဖြင့်ကြည့်ပြီး
မေးပြန်သည်
ယွီရှင်း ဝန်ခံပါဆိုလျှင် ချင်းအာရဲ့ထိုမျက်လုံးစိမ်းစိမ်းလေးများကို
ရင်ခုန်မိတာအမှန်
"မင်းဒဏ်ရာတွေလဲပျောက်သေးတာမဟုတ်ဘူး သွားနားစမ်းပါ"

YOU ARE READING
အရှင့်အလိုတော်ကျ(🔞🔞🔞)
Romanceမိခင်ရဲ့မှားယွင်းခဲ့မှုကြောင့် အနိုင်ကျင့်ခံဖြစ်နေရှာတဲ့မင်းသားချင်းအာ အင်အားကြီးမားလှသော မိစ္ဆာဘုရင်ဖေးလုံရဲ့ အသုံးတော်ခံမိဖုရားအဖြစ်ရွေးချယ်ခံရသည့်အခါ ရုပ်ရည်ရူပကာချောမောကာ နတ်စစ်သည်တော်အလားထင်မှတ်ရအောင်ကြံ့ခိုင်သော အိမ်ရှေ့စံ ယွီရှင်း ချင်းအာကိုနှိ...