Part-11

28.3K 1.4K 100
                                    

"သခင်လေး ဒီလောက်ပဲခူးပြီးတော်ရအောင်ပါ
ဒီကန်က အိမ်ရှေ့စံယွီရှင်းပိုင်တာပါ
ကြာပန်းတွေအများကြီးကုန်သွားရင်
မင်းသားက အမျက်တော်ရှပါလိမ့်မယ်"
လျိုဟန်ကဝင်တားရသေးသည်
မဟုတ်လျှင်ယွီရှင်းရဲ့စိတ်ကို
လျိုဟန်ကောင်းကောင်းသိလေသည်
ဒီတော့ချင်းအာကမျက်နှာငယ်လေးနှင့်
"အဲ့တာဆိုလဲပြီးတာပါပဲ...သွားရအောင်လျိုဟန်"
"ဒီလောက်တောင်ခူးပြီးနေပြီပဲ ဆက်ခူးလိုက်တော့"
သြဇာအပြည့်ပါသောအသံနှင့်အတူ
ယွီရှင်းကလက်ကိုနောက်ပစ်ကာ
ကြာပန်းဥယျာဉ်အတွင်းသို့ဝင်လာလေသည်
လျိုဟန်တစ်ယောက် ကြာပန်းများကိုပိုက်လျက်ပင်
အရိုအသေပြုလိုက်သည် ချင်းအာကိုကြည့်လိုက်တော့
ချင်းအာက ပျော်ရွှင်သွားသည့်ပုံ
"တကယ်ပြောတာလား အစ်ကိုတော်"
"အင်း....."
ချင်းအာပျော်ရွှင်သွားပြီး ကြာပန်းများအားလိုက်ကြည့်ကာ
လှပသောအပွင့်များအားရွေးချယ်ပြီးဆွတ်ခူးနေလိုက်သည်
လျိုဟန်ကတော့ ယွီရှင်းဤသို့
တုံ့ပြန်မည်ဟုမထင်ထားသဖြင့်
အံ့သြကာငေးကြည့်နေမိသည်
"လျိုဟန် ဒီနားကိုလာ..ဒီမှာအပွင့်အကြီးကြီးပဲ"
လျိုဟန်လဲအပြေးအလွှား ချင်းအာဘေးသို့ပြေးသွားပြီး
ချင်းအာနှင့်တူတူကြာပန်းများဆက်ခူးနေလိုက်သည်
"စုတ်တံနဲ့စာရွက်တွေသွားယူလာခဲ့".အနောက်ကပါလာသော
အစေခံအား ယွီရှင်းအမိန့်ပေးလိုက်လေသည်
ထို့နောက် ဥယျာဉ်ထဲက ယွီရှင်းပန်းချီဆွဲရာနေရာသို့
သွားထိုင်လိုက်သည်...

စုတ်တံကိုကိုင်လိုက်ပြီး စာရွက်ပေါ်တွင်
ကလေးတစ်ယောက်ရဲ့မျက်နှာချိုချိုလေးအား
ဆေးစက်ချကာရေးဆွဲနေလိုက်သည်
ထိုကလေး၏မျက်နှာမှာ
နွေးထွေးသောအပြုံးချိုချိုလေးဆင်မြန်းထားပြီး
လက်ထဲတွင်ကြာပန်းတစ်ပွေ့တစ်ပိုက်ဖြင့်
ပျော်ရွှင်နေလေသည်
ကျောက်စိမ်းရောင် အင်္ကျီလေးကထိုကလေးရဲ့
လှပမှုကိုပိုမိုပေါ်လွင်အောင်ထောက်ပံ့ပေးနေသည်
ယွီရှင်းတစ်ယောက်ဥယျာဉ်ထဲလာပြီး
ချင်းအာရဲ့ပုံကိုကြည့်ဆွဲနေခြင်း
တစ်သက်နဲ့တစ်ကိုယ်ဒီလိုအနုစိတ်ကျစွာ
နူးညံ့စွာ မလုပ်ခဲ့ဖူးပေ
အမြဲတမ်းစစ်မြေပြင်မှာသာ အချိန်ကုန်ခဲ့ရပြီး
အနှစ်တစ်သောင်းတိတိ
မှောင်မိုက်နေသော နန်းတော်ထဲမှာပဲ
အခန့်သားနေနဲ့ခဲ့တဲ့သူ့အဖို့တော့
ပန်းချီဆွဲတယ်ဆိုတာ အထူးအဆန်းပင်
(အနှစ်တစ်သောင်း မှောင်မိုက်နေသော
နန်းတော်ထဲမှာတဲ့ ဘာကိုဆိုလိုလဲသိလား
မနေ့ကပြောခဲ့တာလေး)

အရှင့်အလိုတော်ကျ(🔞🔞🔞)Where stories live. Discover now