Zawgyi
ခုတော့ ရှောင်ကျန့်တယောက် ကား passenger seat မှာ ငုတ်တုတ် !
စိတ်ကလွတ်တချက် မလွတ်တချက်နဲ့ မျက်စိထဲ သွေးထွက်နေတဲ့ ရီပေါ့်ဒဏ်ရာကြီးပဲ မြင်နေတယ် !
ကားမောင်းနေရာကနေ လှည့်ကြည့်လှည့်ကြည့်လုပ်နေတဲ့ ဝမ်ရီပေါ်ကို ရှောင်ကျန့် အော်ထုတ်ပစ်ချင်တယ် !
လူကို အသားယူ နမ်းအားရတော့ ရှောင်ကျန့်ကို လက်ဆွဲခေါ်တယ် !
ရှောင်ကျန့်လေးခမျာ ရုန်းမိတော့ မြေကြီးနဲ့ ခြေထောက်တွေလွတ်ကုန်ရော !
တကွင်းလုံးက လူတွေရှေ့မှာ အပွေ့ခံအနေအထားလေးနဲ့ ဖြတ်လျှောက်လာရတယ် !
အကြောတင်းတဲ့ အကောင်စုတ်က ရှောင်ကျန့်ကို လူကြည့်မှာစိုးလို့ဆိုပြီး" ကျန့်ကော ! ခေါင်းကဘာလို့ထွက်နေတာလဲ ! ကျွန်တော့်ရင်ခွင်ထဲ ဝှက်ထားစမ်း "
" ကျန့်ကော ! ကျွန်တော်ပြောနေတယ်လေ "
ရှောင်ကျန့် ရွဲ့ပြီးတောင် ဟိုကြည့်သည်ကြည့်လုပ်ပလိုက်တယ် !
သေလောက်အောင်ရှက်နေပေမဲ့ ခုချိန်ဝမ်ရီပေါ် အရှေ့ဆို အနောက်လုပ်လိုက်ရမှ ကျေနပ်နိုင်မယ် !" ဟာ ! ရီပေါ် အချောလေးကို ရတာပါလားကွ ! "
" ရီပေါ် မိတ်ဆက်ပေးဦးလေကွာ ! မတွန့်တိုစမ်းနဲ့ "
အပေါင်းအသင်းတွေက နောက်လေလေ ဝမ်ရီပေါ်မျက်နှာကြီး မဲပုပ်လာလေလေပဲ !
ကွင်းထဲကနေခြေလှမ်းကျယ်ကြီးတွေနဲ့ အမြန်လျှောက်တော့ ရှောင်ကျန့်လန့်သွားတယ် !
မတော် ပြုတ်ကျဒုက္ခ !" ကျန့်ကော ခေါင်းငုံ့ ထားဆို "
" ကျွန်တော့်စကား အဖက်မလုပ်တာလား ! ရှောင်ကျန့် ! ခင်ဗျား ဘာဖြစ်ချင်တာလဲ "
ဘာ !!!! ရှောင်ကျန့် !!!!
ရှောင်ကျန့်ခုန်ဆင်းပလိုက်တယ် !
" အား "
Balance ပျက်လို့ ယိုင်သွားတဲ့ ရီပေါ့်ဒူးကို ခြေထောက်နဲ့ခတ်မိသလိုဖြစ်သွားတယ် !
" ဟမ် ! ဘာဖြစ်သွားတာလဲ ! ဘာဖြစ်.... "
" ဘာဖြစ်ရမှာတုန်း ! နာတာပေါ့ ! ရှောင်ရှောင်ကျန့်ရဲ့ ! အရမ်းပဲဗျာ "
YOU ARE READING
Ge ! Di Di Loves You !
RomanceZhan Ge ! Di Di ai ni ! အဲ့ဒါကြီးပဲ တချိန်လုံးကြားနေလို့ 😬😂😂 မနေနိုင်မထိုင်နိုင်ရေးချ🤣