ပြေးဖက်လိုက်သော လန်ယမ်ကြောင့်
အစေခံအားလုံးနှင့်အမတ်လင်းကိုယ်တိုင်ပင်
အံ့သြသွားကြတော့သည်"လန်ယမ်ဆိုတဲ့ဒီကောင်လေးကို ငါကိုယ်တော်ရဲ့ညီတော်
ဖန်ရှန်းအတွက် လာသိမ်းတာ"သြဇာအာဏာရှိလွန်းလှသော ယွီရှင်း၏စကားကို
မည်သူကမှမလွန်ဆန်နိုင်သည်ကိုသိသောကြောင့်
ဖန်ရှန်းကမရမကခေါ်လာခြင်းဖြစ်သည်ထင်သည့်အတိုင်းပင် အမတ်လင်းကဘာမှပြန်မပြော
ကြည်ကြည်ဖြူဖြူသာယူသွားပါဟုပြောလိုက်လေသည်ဖန်ရှန်းအနေနဲ့လန်ယမ်ကိုတောင်းတာ
ဒီလောက်ထိလွယ်မည်ဟုသူ့မှာထင်မထားခဲ့
အနည်းဆုံးအိမ်ထဲသို့ဝင်ကာ စကားစမြည်တော့
ပြောဖြစ်ကြဦးမည်ဟုထင်သည်သို့သော်အိမ်အဝမှာတင်တိကနဲပြောချတာတောင်
တစ်ဖက်လူမငြင်းနိုင်လောက်သည်အထိ
သြဇာကြီးမားလှသော အစ်ကိုကိုလဲအားကျမိသည်လန်ယမ်မှာမထင်မှတ်ထားသည့်အဖြေကြောင့်
ထခုန်မတတ်ပျော်ရွှင်သွားမိသည်
သတင်းကောင်းဆိုသည်က ပြောပြဖို့
ချင်းအာကိုသတိရသွားလေသည်"ချင်းယွမ်.....!!"
ဝမ်းသာတစ်ကြီးလှမ်းခေါ်လိုက်သော
လန်ယမ်၏ အသံသည်လုံးဝပင် အိနြေ္ဒမဆယ်နိုင်တော့....ရပ်နေသည့်နေရာကနေထွက်ပြေးရတော့မလိုလို
သွားပြီးပဲ သာကြောင်းမာကြောင်းပြောပြီးနှုတ်ဆက်ရမလိုလိုနှင့်
ချင်းအာမှာတွေဝေနေလေသည်ယွီရှင်း၏အကြည့်တို့က သူ့ကိုလုံးဝမကြည့်
တစ်ဖက်ကိုသာလွှဲထားလေသည်မကြည့်သေးတာကြောင့် သူဘယ်သူလဲဆိုတာလဲ
ယွီရှင်းသိမှာမဟုတ်ဟု ထင်မိသည်ထိုကြောင့် အင်္ကျီစကိုကိုင်လိုက်ပြီး အိမ်ထဲသို့ပြန်ပြေးတော့သည်...
ပြန်တွေ့ပါက သူ့ကိုပြန်ခေါ်မည်
မခေါ်မည်ဆိုတာက မသေချာသော်လည်း
မျက်နှာချင်းမဆိုင်ချင်တာကတော့သေချာနေသည်ကြီးမားသောအိမ်တော်တစ်လျှောက် ပြေးလာခဲ့ပြီး
မိမိအခန်းသို့ဝင်လိုက်ပြီး တံခါးကိုဝုန်းကနဲဆောင့်ပိတ်လိုက်လေသည်

YOU ARE READING
အရှင့်အလိုတော်ကျ(🔞🔞🔞)
Romanceမိခင်ရဲ့မှားယွင်းခဲ့မှုကြောင့် အနိုင်ကျင့်ခံဖြစ်နေရှာတဲ့မင်းသားချင်းအာ အင်အားကြီးမားလှသော မိစ္ဆာဘုရင်ဖေးလုံရဲ့ အသုံးတော်ခံမိဖုရားအဖြစ်ရွေးချယ်ခံရသည့်အခါ ရုပ်ရည်ရူပကာချောမောကာ နတ်စစ်သည်တော်အလားထင်မှတ်ရအောင်ကြံ့ခိုင်သော အိမ်ရှေ့စံ ယွီရှင်း ချင်းအာကိုနှိ...