Part 16

11.2K 1.1K 31
                                    


Zawgyi

မင်းကို လွမ်းတယ် ရီပေါ် ....
ပြတင်းပေါက်ကတဆင့် မြင်နေရတဲ့ ပုံရိပ်တွေက သူ့ကိုနွေးထွေးသွားစေတယ် !
မိနစ်ပိုင်းအတွင်း  ချစ်တဲ့သူရှိရတဲ့ မြေကို ခြေချရတော့မယ် !

Msg ထဲဝင်ကြည့်တော့ ထိပ်ဆုံးမှာ  ....

" ကော ပြန်လာတော့မှာလားဟင်  တနှစ်ပြည့်ပြီလေ "

ရှောင်ကျန့် ရီပလိုင်းမပြန်ခဲ့ဘူး !
အမှန်က သူ ရီပေါ့်ကို အဆက်အသွယ်ဖြတ်ထားတာ တပတ်ရှိပြီ !

တမင်ကို ဖုန်းလဲမကိုင် စာလဲမပြန်လုပ်ခဲ့တာ !
အကုန်ကြိုတင်စီစဉ်ပြီးမှ ဒင်းလေးကို surprise ဖြစ်အောင်လို့ ဟက်ဟက် !

တော်ကြာ ရီပေါ် ဂျပန်ထိပေါက်ချလာမှာလဲ စိုးရတာမို့ ယွီပင်ကို ထိန်းခိုင်းထားရသေးသည် !

လေယာဉ်လက်မှတ်ဖြတ်ပြီးတဲ့နေ့ ရှောင်ကျန့်တို့ ဘယ်လောက်ခုန်ဆွခုန်ဆွ ဖြစ်နေသလဲဆိုတာ !

တကယ်က သူဌေးကလဲ ရှောင်ကျန့်ကို ပြန်ခေါ်ချင်နေပြီ !
ဒီဘက်က customers' demand ကို ရှောင်ကျန့်တယောက်ပဲ စိတ်ရှည်လက်ရှည် ဖြည့်ဆည်းပေးနိုင်တာ !

ဂျပန်မှာလဲ တခြားတယောက်ကို လက်လွှဲလို့ရအောင်ထိ လုပ်ပေးခဲ့တာမို့ သူဌေးက စိတ်ချသွားပြီး  ရှောင်ကျန့်ကို အရင်လကတည်းက ပြန်ခေါ်ခဲ့တာ !

အပြီးသတ်စရာတွေ ဖြတ်ပြီးတာနဲ့ ရှောင်ကျန့်တို့က အထုပ်ပြင်နေပြီလေ !
ရှောင်ကျန့်လေးကို ပေါ်တင်တမျိုး ကြိတ်တမျိုး ကြွေနေကြတဲ့ ဂျပန်မလေးတွေကတော့ မျက်နှာခပ်ပျက်ပျက် !

အိမ်ထောင်ကြီး ငုတ်တုတ်နဲ့ပါပြောထားတာတောင် မယုံလေတဲ့ ရုံးက အချောဆုံးဂျပန်မငယ်ငယ်လေးကတော့ ချုံးပွဲချကိုငိုတာပဲ !
စိတ်တော့မကောင်းပေမဲ့ မတတ်နိုင်ဘူး !
သူ့မှာ ပိုင်ရှင်ရှိပြီးသား !

ရုံးမှာဆို ရှောင်ကျန့်မှာ သူတို့စက်ကွင်းကနေ ပတ်ပြေးနေရတာ !
အာ့ကြောင့် ဟိုတခါ ပိတ်ရက်မှာ ရီပေါ်လာလည်မယ်ပြောတော့  အသည်းအသန် တားရတယ် !

သူ့ယုန်လေး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်နေတာသာ မြင်သွားလို့ကတော့ ဂုတ်ကနေဆွဲပြီး တရုတ်ပြန်ခေါ်ချလာမှာ !

Ge ! Di Di Loves You !Where stories live. Discover now