တစ်နေ့ခင်းလုံးရေဆော့နေတာကိုမတားမိတဲ့
ကိုယ့်ကိုကိုယ်သာအပြစ်တင်မိလေသည်
ကိုယ်တွေကျစ်ကျစ်တောက်ပူနေကာ
မျက်နှာလေးမှာလဲရဲတောက်လျက်.....
တခြားအစေခံတွေကို ခေါ်လို့ရပေမယ့်
ချစ်ရသူရဲ့ ခန္ဓာကိုယ်ကိုမည်သူထိတာမလိုလားတော့ချေ
ချင်းအာအိပ်နေကျ မီးလင်းဖိုရှေ့မထားပဲ
သူ့အိပ်ယာပေါ်တွင်သာ အသာအယာချပေးလိုက်သည်
အရင်ကနာကျင်အောင်လုပ်ခဲ့မိသမျှ အခုမှမျက်နှာလေးကို
တစိမ့်စိမ့်ကြည့်ကာ နောင်တရခြင်းတွေတပွေ့တပိုက်
ဒီကလေးအတိတ်သာမေ့မသွားခဲ့ပါက အခုလောက်ဆိုဝေးနေရလောက်ချေပြီ.....
ထိတွေ့ပွေ့ဖက်ပေးချင်ပေမယ့် မိစ္ဆာဘုရင်ကြီး
ဖေးလုံ ကောင်လေးတစ်ယောက်ကို ချစ်မိနေပါတယ်ဆိုပြီး
သတင်းကလဲမပြန့်ချင်...(ပြောလိုက်ပါပြီ အဟဲ)
အခုချက်ချင်း ခေါ်သွားပြီး တစ်သက်လုံးအနားမှာထားချင်ပေမယ့်
သူ့မောင်းမဆောင်ကအမိ ၇၀၀ကျော်ရဲ့
ယုတ်မာမှုကိုလဲမခံစားစေချင်ဖေးလုံ(လက်ရှိယွီရှင်း)၏ မိစ္ဆာတိုင်းပြည်က မောင်းမဆောင်ကြီးတွင်ကိုယ်လုပ်တော်၇၀၀ရှိသည့်အနက်
ငါးရာကျော်မှာ လူ့ပြည့်ကဆက်သကြသော
လူသားမိန်းကလေးများဖြစ်ကြပြီး ကျန်နှစ်ရာကျော်မှာ
ဖေးလုံးသဘောကျ၍ တော်ကောက်ထားသော
မိစ္ဆာမိဖုရားများ,ကိုယ်လုပ်တော်များဖြစ်ကြသည်
ဖေးလုံကတစ်ညသာ သူတို့နဲ့ပျော်မွေ့လေ့ရှိပြီး
ကျန်တဲ့အချိန်တွင်ရှိသည်လို့တောင်မထင်ပေ
တစ်ခါတစ်လေ မိဖုရားအချင်းချင်း ရန်လိုနေမှုများ
ချောက်တွန်းမှုများလဲရှိနေသေးသည်
မိဖုရားအချင်းချင်းတောင်ဒီလိုဖြစ်နေကြလျှင်
ချင်းအာလိုကောင်လေးသာဆို အနိုင်ကျင့်ကြမှာဧကန်မလွဲ...
ထိုအရာများကိုငြီးငွေ့လွန်း၍ ဖေးလုံမှာ ယွီရှင်းဆိုသော
မင်းသားအဖြစ်ဖြင့် လူ့ပြည်သို့လာရောက်ကာ
ပျော်မွေ့နေတော့သည်"ဟေ့....ချင်းအာ ထစမ်း"
မနူးညံ့ချင်တာမို့ ပါးကိုပုတ်ပြီးနှိုးလိုက်ပေမယ့်
ဖြူဖြူစင်စင်အိပ်ပျော်နေသော
ထိုကလေး၏မျက်နှာလေးကြောင့်
သနားမိသွားပြန်သလိုပို၍ချစ်မိသွားရပြန်သည်
သိုးမွှေးစောင်ကြီးအား လည်ပင်းထိခြုံပေးပြီး
ချင်းအာဘေး၌ ထိုင်ကာ တစိမ့်စိမ့်ထိုမျက်နှာလေးအား
ကြည့်မဝရှုမဝတွေဖြစ်နေတော့သည်
(ဟဲ့အကောင်....နင်ပဲနှိပ်စက်ပြီး)

YOU ARE READING
အရှင့်အလိုတော်ကျ(🔞🔞🔞)
عاطفيةမိခင်ရဲ့မှားယွင်းခဲ့မှုကြောင့် အနိုင်ကျင့်ခံဖြစ်နေရှာတဲ့မင်းသားချင်းအာ အင်အားကြီးမားလှသော မိစ္ဆာဘုရင်ဖေးလုံရဲ့ အသုံးတော်ခံမိဖုရားအဖြစ်ရွေးချယ်ခံရသည့်အခါ ရုပ်ရည်ရူပကာချောမောကာ နတ်စစ်သည်တော်အလားထင်မှတ်ရအောင်ကြံ့ခိုင်သော အိမ်ရှေ့စံ ယွီရှင်း ချင်းအာကိုနှိ...