Zawgyi
မားမားတို့နဲ့ နည်းနည်းပါးပါးစကားပြောပြီး ရှောင်ကျန့်မှေးခနဲအိပ်ပျော်သွားရုံပဲရှိသေးသည် !
သူ့ဘေးကအိပ်ရာဘက်က အိခနဲ နစ်ဝင်သွားသည် !
အိပ်ချင်မူးတူးနဲ့မို့ စိတ်ထင်တာနေမှာဆိုပြီး အဖက်မလုပ်မိ !ခဏနေတော့ ရှောင်ကျန့်ခါးဆီ ရောက်လာတဲ့ ရေဘဝဲလက်တံတွေ !
ဆံပင်ဖောင်းဖောင်းတွေပေါ်ကျလာတဲ့ အိစက်စက် အထိအတွေ့တွေ !သူ့တကိုယ်လုံးကို စောင်လုံနေအောင်ခြုံထားပါရက်နဲ့ ....
ခုတော့ စောင်နဲ့လူကြား ဘယ်လိုရောက်လာမှန်းမသိတဲ့ ခြေတံရှည်တွေက သူ့တကိုယ်လုံးကို သိမ်းကြုံးဖက်ထားတယ် !ရှောင်ကျန့် ခေါင်းအုံးထဲမျက်နှာနှစ်ပြီးသာ နာနာကျိန်ဆဲပလိုက်တယ် !
ဝမ်ရီပေါ် !!!" ကော ထတော့ကွာ ! ကျွန်တော်လွမ်းလှပြီ "
ချီးကို လွမ်း ! အိမ်ထဲရောက်လာတာမှ တနာရီတောင်ပြည့်သေးရဲ့လား !
ရှောင်ကျန့်တကိုယ်လုံးကို ဖက်ထားတဲ့အပြင် ဆွဲရမ်းနေသေးသည် !
ဘယ်လိုလုပ်ဆက်အိပ်လို့ရတော့မလဲ !" ကော ထနော် ! ခုထ ! မထရင် ကျွန်တော်ဖက်နမ်းပစ်မှာ ! အဲ့ခါမှ တကယ်မထနိုင်ဘဲ စောင်ပုံထဲပိနေရမယ် "
သူ့စကားအဆုံး ပြူးတူပြာတာ ထလာတဲ့ ကျန့်ကော !
အိပ်ရာထခါစ ဆံပင်တွေက ထိုးထိုးထောင်ထောင်နဲ့ !
အိပ်ရေးမဝတဝရုပ်လေး ! ဖိအိပ်ထားတဲ့ဘက်က ပါးလေးက ရဲလို့ ! နှာခေါင်းလေးရှုံ့ ပွ ရှုံ့ ပွ နဲ့ !သပ်သပ်ရပ်ရပ်ရှိလှတဲ့ ရှောင်ကျန့်က ခဏတဖြုတ်အိပ်တာတောင် ညအိပ်ဝတ်စုံလဲ ဝတ်ဖို့ မပျက်ကွက်ဘူး !
အဝါနုရောင် ညအိပ်အင်္ကျီလေးက ကောအသားဖွေးဖွးနဲ့ လိုက်လိုက်ဖက်ဖက် !
ပေါင်လယ်ထိတက်နေတဲ့ ဘောင်းဘီတိုကတော့ ရီပေါ့်ကို မျက်စိစပါးမွေးစူးစေတယ် !
စောင်နဲ့အတင်း ခြေထောက်တွေကိုလိုက်အုပ်နေလေရဲ့ !ကိုယ့်အိမ် ကိုယ့်အခန်းထဲမှာ အိပ်နေတာတောင်မှကိုလေ !
မြင်သွားတာ မင်းတယောက်ပဲရှိတယ် ဝမ်ရီပေါ်ရဲ့ !
YOU ARE READING
Ge ! Di Di Loves You !
RomanceZhan Ge ! Di Di ai ni ! အဲ့ဒါကြီးပဲ တချိန်လုံးကြားနေလို့ 😬😂😂 မနေနိုင်မထိုင်နိုင်ရေးချ🤣