Chapter 1
၁၂၅၆ခုနှစ် နဂါးနှစ်....
လန်ချီရန် မင်းကြီး ၏ နန်းသတ် ၅နှစ်ပြည့်တွင်
ဤ အဖြစ်အပျတ် စတင်လေသည်။ဒီညသည်ကား.. လတစ်လရဲ့ လပြည့်နေ့...
အချိန်အားဖြင့် ညနက့် သန်းခေါင်....နေရာသည်ကား..
နန်းတွင်း လန်မိဘုရားခေါင်ကြီး၏အဆောင်တွင်း...ကိုယ်ဝန် အရင့်အမာ ကြီးဖြစ်သော မိဖုရားခေါင်ကြီးမှာ..မွေးဖွားရန် အဆင်သင့်ဖြစ်နေပြီး...
နန်းတွင်းသမားတော်များ ပြာယာခတ်နေလေသည်။...
အဆောင်ပြင်ပ မှာတော့ လန်မင်းကြီး ရှိနေပြီး... မွေးဖွားဆောင်မို့ ယောင်္ကျားလေးများမ၀င်ရသဖြင့်... အပြင်၌ပင် အံ့ကြိတ်ကာစောင့်ဆိုင်းနေသည်။"အားး....! ! ... လန်စုတ်...! အား..အမေ့.."
"မိဖုရား အားစိုက်ပါဘုရား... မိဖုရားမွေးတော့မှာပါဘုရား အားစိုက်တော်မှုပါ...."
မိဖုရား၏နာကျင်ဖွယ်အော်သံ...အခြွေရံတို့ ၏အသံ များဖြင့် အဆောင်တော် အတွင်းဆူညံ့နေသည်။...ဤအရာကို မစောင့်နိုင်တော့သော မင်းကြီးက အဆောင်တွင်းဝင်ရန် ခြေလှမ်းလိုက်တော့...
"အရှင်မင်းကြီး... မသင့်တော်ပါ.. ."ဘေးက ကုန်းကုန်းမှ အသည်းအသန်တားရပြန်သည်။...
မကျေမချမ်း ဖြင့် ကုန်းကုန်းကို လှည့်ကြည့်လိုက်ပြီး သက်ပြင်ချကာ အဆောင်ရှေ့ ခေါက်တုတ်ခေက်ပြန်လျှောက်နေမိစဉ်....
"ခမည်းတော် ..."
"အိမ်ရှေ့စံလေး...."နောက်ကနေ အော်ပြီးပြေးလိုက်လာသော အထိန်းတော်တို့က မင်းကြီးကို မြင်လျှင်ကိုယ်ရှိန်သတ်သွားကြပြီး... ခေါင်းတို့သည်ငုံလျက် ငြိမ်ကျသွားသည်။
"ခမည်းတော် .."
အခုထိမငြိမ်ပဲ လှုပ်တုပ်လှုပ်တုပ်ဖြင့်ပြေးလာသည်ကား...
အိမ်ရှေ့စံမင်းသားလေး လန်ရှီချန်....."ရှီချန် မပြေးရဘူး...."သူ့ရင်ခွင်ထဲပြေးဝင်လာသော မင်းသားလေးကို ပွေ့ချီပြီး ဆူလိုက်တော့... စူပုတ်ပုတ်လေးနှင့် သူ့ကိုပြန်ကြည့်နေတဲ့သားတော်လေး...
"ဟုတ်... မယ်မယ်က ဘာဖြစ်တာလဲဟင်...မယ်မယ်နေမကောင်းဘူးကြားလို့ သားတော်အပြေးလာကြည့်တာဘုရား.."
ငယ်ငယ်ရွယ်ရွယ်နက့် စကားအလွန်တက်လှသော အိမ်ရှေ့စံလေး...သက်တော် ၄နှစ်မျှသာ ရှိသေးပေမယ့် အခုဆိုစာပေများကို အရွယ်နက့်မလိုက်လေ့လာလိုက်စားနေသည်။
![](https://img.wattpad.com/cover/198781574-288-k594093.jpg)
YOU ARE READING
သွေးကြောမျှင်လေး{သွေးကြောမျှင်လေး} [ Completed S1 ](Z+U)
General Fictionအဖြူရောင် သွေးကြောလေး တံတောင်ဆစ်ကနေ လက်ဖဝါးမှ လက်ညိုးထိပ် အထိ... ငါတို့နှစ်ယောက်ရဲ့ လက်ညိုးထိပ်လေးတို့ ထိတွေ့လိုက်ရင်... မိုးကောင်ကင်က နတ်နဂါးနှစ်ကောင်...နေမင်းကို ပတ်ထွေးနေမည်.. အဖြူရောင် သွေးကြောလေး တံတောင်ဆစ်ကနေ လက်ဖဝါးမှ လက်ညိုးထိပ် အထိ... ငါတိ...