အခုမှမနက်နိုးလို့ ထကာစပဲရှိသေးတာကို
ယွီရှင်းကလာကလိနေတော့ သူ့ခမျာမနေတတ်မထိုင်တတ်
ဆွဲလက်စပန်းချီစာရွက်ကိုခေတ္တချထားလိုက်ပြီး
ယွီရှင်းရဲ့လက်တွေကိုတွန်းဖယ်ရန်ကြိုးစားလိုက်သည်ဒီနေ့မနက်ကျတော့ ချင်းအာမှာအရင်ကလို
တအားကြီးရှက်ရွံ့မနေသလို
နဲနဲလဲသတ္တိရှိလာသလိုပင်...
မျက်နှာလေးကကြောက်စိတ်ကိုထိန်းကာ
ရင်ဘတ်ကလက်တွေကိုတွန်းဖယ်နေတော့သည်"ငါသာ ဘုရင်ဖြစ်ရင် မင်းကိုပဲမိဖုရားမြှောက်မှာ"
အဆက်အစပ်မရှိ စကားတစ်ခွန်းကြောင့်
ချင်းအာအံ့သြသွားသည်
သူ့အထင် ယွီရှင်းသည် သူ့ကိုအရုပ်တစ်ခုထက်
ပိုကာခံစားချက်မရှိဘူးဟုထင်ထားမိသည်"ချင်းအာကို အရင်လွှတ်ပေးပါ"
"ငါမင်းကိုတကယ်သဘောကျတာ"
ယွီရှင်းရဲ့လက်တွေက ရင်ဘတ်ကနေ
ဖြုတ်ချပြီး ခါးကိုတင်းကျပ်စွာဖက်ထားလေသည်ချင်းအာရင်ထဲ၌ အရင်ကလို ကြောက်ရွံ့နေရမယ့်အစား
ရင်ထဲ၌ နွေးနွေးလေးဖြစ်နေသလိုလို...."မင်းအားလုံးကိုသတိရနေပြီမဟုတ်လား အဲ့ဒါကြောင့်ညတိုင်းခိုးထွက်ပြီး ကိုယ့်ကိုရှောင်နေခဲ့တာမဟုတ်လား"
နောက်ဆုံးတော့ယွီရှင်းတစ်ယောက်သိသွားခဲ့လေပြီ
အမှန်က ချင်းအာ အရင်ကအကြောင်းတွေပြန်သတိရနေတာ
တစ်ပတ်ပြည့်တော့မည် သို့ပေမယ့်ဘယ်သူ့ကိုမှမပြောပဲ
ကိုယ့်ဟာကိုယ်တိတ်တိတ်လေး ဘေးကင်းအောင်နေနေခြင်းဖြစ်သည်မဟုတ်လျှင် ယွီရှင်းကဘယ်လိုရက်စက်မယ်မှန်းသူလဲမသိ
"ကျွန်တော့်ကို နန်းတော်ကိုပြန်ပို့ပေးပါ"
ထိုစကားက ယွီရှင်းကိုအမျက်အချောင်းချောင်း
ထွက်စေမည့် စကားမျိုးဆိုတာသိသော်လည်း
အရဲစွန့်ကာပြောလိုက်မိလေသည်...."နန်းတော်မှာ မင်းကိုအနိုင်ကျင့်မယ့်အစေခံတွေမှအများကြီး
မင်းတကယ်ပြန်ချင်လို့လား""ကျွန်တော်ဒီမှာလဲအနိုင်ကျင့်ခံနေရတာပဲမဟုတ်ပါလား"
ထိုစကားကြောင့်ယွီရှင်းအနည်းငယ်စိတ်မကောင်းဖြစ်မိသည်
ခေါ်လာသည့်နေ့မှစ၍ သူတစ်ယောက်ထဲအနိုင်ကျင့်သည်သာမက
အများအလယ်မှာပါအရှက်ရအောင်လုပ်ခဲ့ဖူးသည့်
ကိုယ့်ကိုယ်ကိုအပြစ်တင်မိသည်

YOU ARE READING
အရှင့်အလိုတော်ကျ(🔞🔞🔞)
عاطفيةမိခင်ရဲ့မှားယွင်းခဲ့မှုကြောင့် အနိုင်ကျင့်ခံဖြစ်နေရှာတဲ့မင်းသားချင်းအာ အင်အားကြီးမားလှသော မိစ္ဆာဘုရင်ဖေးလုံရဲ့ အသုံးတော်ခံမိဖုရားအဖြစ်ရွေးချယ်ခံရသည့်အခါ ရုပ်ရည်ရူပကာချောမောကာ နတ်စစ်သည်တော်အလားထင်မှတ်ရအောင်ကြံ့ခိုင်သော အိမ်ရှေ့စံ ယွီရှင်း ချင်းအာကိုနှိ...