Part-21

66.8K 2.3K 637
                                        

"ယောက်ကျား.....အမျိုးသားကိုယ်လုပ်တော်အသစ်တင်မြှောက်မယ်ဆို ဘယ်သူလဲသိလား"
မိန်ဆုတစ်ယောက်စပ်စုစွာဖြင့် ယင်းချီကိုမေးကြည့်မိသည်

အမှန်ကယင်းချီလဲမသိ
အမျိုးသားကိုယ်လုပ်တော်တင်မြှောက်မည်ဟုသာ
သိရသေးသော်လည်း မည်သူဖြစ်သည်ဟုအတိအကျမသိရသေးပေ

"ကိုယ်လဲမသိဘူး"
ခပ်အေးအေးလေးသာပြောလိုက်ပြီး
ယင်းချီငြိမ်နေလိုက်သည်

ယွီရှင်းသည် ချင်းအာကလွဲ၍
မည်သည့်ယောက်ကျားလေးကိုမျှစိတ်ဝင်စားမှုမရှိမှန်း.
ယင်းချီသည်သာအသိဆူံးဖြစ်သည်
သို့ပေမယ့် ယခုသတင်းကယင်းချီအတွက်
်ကြောင်တောင်တောင်ဖြစ်ချင်စရာပင်

"ဟိုတစ်ခါပြောပြဖူးတဲ့ ချင်းအာဆိုတာလား"
မိန်ဆုကရုတ်တရက်ထပြောလိုက်သော
စကားကြောင့် ယင်းချီအနည်းငယ်တွေဝေသွားမိသည်

"ချင်းအာက သေသွားခဲ့ပြီပဲ ယွီရှင်းကိုယ်တိုင်ပြောခဲ့တယ်လေ"

"အင်းနော်..."

"ထပ်မမေးနဲ့တော့ မိန်ဆု အိပ်တော့"
စောင်ကိုလွှမ်းခြုံပေးလိုက်ပြီး
မိန်ဆုကိုအိပ်ဖို့ပြောလိုက်သည်
ထိုကဲ့သို့စပ်စုခြင်းမျိုးကို ယင်းချီကမကြိုက်တတ်

တစ်ဖက်သို့လှည့်ကာအတွေးနယ်ချဲ့နေတော့သည်
စဉ်းစားချင်စရာ..သူချင်းအာရဲ့အလောင်းကိုသူကိုယ်တိုင်
မမြင်ခဲ့ရသဖြင့် ချင်းအာသေသည်ဆိုသောသတင်းအား
သူအခုထိမယုံနိုင်သေးပေ....

ပန်းရောင်အဖြူရောင်များဖွေးဖွေးလှုပ်နေသော
ပန်းဥယျာဉ်ကြီးအလယ်တွင် နန်းဆောင်အသစ်တစ်ခုက
ခန့်ညားထည်ဝါစွာ တည်ရှိနေလေသည်

ထိုနန်းဆောင်အတွင်းသို့လဲ ဘုရင်မင်းမြတ်နှင့်
နန်းဆောင်ပိုင်ရှင်ခွင့်ပြုသောလူမှလွဲ၍
မည်သူမျှမဝင်ရဟုလည်း အမိန့်ကိုထုတ်ထားသေးသည်

"ချင်းယွမ်.....အဲ..ချင်းအာ...မဟုတ်ဘူး ငါမင်းကိုအခုဘယ်လိုခေါ်ရမှာလဲ"

လန်ယမ်တစ်ယောက်အကြပ်ရိုက်နေဟန်ဖြင့်
ချင်းအာကိုမေးလိုက်သည်

"အဆင်ပြေသလိုပဲခေါ်ပါ အစ်ကိုလန်ယမ်"

ရိုရိုသေသေဖြင့်သာတုံ့ပြန်လိုက်ပြီး
ချင်းအာ လန်ယမ်နှင့်ရီရီမောမောစကားတွေပြောနေလိုက်သည်

You've reached the end of published parts.

⏰ Last updated: Sep 13, 2019 ⏰

Add this story to your Library to get notified about new parts!

အရှင့်အလိုတော်ကျ(🔞🔞🔞)Where stories live. Discover now