Edited - Unicode version below
[ Edit - Double update နော်😬
ရှေ့တပိုင်းရှိသေးတယ်လို့ !
တော်ကြာ အဆက်အစပ်လဲမရှိဘူးထင်နေမှာစိုးလို့ ]_____________________________________________
Zawgyiထမင်းချိုင့်လေးကိုင်ရင်း တံခါးရှေ့ခြေစုံရပ်နေမိတဲ့ ရှောင်ကျန့် !
ကုလားဘုရားပွဲလှည့်သလို အခုန်မြန်လွန်းနေတဲ့ ရင်ဘတ်ကို ထီးကိုင်ထားတဲ့ လက်နဲ့အသာဖိထားရတယ် !တံခါးကို တွန်းဖွင့်ဖို့ သူရှက်နေတာ !
မဖွင့်ပြန်ရင်လဲ သူဝယ်လာတဲ့ ငါးရံ့ ဆန်ပြုတ်က ပူပူနွေးနွေးရှိမှာမဟုတ်တော့ဘူး !ရီပေါ်ကြိုက်တဲ့ ဒီဆန်ပြုတ်ဆိုင်က ရှောင်ကျန့်တို့အဆောင်နဲ့ ဘတ်စ်ကား လေးဆင့်ခံစီးပြီးမှ ရောက်တယ် !
ကျောင်းပိတ်ရက်မို့ ရှောင်ကျန့်နိုးတာနဲ့တပြိုင်နက် ရေပျာယီးပျာယာချိုးပြီး ငါးရံဆန်ပြုတ်ဝယ်ဖို့အစောကြီးထွက်လာခဲ့တာ !ငှက်ကလေးတချို့ တောင် အိပ်ရာကထဦးမှာမဟုတ်ပေမဲ့ ဒီအချေဆန်ပြုတ်ဆိုင်က မနက်ရှစ်နာရီလောက်ဆို ကုန်တတ်တယ် !
ပြီး ညနေမှ တခါပြန်ရောင်းတာမို့ ရီပေါ့်ကို မနက်စောစောလေး စားစေချင်တာနဲ့ သူအပြေးအလွှားလာဝယ်ရတာ !ငါးရံ့ ဆန်ပြုတ် ပူပူနွေးနွေးကို ဆိုင်ရှင်အဖွားထည့်ပေးနေတာကြည့်ပြီး ရှောင်ကျန့် အူတွေကိုမြူးလို့ !
အဖွားကတောင် မသင်္ကာကြည့်တွေနဲ့ ! ဒီကောင်လေး တဟီးဟီးနဲ့ စိတ်မှမှန်သေးရဲ့လားပေါ့ !အပူခံချိုင့်လေးနဲ့ထည့်လာခဲ့ပေမဲ့ ကြာရင်အေးသွားမှာပဲလေ !
အဲ့ဒါနဲ့ အမြန်ပြန်လာရပြန်ရော !
ကားဂိတ်နဲ့ ရီပေါ့်အကခန်းမက ဆယ်မိနစ်လောက်လမ်းလျှောက်ရင်တောင်ရောက်တာကို ကိုကိုကဲ တို့က ပြေးလာခဲ့သေးတာ !ခုတော့ အကခန်းမရှေ့မှာ ပါးစပ်လေးဟစိဟစိနဲ့ အမောဖြေနေရတယ် !
လူကမှ ညှပ်ရိုး ပိန်ကပ်နေတဲ့ ဖြူဖျော့ဖျော့လူသားဟာ အချစ်အတွက်ကျ သိပ်သတ္တိရှိနေတာ !တံခါးကိုတွန်းဖွင့်မယ် လုပ်လိုက် အခုန်မြန်လာတဲ့ နှလုံးကို ပြန်ငြိမ်အောင် လုပ်လိုက်နဲ့ !
ရီပေါ်တော့ ပျော်သွားမှာပဲ !
ဒီဆန်ပြုတ်မသောက်ဖြစ်တာ လေးငါးလရှိနေပြီ !

YOU ARE READING
Ge ! Di Di Loves You !
RomanceZhan Ge ! Di Di ai ni ! အဲ့ဒါကြီးပဲ တချိန်လုံးကြားနေလို့ 😬😂😂 မနေနိုင်မထိုင်နိုင်ရေးချ🤣