မိန်းမစိုး၏လျှောက်တင်ချက်အပြီးတွင်
ဘုရင်မင်းမြတ်က ထိုမိန်းကလေးကိုကြည့်လိုက်သည်
ရှည်လျားသော ဆံပင်အညိုရောင်နှင့် အစိမ်းရောင်ကြည်ကြည်တောက်တောက်
မျက်လုံးတို့ရှိလေသည်
"ခမည်းတော် သားတော် ဒီမိန်းကလေးကို သဘောကျတယ် ခမည်းတော်"
"အိမ်ရှေ့စံ ယွီရှင်း!!!"
ဒေါသတကြီးဖြင့်ခေါ်လိုက်သော ဖခင်၏အသံ
အိမ်ရှေ့စံယွီရှင်းဆိုသူက မင်းသားငါးပါးအနက်
အကြီးဆုံးမင်းသားဖြစ်၍ လက်ရှိတိုင်းပြည်ရဲ့အိမ်ရှေ့စံမင်းသားဖြစ်သူ
စစ်သည်တော်တစ်ဦးအသွင်ကသို့ကြုံခိုင်သန်စွမ်းကာ
ခန့်ညားသောအသွင်အပြင်ရှိလေသည်
အိမ်ရှေ့စံဆိုကတည်းက ဘုရင်ရဲ့ အရိုက်ရာဆက်ခံမယ့်သူ
တိုင်းပြည်ရဲ့ ရင်သည်းနှစ်ခြာလေးပေါ့
ယွီရှင်းသည် ချင်အာကို နှိပ်စက်ရတာအလွန်သဘောကျလေသည်
"ယွီရှင်း ဒီကမိန်းကလေးတွေက ဖေးလုံအတွက်ပဲ
မင်းလိုချင်တယ်ဆိုရင်အချိန်မရွေး ငါကိုယ်တော်မြတ်ရှာပေးနိုင်တယ်"
စကားသံအဆုံးတွင် ယွီရှင်း ငြိမ်ကျသွားလေသည်
နားလည်သောပုံစံပြကာ
"သားတော် နားလည်ပါပြီ"
"ဒီမိန်းကလေးကို သန့်စင်ပေးပြီး ပြင်ဆင်ပေးထားလိုက်
ဒီည မိစ္ဆာတံခါးပေါက်ပွင့်တာနဲ့ သူ့ကို ပို့ဆောင်ဖို့အသင့်ပြင်တော့"
ချင်းအာ တုန်လှုပ်သွားလေသည် ချင်းအာဒီလိုမျှော်လင့်ခဲ့တာမဟုတ်
မိန်းကလေးတွေကိုကြည့်ချင်ရုံသာလာခဲ့သော်လည်း
သူကိုယ်တိုင်ကမိန်းကလေး ဖြစ်သွားမည်ဟုမထင်မိ
"အရှင်မင်းကြီး ကျွန်တော်မျိုးမလျှောက်တင်ပါရစေ!!"
အသံမှာတုန်လှုပ်ခြင်းတို့ရောနှက်နေလေသည်
"ကောင်းပြီ မင်းဘာလျှောက်တင်မှာလဲ"
ချင်းအာ ဘေးဘီဝဲယာကိုတစ်ချက်ဝေ့ကြည့်လိုက်သည်
ထို့နောက် ဘုရင်ကနားလည်သည့်ပုံစံဖြင့်
"ယွီရှင်း မင်းဒီခန်းမက ထွက်တော့ ကျန်တဲ့လူတွေ ရဲမက်တွေ ကျန်တဲ့မိန်းကလေးတွေကိုခေါ်ဆောင်ပြီး
သူတို့နေရာကိုသာပြန်ပြီးပို့ဆောင်လိုက်တော့"
ခန်းမထဲတွင် ဘုရင်မင်းမြတ်နှင့် ချင်းအာသာကျန်ခဲ့လေတော့သည်
"ကျန်းချင်းအာ မင်းဘာပြောချင်တာလဲ"
နာမည်ကိုပါအပြည့်အစုံခေါ်လိုက်သောကြောင့်
ချင်းအာပိုမိုကြောက်လန့်သွားလေတော့သည်
"ခမည်းတော် သားတော် ချင်းအာပါ"
တုန်တုန်ရီရီဖြင့်ပြောနေသောချင်းအာကိုကြည့်ကာ
"မင်းမှန်းငါသိတယ် မင်းအမေအတိုင်းပဲ မင်းမျက်နှာက အစနောက်ဆုံးအဲ့မျက်လုံးတွေ... ရှောင်ချင်းအာ မင်းဘာတွေကြံစည်နေတာလဲ"
ချင်းအာ ချက်ချင်းပင် ဒူးထောက်ချကာ ကြမ်းပြင်နှင့်နဖူးနှင့်ထိပြီး ငိုယိုတောင်းပန်တော့သည်
"ခမည်းတော် သားတော်မှားပါတယ် အပြင်ထွက်ဖို့ကြိုးစားမိပါတယ် တောင်းပန်ပါတယ် ခမည်းတော်!!!!"
"အဲ့ဒါနဲ့ပဲ မင်းက အပြင်ထွက်ချင်လို့ ဖေးလုံစီသွားမယ်ပေါ့
စိတ်ဓာတ်က မင်းအမေလိုပဲ ကြံချင်ရာတွေကြံနေတာပဲ"
"မှားမှန်းသိပါပြီ ခမည်းတော်.....ကျွန်တော်အခုနန်းဆောင်ကို
ပြန်ပါတော့မယ်"
"မင်းကို ဖေးလုံစီသွားဖို့ငါကိုယ်တော်ရွေးပြီးပြီ မင်းကထွက်ပြေးချင်တာလား ဟမ်?!!!"
ကြားလိုက်ရသည့်စကားကြောင့် ချင်းအာ
နွေခေါင်ခေါင်မိုးကြိုးပစ်ချခံရမတတ်
"ခမည်းတော်..... ဒါပေမယ့်...သားတော်က"
"ဘာသံမှမကြားချင်ဘူး မင်းလိုအမှိုက်ကောင်က ဖေးလုံစီသွားပြီး သေသွားရင်လဲကောင်းတာပဲ "
သွေးအေးအေးနဲ့ရက်ရက်စက်စက်ပြောနေသောစကားများက
နာကျင်လှလေသည်.....သားတစ်ယောက်လို့တောင်မသတ်မှတ်တော့သည့်အဆင့်
"ရဲမက်တွေ...သူ့ကိုခေါ်သွား သေချာပြင်ဆင်ပေးထား
ဒီညကိစ္စကိုအတိမ်းစောင်းခံလို့မဖြစ်ဘူး"
ချင်းအာ ပြောစရာစကားမရှိတော့ ရဲမက်များ၏ကြမ်းတမ်းစွာဆွဲခေါ်ခြင်းကိုသာအသာတကြည်လက်ခံရင်း မျက်ရည်များစီးကျကာလိုက်ပါသွားတော့သည်
YOU ARE READING
အရှင့်အလိုတော်ကျ(🔞🔞🔞)
Storie d'amoreမိခင်ရဲ့မှားယွင်းခဲ့မှုကြောင့် အနိုင်ကျင့်ခံဖြစ်နေရှာတဲ့မင်းသားချင်းအာ အင်အားကြီးမားလှသော မိစ္ဆာဘုရင်ဖေးလုံရဲ့ အသုံးတော်ခံမိဖုရားအဖြစ်ရွေးချယ်ခံရသည့်အခါ ရုပ်ရည်ရူပကာချောမောကာ နတ်စစ်သည်တော်အလားထင်မှတ်ရအောင်ကြံ့ခိုင်သော အိမ်ရှေ့စံ ယွီရှင်း ချင်းအာကိုနှိ...
