"အောက်ကိုချပေးပါ ချင်းအာဘာသာပဲ လမ်းလျှောက်သွားပါ့မယ်"
ထိုကလေးကဘာကိုမှအရိပ်အကဲနားမလည်ပေ
"ချပေးရင်လဲ မင်းကငါခေါ်တဲ့ဆီကိုလာမှာမဟုတ်ပဲ"
ရွှေရောင်တောက်နေသော အိပ်ယာခင်းပေါ်သို့
ဖြည်းညင်းစွာချပေးလိုက်ပြီး ယွီရှင်း
တစ်ခဏလောက် ချင်းအာရဲ့အလှတင်မှင်သက်သွားမိသည်
နေ့ခင်းက ကျောက်စိမ်းရောင် အင်္ကျီလေးက
အခုထိမလဲရသေး
အပေါ် အင်္ကျီကအနည်းငယ်ပြေလျော့ကျနေပြီး
လည်တိုင်ဖြူဖြူလေးအားရှင်းနေအောင်မြင်ရသည်
အရင်က အမှတ်အသားတွေပျောက်ပြီး
လုံးဝကိုဖွေးဆွတ်နေတော့သည်
အမှန်တိုင်းပြောရလျှင် ချင်းအာရဲ့အလှကို
ယွီရှင်းကလွဲ၍ တစ်ခြားမည်သူမဆို
ခန့်မှန်းဖို့ခက်ပေလိမ့်မည်
ချင်းအာသည် ယောက်ကျားလေးတစ်ယောက်ဖြစ်
သော်ညားလည်း သူ့လှပုံက သာမာန်လူသားယောက်ကျားလေး
လှပုံနှင့်လုံးဝမတူ ဘာကြောင့်လဲဆိုတာတော့
ယွီရှင်းသာသိလိမ့်မည်.....
(ဒါလေးကို မှတ်ထားပါ ဘာလို့လဲဆိုတာပေါ်လာလိမ့်မယ်🙄)
"အစ်ကိုတော် ချင်းအာက မီးလင်းဖိုရှေ့မှာပဲအိပ်တာလေ"
ယွီရှင်းကအပြောကိုဂရုမစိုက် အိပ်ယာပေါ်ထိုင်နေတဲ့
ချင်းအာရဲ့ပုခုံးနှစ်ဖက်ကိုဆုပ်ကိုင်လိုက်ပြီး
မျက်နှာချင်းထိတော့မယ့် အနေအထားအထိ ဆွဲယူလိုက်သည်
"ခုနကအဆက်လေး ဆက်ပါဦးလား မင်းကိုယ့်ကိုနမ်းလို့မပြီးသေးဘူးလေ"
အရှက်ပင်မပြေတစ်ပြေဖြစ်နေသေးသော
ချင်းအာမှာပို၍ရှက်လာပြီး
မျက်နှာကိုအနည်းငယ်အနောက်သို့ဖယ်ခွာလိုက်သည်
ယွီရှင်းထိုအပြုအမူကိုကြည့်ပြီး မျက်မှောင်ကျုံ့ကာ
မကျေနပ်သဘောမကျဟန်ပြလိုက်သည်
ချင်းအာ ယွီရှင်းရဲ့လက်တွေစီကရုန်းထွက်ပြီး
ခုတင်ရဲ့တစ်ဖက်စွန်းအထိ ဆုတ်သွားလိုက်သည်
ယွီရှင်းတော့အမှန်တကယ်ကို စိတ်အလိုမကျဖြစ်နေလေပြီ
သူနဲ့နဲနဲဝေးဝေးရောက်သွားသော ချင်းအာရဲ့ခြေထောက်တစ်ဖက်ကို
ဆွဲယူပြီး သူနဲ့ပြန်ကပ်စေလိုက်သည်
ယခုအနေအထားက ယွီရှင်းရဲ့ခါးကို
ချင်းအာရဲ့ခြေထောက်က တွယ်ချိတ်ထားသည့်ပုံစံ
YOU ARE READING
အရှင့်အလိုတော်ကျ(🔞🔞🔞)
Romanceမိခင်ရဲ့မှားယွင်းခဲ့မှုကြောင့် အနိုင်ကျင့်ခံဖြစ်နေရှာတဲ့မင်းသားချင်းအာ အင်အားကြီးမားလှသော မိစ္ဆာဘုရင်ဖေးလုံရဲ့ အသုံးတော်ခံမိဖုရားအဖြစ်ရွေးချယ်ခံရသည့်အခါ ရုပ်ရည်ရူပကာချောမောကာ နတ်စစ်သည်တော်အလားထင်မှတ်ရအောင်ကြံ့ခိုင်သော အိမ်ရှေ့စံ ယွီရှင်း ချင်းအာကိုနှိ...
