ယင်းချီ မနက်အစောကြီး
ယွီရှင်းနှင့်စကားပြောပြီးထဲက
ချက်ချင်းထွက်လာခဲ့လေသည်
မြင်းကိုအမြန်ဒုန်းစိုင်းစီးလာပြီး ဖခင်ရှိရာရွှေနန်းတော်ဆီသို့...."ခမည်းတော်...သားတော်ပြန်လာပါပြီ"
"ဟုတ်ပြီ....ယင်းချီမင်းကအသိတတ်ဆုံးသားပဲ"
ဘုရင်မင်းမြတ်ရဲ့မျက်နှာကရွှင်ပြုံးနေပြီး
စိတ်ကျေနပ်နေဟန်
"မနက်ဖြန်ဆို ဝမ်မင်းသမီးရောက်လာတော့မယ်နော်...ကိုယ့်မိဖုရားကိုကိုယ် သွားပြီးကြိုဆိုရမယ်နော်"
ယင်းချီအဖေဖြစ်သူရဲ့ပြောစကားကိုခေါင်းညှိမ့်ရုံမျှသာပြပြီး
ထိုနေရာမှချက်ချင်းထွက်ခွာလာသည်
ချင်းအာမှအဆင်ပြေရဲ့လားဆိုသော အတွေးများကသာ
စိတ်ထဲကြီးစိုးနေသည်.....
နောက်ဆုံးသူ့အနေနဲ့ချင်းအာသတိရသလားဆိုတာတောင်
မသိလိုက်ရချေ လျိုဟန်ကိုတော့ လစဉ်လတိုင်းစာပို့ပေးဖို့ပြောထားသည်စည်ကားလှသော လှည်းယာဉ်တန်းကြီးက မြို့ကိုဖြတ်ကာ
နန်းတော်အတွင်းသို့ဝင်လာလေသည်
ထိုလှည်းယာဉ်ပေါ်၌ အမျိုးသမီးတစ်ဦးသည် ရွှေဝါရောင်တောက်ပနေသော ရွှေပုဝါကို မျက်နှာထက်ဝက်တိတိအုပ်ထားပြီး မျက်လုံးလေးသာဖော်ထားသည်
ညှို့အားကောင်းသောမျက်ဝန်းများက
ဆွဲဆောင်မှုကောင်းသလို မြွေဟောက်တစ်ကောင်ကဲ့သို့အသွင်ကိုလည်းဆောင်နေသည်ရှင်ဘုရင်မင်းမြတ်ကိုယ်တိုင်က
ဝတ်ကောင်းစားလှများဝတ်ဆင်ကာလာရောက်ကြိုဆိုနေသည်
ယင်းချီလဲ အပါအဝင်ဖြစ်
လှည်းယာဉ်ပေါ်ကနေကျော့မော့စွာ
ဆင်းသက်လာပြီး နန်းရင်ပြင်ကို ကြည့်လိုက်သည်
သူမကိုအားလုံးကတလေးတစားဖြင့်ကြိုဆိုနေကြသည်
ကောဇောအနီရောင်ခင်းထားသောလမ်းပေါ်တွင်
ယင်းချီနှင့်ဘုရင်ဖြစ်သူက
ဆီးကြိုနေသည်
ယင်းချီရဲ့ ချောမောလှပတဲ့အသွင်ကြောင့်
ကိုယ့်ကိုကိုယ်ကျေနပ်နေမိသည်
*ငါ့ရဲ့ရုပ်ရည်နဲ့ ဒီမင်းသားကိုပိုင်ရတာ တန်ပါတယ်လေ*
ယင်းချီကတော့အတတ်နိုင်ဆုံးမျက်နှာကိုထိန်းကာ
ထိုမင်းသမီးဆီသို့ လျှောက်လှမ်းသွားလေသည်
"မင်းသမီး ဒီတိုင်းပြည်ကိုနှစ်သက်ပါရဲ့လား"
"အို....ကိုယ့်ခင်ပွန်းကဲ့တိုင်းပြည်ပဲကို နှစ်သက်ရတာပေါ့"
ဘုရင်နှင့်မင်းသမီးကတော့ အဆင်ပြေနေသည့်ဟန်
(နင်တို့ပဲယူလိုက်ပါလား)

YOU ARE READING
အရှင့်အလိုတော်ကျ(🔞🔞🔞)
Romanceမိခင်ရဲ့မှားယွင်းခဲ့မှုကြောင့် အနိုင်ကျင့်ခံဖြစ်နေရှာတဲ့မင်းသားချင်းအာ အင်အားကြီးမားလှသော မိစ္ဆာဘုရင်ဖေးလုံရဲ့ အသုံးတော်ခံမိဖုရားအဖြစ်ရွေးချယ်ခံရသည့်အခါ ရုပ်ရည်ရူပကာချောမောကာ နတ်စစ်သည်တော်အလားထင်မှတ်ရအောင်ကြံ့ခိုင်သော အိမ်ရှေ့စံ ယွီရှင်း ချင်းအာကိုနှိ...