Zawgyi
" ကျွန်တော် ကော ကို သဘောကျတယ်.... ချစ်တယ်.... ကော ချစ်သူဖြစ်ချင်တယ် "
ဗုဒ္ဓေါ.......
လန့်ဖျပ်ပြီး ရှောင်းကျန့် ခြေခွင်လဲမလိုတောင်ဖြစ်သွားသည်......
ဒါပေမဲ့ မလဲပါဘူး....
လက်ကိုလှမ်းဆွဲပြီး အသားယူ အဲလေ ထိန်းပေးမဲ့သူရှိတာကိုး
ရုပ်တည်ကြီးနဲ့ မျက်နှာထား ရှစ်ခေါက်ချိုးနဲ့ ဝမ်ရီပေါ် က အဲ့စကားပြောသတဲ့ !!!!!!
" ဘယ်လို ဘယ်လို မင်းဘာပြောလိုက်တာတုန်း ရီပေါ် "
" ကောကို ချစ်တယ်လို့ !!!!! ကောကို ရည်းစားတော်ချင်တယ်လို့ !!!! "
အသံက ကျယ်လာတာမို့ ဖြတ်သွားဖြတ်လာတွေကတောင် နားစွန်နားဖျားကြားကာ ကွက်ကြည့်ကွက်ကြည့်နဲ့ .....
ရှောင်ကျန့် ရှက်စိတ်နဲ့ နားရွက်ဖျား နှာဖျားတွေနီလာတာကို ရီပေါ် တစိမ့်စိမ့်ထိုင်ကြည့်နေမိသည်.........
ကျွန်တော့် ယုန်ပေါက်လေးဟာ တအားချစ်ဖို့ကောင်းတာပဲ !!!!!
" အဲ့ဒါ ကလေးပြောရမဲ့စကားလား ပေါက်တတ်ကရ ဝမ်ရီပေါ် !!!!!! နောက်စရာလား လူကြားထဲကို "
ပြောလဲပြော ရီပေါ့် ပခုံးကိုလဲ နှစ်ချက်ဆင့်ရိုက်လိုက်သည်.....
" ကျွန်တော့်ပုံက နောက်နေတဲ့ပုံပေါ်လား ....ဒါမှမဟုတ် ကောကပဲ ကျွန်တော့်ကို အတည်အတန့်မရှိတဲ့အကောင်လို့ ခုချိန်ထိသတ်မှတ်ခဲ့တာလား "
ရီပေါ့် မျက်ဝန်းတွေထဲ စိတ်နာနေတဲ့ပုံရိပ်တွေကိုလျှပ်တပြက် မြင်လိုက်ရသော ရှောင်ကျန့်ခမျာ.....
ဘယ်လိုသိတာလဲမမေးနဲ့ ....ဒီပေါက်စမွေးကတည်းက ရှောင်ကျန့်လက်ပေါ်ကြီးလာတာ..... ရှောင်ကျန့်တို့ ဝမ်ရီပေါ်အကြောင်းဆို အူမချေးခါးမကျန်အကုန်သိ....
အယ်..... ခုရီပေါ်ပြောနေတာတွေကိုပဲ နားမလည်တာ....
ခုလို စိတ်နာတဲ့ရုပ်လေးပေါ်လာတော့လဲ ရှောင်ကျန့်မနေနိုင် အမောတကောချော့ရသည်
" မဟုတ်ဘူးလေ ..... ဒီစကားက အတည်ယူစရာစကားလားကွ..... အာ့ကြောင့်မနောက်နဲ့လို့ပြောတာ .... ဒီအတိုင်းတောင် အထင်လွဲခံနေရတာကို မင်းနဲ့ငါက "

YOU ARE READING
Ge ! Di Di Loves You !
RomanceZhan Ge ! Di Di ai ni ! အဲ့ဒါကြီးပဲ တချိန်လုံးကြားနေလို့ 😬😂😂 မနေနိုင်မထိုင်နိုင်ရေးချ🤣