ချင်းအာက ယွီရှင်းကိုနောက်ကျောပေးကာထိုင်ထားပြီး
ဝတ်ရုံများကိုတစ်လွှာချင်းစီခွာချနေသည်
ထိုမြင်ကွင်းက ယွီရှင်းရဲ့ရင်တွေကိုလှုပ်ခတ်နေသလိုအဖြူရောင်အောက်က အင်္ကျီလေးကိုချွတ်ချလိုက်တော့
ယွီရှင်းပေးထားခဲ့တဲ့ဒဏ်ရာတွေနဲ့အသားဖွေးဖွေးလေးက
ထင်းကနဲ.....ယွီရှင်းမှာကြည့်နေရင်း ရေတောင်ငတ်လာသလို
အပေါ်ပိုင်းဗလာကျင်းကိုကျောခိုင်းထိုင်ထားတဲ့ မြင်ကွင်းလေးကအသက်ရှူမှားလောက်ဖွယ်ရာ
ဒဏ်ရာတစ်ချို့ကပျောက်လုနီးပါ တစ်ချို့ကနီနီအရာလေးတွေ
ကျန်နေတုန်း ကွင်းပြင်မှာပစ်ထားခဲ့တဲ့နေ့က ခဲနဲ့ပေါက်ခံရသည့် ဒဏ်ရာတွေမြင်မကောင်း
လျိုဟန်ကျိုပေးထားခဲ့တဲ့ဆေးအချို့ကို ဒဏ်ရာတွေအပေါ်သုတ်ပေးလိုက်တော့
ကျောလေးကအနည်းငယ်ကော့သွားသည်
ချင်းအာက ချွတ်ထားတဲ့ဝတ်ရုံအပြာလေးကို
တင်းနေအောင်ဆုပ်ကိုင်ထားပြီး အသံမထွက်အောင်ကျိတ်မိတ်ခံနေသည်
ထိုမြင်ကွင်းက ယွီရှင်းကိုအရင်နေ့ရက်တွေကိုပင်
သတိရစေပြန်သည်....
ဒီတိုင်းသာဆက်လိမ်းပေးနေရင် ဒီကလေးဒီညမှာတင်
ထပ်ပြီး အစားခံရမည့်ကိန်းရှိသည်
၁၉နှစ်မပြည့်မချင်း ဘာမှမလုပ်ပါဘူးဆိုတဲ့ ကတိကိုလည်း
ပေးထားခဲ့သေးတာကြောင့် ကိုယ့်ကိုယ်ကိုထိန်းနေရသည်
"ဟေ့...ဒီလောက်လေးနာတာောတင်မခံနိုင်ရင် ငါ့ညီမဟုတ်ဘူးနော် ငါနဲ့ကွာလိုက်တာ"
ချင်းအာကဘာမှပြန်မပြော...မျက်ရည်စလေးတွေနဲ့သာ
နာကျင်မှုတွေကိုခံယူနေလေသည်
"လျိုဟန်ကို သွားခေါ်ပြီးဆေးလိမ်းခိုင်းလိုက်တော့ ငါပင်ပန်းနေပြီ နားတော့မယ်"
စကားကိုခပ်ပြတ်ပြတ်သာပြောပြီး
အိပ်ခန်းဘက်သို့ အမြန်အဆန်သာသွားလိုက်သည်
ယွီရှင်းရဲ့တစ်သက်မှာဒီလောက် သူများအပေါ်
ကြင်နာမှုမရှိခဲ့
အမြဲတမ်းအေးစက်နေပြီး လူသတ်အငွေ့အသက်တွေဖုံး
နေပေမယ့် ဒါလေးနဲ့ကျမှ သူ့စိတ်တွေယိုင်နဲ့သွားပါလေရော..
*စိတ်ထိန်းစမ်း သူကငါ့အတွက် အသုံးချခံတစ်ခုအတွက်မပိုဘူး*
ချင်းအာ ဆေးကိုကိုယ့်ဟာသာဆက်လိမ်းလိုက်ပြီး
မီးလင်းဖို ရှေ့၌စောင်ခင်းကာ ကွေးကွေးလေးအိပ်လိုက်သည်
ထို့နောက် ယင်းချီဒီနေ့ဘာကြောင့်ဒီလိုပြုမူသွားလဲဆိုတာကို
စဉ်းစားနေလေသည်.......

YOU ARE READING
အရှင့်အလိုတော်ကျ(🔞🔞🔞)
Romanceမိခင်ရဲ့မှားယွင်းခဲ့မှုကြောင့် အနိုင်ကျင့်ခံဖြစ်နေရှာတဲ့မင်းသားချင်းအာ အင်အားကြီးမားလှသော မိစ္ဆာဘုရင်ဖေးလုံရဲ့ အသုံးတော်ခံမိဖုရားအဖြစ်ရွေးချယ်ခံရသည့်အခါ ရုပ်ရည်ရူပကာချောမောကာ နတ်စစ်သည်တော်အလားထင်မှတ်ရအောင်ကြံ့ခိုင်သော အိမ်ရှေ့စံ ယွီရှင်း ချင်းအာကိုနှိ...