"ချင်းယွမ်....တကယ်လို့အဖေက သဘောမတူခဲ့လို့
ငါသူ့နောက်လိုက်သွားရင် မင်းပါလိုက်ခဲ့ရမယ်နော်"လန်ယမ်က ပြုံးပြုံးလေးနှင့်တောင်းဆိုလာသည်
အမှန်တိုင်းဆိုလျှင်လန်ယမ်သည် ချင်းအာအပေါ်
အမှန်တကယ်ကိုခင်တွယ်မိလေသည်"လန်ယမ်.....မင်းတကယ်ပဲအဲ့ဒီလူနဲ့လက်ထပ်ချင်တာလား"
"ဒါပေါ့ "
"မင်းသူ့ကိုချစ်လား"
ချင်းအာကအချစ်ကိုမခံစားဖူးသည့်လူအလား
လန်ယမ်ကိုမေးမြန်းနေသည်"မချစ်ပဲနဲ့တော့ ဘယ်သူမှလက်ထပ်ချင်မှာမဟုတ်ဘူး
ချင်းယွမ်"လန်ယမ်ကအမြဲတမ်းပြုံးပြုံးလေးပင်
"အား....တော်ပြီ မင်းနဲ့စကားပြောရတာ တိုင်ပင်လို့မကောင်းဘူး ငါပဲဖြေပေးနေရတာ"
ပြောပြီးနောက်လန်ယမ်ကအပျင်းဆန့်ကာ
ထထိုင်လိုက်သည်"ငါ...ခဏနေရင် ဆံထိုးတွေထပ်သွားရှာဦးမှာ..
မင်းလိုက်ချင်လား"ထိုင်နေတာကလဲ တော်တော်ပင်ကြာနေပြီမို့
ချင်းအာလဲနဲနဲပင်ပျင်းလာသလို
ထို့ကြောင့်လိုက်သွားရန်စဉ်းစားလိုက်သည်"လိုက်မယ်"
.
.
.
.
.
.
.လူမရှင်းသလိုအရမ်းလဲရှုပ်မနေသော
ဈေးလမ်းမပေါ်တွင် လူနှစ်ဦးသည်
ထူးခြားစွာထင်းလျက်....နတ်သက်ကြွေလာသည့်အလား
နတ်သားလေးတွေအလားထင်မှတ်ရလောက်အောင်
ချောမောနုရွလှသော ယောက်ကျားပျိုနှစ်ဦးသည်
လမ်းတစ်လျှောက်ရှိ ယောက်ကျား မိန်းမမရွေး
အားလုံး၏ အကြည့်တွေကိုဖမ်းစားထားလေသည်"ချင်းယွမ်....မင်းဒီဆံထိုးကိုတပ်ကြည့်"
"လန်ယမ် ငါကယောက်ကျားလေးလေ အဲ့တာမိန်းကလေးတွေအတွက်လုပ်ထားတဲ့ဆံထိုးလေးပဲ
လျိုဟန်ကိုဆင်ပေးကြည့်ပါလား"ဆံထိုးကိုမထိုးချင်၍ ဝေ့လည်ကြောင်ပတ်လုပ်ကာ
အတူပါလာသောလျိုဟန်ထံလွှဲချလိုက်သည်"လျိုဟန်က ယောက်ကျားဆန်တယ် မင်းကမိန်းကလေးနဲ့ပိုတူတယ် ချင်းယွမ်
မင်းကိုပဲတပ်ပေးကြည့်ချင်တာ"

YOU ARE READING
အရှင့်အလိုတော်ကျ(🔞🔞🔞)
Romanceမိခင်ရဲ့မှားယွင်းခဲ့မှုကြောင့် အနိုင်ကျင့်ခံဖြစ်နေရှာတဲ့မင်းသားချင်းအာ အင်အားကြီးမားလှသော မိစ္ဆာဘုရင်ဖေးလုံရဲ့ အသုံးတော်ခံမိဖုရားအဖြစ်ရွေးချယ်ခံရသည့်အခါ ရုပ်ရည်ရူပကာချောမောကာ နတ်စစ်သည်တော်အလားထင်မှတ်ရအောင်ကြံ့ခိုင်သော အိမ်ရှေ့စံ ယွီရှင်း ချင်းအာကိုနှိ...