Part 13

28.5K 1.5K 91
                                    

"ချင်းအာ ထွက်ပြေးဖို့ကြိုးစားတယ်ပေါ့"
အပေါက်ဝသို့ရောက်နေပြီဖြစ်သော
ချင်းအာကိုယွီရှင်းကလှမ်းပြောလိုက်သည်
ချင်းအာထိုအသံကိုကြားပြီးနောက် ခေါင်းထဲ၌
တဆစ်ဆစ်ဖြစ်လာလေသည်
တစ်ခုခုကိုသတိရသွားမိသလိုလို....

သူမသိလိုက်ခင်မှာပင် ယွီရှင်းကသူ့နောက်သို့
ရောက်နေလေပြီ.....
ချင်းအာရဲ့ကျောဘက်က ယွီရှင်းရဲ့ရင်ဘက်နဲ့ထိကပ်လျက်
ကိုယ်တိုင်ကပါရင်တွေခုန်လာပြီး တစ်ကိုယ်လုံးမီးမြှိုက်သလို
ပူလောင်ကာနားရွက်ဖျားတွေအထိနီရဲနေလေပြီ
ထိုစဉ်အနောက်မှယွီရှင်းက ချင်းအာရဲ့ နားရွက်နားကိုကပ်လာပြီး ဆွဲဆောင်မှုပြည့်ဝလွန်းသော
အသံဖြင့်"ဘာလို့ထွက်ပြေးတာလဲလို့"

ချင်းအာရင်တွေပေါက်ထွက်မတတ်ခုန်နေလေပြီ
ရင်ဘတ်ကိုလက်နဲ့ဖိထားရင်းထိုနေရာ၌သာ
ရပ်ပြီး လန့်နေမိသည်
"ချင်းအာ...ရေ...ရေဆာလာလို့"
တောင်စဉ်ရေမရ လိမ်ပြောမိလိုက်လေပြီ
"ရေက ကိုယ့်အခန်းက ရေကရားထဲမှာရှိသားပဲ
ဘာလို့အပြင်ကိုထွက်တာလဲ"
ရုတ်တရက် ယွီရှင်းက ချင်းအာရဲ့လက်ကိုဆွဲကိုင်ပြီး
အခန်းအတွင်းသို့ညင်ညင်သာသာပြန်ခေါ်သွားလိုက်သည်
ချင်းအာလဲမရုန်းမိပဲပြန်ပါသွားလေသည်
"ဟို...အစ်ကိုတော်ယင်းချီရဲ့အဆောင်မှာပဲပြန်နားပါတော့မယ်"
"ယင်းချီရဲ့အဆောင်မှာ ဖန်ရှန်းရောက်နေတယ်"
ဖန်ရှန်းဆိုသည့်နာမည်ကိုချင်းအာမမှတ်မိပေ
ဘယ်သူမှန်းလဲမသိ
"ဖန်ရှန်းဆိုတာဘယ်သူလဲဟင် အစ်ကိုတော်"
"မင်းအစ်ကိုတွေထဲကတစ်ယောက်ပဲ"
ယွီရှင်း ချင်းအာရဲ့လက်ကိုလွှတ်လိုက်ပြီး
ရေကရားထဲမှရေများအား ရွှေခွက်ထဲသို့လောင်းထည့်နေသည်
"ရော့....ဒီမှာရေ."
ချင်းအာလဲရှက်ရှက်နဲ့ရေကို တစ်ကျိုက်ထဲသာမော့ချပစ်လိုက်သည်
"အခုရေသောက်ပြီးပြီဆိုတော့
မသွားနဲ့တော့ဒီမှာပဲနေတော့"
ချင်းအာကိုယ့်စကားနဲ့ကိုယ်ထိနေလေပြီ
"မင်းသိလား...မင်းအတိတ်မမေ့ခင်က မင်းနဲ့ငါနဲ့
လက်ထပ်ထားတာ"

ယွီရှင်းဆီမှမထင်မှတ်သောစကားကြောင့်
ချင်းအာတုန်တောင်တုန်သွားသည်
လက်ထပ်ထားတာ??ညီအစ်ကိုအချင်းချင်း??
ယောက်ကျားအချင်းချင်း???
"ဟို...အစ်ကိုတော်....ဘာ..ဘာတွေပြောနေတာလဲဟင်
ချင်းအာမသိတော့ဘူး"
ထိုအခါယွီရှင်းက သူ့ပုခုံးတွေကိုကိုင်လိုက်ပြီး
"မင်းနဲ့ငါက အမေလဲမတူဘူး....အဖေလဲမတူဘူး
မင်းကဒီတိုင်းမတတ်သာလို့ ငါ့ညီဖြစ်လာတာ"
သွေးသားမတော်စပ်ဘူးပေါ့???
ဒါဆို သူကဘယ်သူလဲ??
"ကျွန်တော်တို့က ဘာ..လို့လက်ထပ်ရ..မှာလဲ..ပြီးတော့
ယောက်ကျားအချင်းချင်းကြီး"
ထိုအခါယွီရှင်းက စိတ်မကောင်းဟန်မျက်နှာအနေအထားသို့ပြောင်းသွားကာ
"မင်းမှမသိတော့ပဲ...မင်းပဲကိုယ့်ကိုအရမ်းတွေသဘောကျနေလို့ ခမည်းတော်က
အတင်းပေးစားလိုက်တာလေ"
ယုတ္တိမရှိတာတွေ....
နိုင်ငံရဲ့ဘုရင်က ဘယ်လိုလုပ်
သားဖြစ်သူအိမ်ရှေ့စံကို ယောက်ကျားလေးနဲ့ပေးစားမှာလဲ...
ချင်းအာတစ်ခုချင်းဆီတွေးကြည့်ပြီးလန့်သထက်လန့်လာတော့သည်
"အား...မဟုတ်ဘူး....ငါလိုချင်လွန်းလို့မင်းကို လက်ထပ်ခွင့်တောင်းခဲ့တာပဲ"
ယွီရှင်းက ဦးတည်ချက်မရှိသော
စကားများပြောနေသည်ဟုသာ ချင်းအာမြင်လေသည်
သို့ပေမယ့် ယွီရှင်းကိုလဲကြောက်တာကြောင့်
ဘာမှဆက်မပြောရဲ
"ငါကအိမ်ရှေ့စံဆိုတော့လုပ်ချင်တာလုပ်လို့ရတယ်
ငါ့ဟာငါ ဘယ်သူနဲ့ယူယူဘယ်သူမှကန့်ကွက်ခွင့်မရှိဘူး
အဲ့ဒါကြောင့်မင်းနဲ့ငါလက်ထပ်ခဲ့တာ မင်းသေချာစဉ်းစားကြည့်
မင်းကိုအကြောင်းပြချင်မရှိပဲ ငါမနမ်းဘူးလေ ဟုတ်တယ်ဟုတ် ကိုယ့်မယားမို့လို့ကိုယ်နမ်းတာပေါ့"
သူ့ကိုပါ မိန်းမတစ်ယောက်လိုပြောလာတော့ပြန်သည်
"မဟုတ်ဘူး..အစ်ကိုတော်"
ယွီရှင်းက ထပ်ပြီး ငိုမဲ့မဲ့ပုံစံပါလုပ်ပြပြီး
"ယင်းချီဆိုတဲ့ညီတော်က တော်တော်မကောင်းတဲ့လူသိလား
မင်းနဲ့ကိုယ်နဲ့လက်ထပ်ဖို့ကို သူပဲအတင်းကန့်ကွက်တာ
သူကိုယ့်ကို အဆိပ်ခပ်ပြီးသတ်ဖို့တောင်လုပ်သေးတယ်"
မဟုတ်ဘူး ဘာတွေဖြစ်ကုန်တာလဲ
သူအတိတ်မေ့နေတယ်ဆိုတာလက်ခံပေမယ့်
ဒီစကားတွေကတော့ဘယ်လိုမှမဖြစ်နိုင်
"မင်းကိုလဲအဲ့နေ့က ငါ့ရဲ့မိဖုရားပါလို့ ယင်းချီရဲ့ မင်္ဂလာပွဲမှာ ထုတ်ပြောလိုက်တော့ မင်းကိုဝါးစားတော့မတတ်ကြည့်နေတာ
ယင်းချီက မင်းသိရဲ့လား"
ယွီရှင်းတော့ ကစားပွဲတစ်ခုကိုစတင်ပြီးကစားနေလေပြီ
သူ့ရဲ့နဂိုပန်းတိုင်ကိုက ယင်းချီကိုချင်းအာကဝေးဝေးရှောင်သွားစေရန်ဖြစ်သည်
မနေ့ကအထိသူဒီလိုပြောဖို့အစီအစဉ်မရှိ
ချင်းအာလိုအတိတ်မေ့ပြီး အားနွဲ့နေတဲ့ကောင်လေးအား
အကြမ်းနည်းသုံးပြီးလဲ မယူချင်
အတိတ်မေ့နေသည်ကိုပဲအခွင့်ကောင်းယူကာ
ပရိယာယ်လေးအနည်းငယ်သာထုတ်သုံးလိုက်လေသည်

အရှင့်အလိုတော်ကျ(🔞🔞🔞)Where stories live. Discover now