Zawgyi
ခံစားချက်တွေကို ရယ်ရကောင်းလားဆိုပြီး စိတ်နာပစ်ချင်ပေမဲ့ တကယ်မနေနိုင်တဲ့သူက ဝမ်ရီပေါ်သာ ဖြစ်တော့သည်
" အော်ပစ်ခဲ့တာ လွန်များသွားလား .... အေးလေ ကျန့်ကောဘက်က ငြင်းခွင့်ရှိတာပဲကို ...... အားးးးးးး ဝမ်ရီပေါ် စောက်ရူးပဲ ချီး "
ခေါင်းအုံးကိုထုလွန်းလို့ ခေါင်းအုံးကနေ ခေါင်းပြားဖြစ်နေပြီ ......
ဒီနေ့ဆို ကျန့်ကော ကို သူရှောင်နေခဲ့တာ ခြောက်ရက်ရှိပြီ ...... ရက်မပြောနဲ့ ကျန့်ကော ဘေးက နေ့တပိုင်းပြည့်အောင်တောင် သူခွာဖူးတာမဟုတ်......
အဆောင်မှူးကို အိမ်က လာပါတယ်လို့လှည့်ပြီး ရှားရှားပါးပါး မျက်နှာကြောတည့်တဲ့ တယောက်တည်းသောသူငယ်ချင်း ယွီပင်ရဲ့ ပြင်ပဆောင်မှာ မရမက သွားကပ်နေတယ်.......
ယွီပင်ခမျာ ရီပေါ်ကို မေးမရမြန်းမရ နဲ့ တင်ကျွေးထားရသေးတာ .......
ကျန့်ကောနဲ့ ဘာဖြစ်လာလို့လဲ ပဲ မေးရသေးတယ် ....
ဝုန်းဒိုင်းနဲ့ ခုတင်ကိုပိတ်ကန် တံခါးကို ဆောင့်ပိတ်ပြီး ထွက်သွားတယ် မောင်မင်းကြီးသားလေးက......တံခါးနေရာမှာ သူဖြစ်သွားမှာကြောက်တာနဲ့ ယွီပင် ဘာမှမမေးရဲတော့ဘူး !!!!!
ယွီပင်တပ်အပ်သိတာတော့ ဝမ်ရီပေါ် အဲ့လောက်ကမူးရှူးထိုး ဖြစ်နေရင်သေချာသည်.....
အဲ့တာ ရှောင်ကျန့်ကော နဲ့ ပတ်သက်နေလို့ပဲဖြစ်မည် !!!!!
အဲ့လိုဖြစ်ဖူးပေါင်းလဲမနည်းတော့ဘူးလေ !!!!
ကျန့်ကော ရည်းစားစာ လိုက်ပေးခံရဖူးတိုင်း ဝမ်ရီပေါ်သောင်းကျန်းနေကျပဲဟာ !!!!!
လက်ခံရကောင်းလားဆိုပြီးပေါ့ !!!!ငကြောင် !!!!!
ယွီပင် တိုးတိုးလေး ရေရွတ်လိုက်တယ် !!!!ဆိုဖာပေါ်မှာတော့ သကောင့်သားက Running Man ကြည့်ရင်း မျက်နှာသေကြီးနဲ့ထိုင်နေလေရဲ့ !!!!!
တချက်တချက် ခေါင်းလဲကုတ်သေး မျက်လုံးလဲပွတ်သေး ( မျက်ရည်များခိုးသုတ်နေသေး ယွီပင် ကြိတ်မှတ်ချက်ချတယ် ) ထထပြီး ဘေးက ခုံကိုလဲထုသေးရဲ့ ...... အံ့သြဘ..... သူနဲ့ကျမှ Running Man လဲနာမည်ပျက်ကိန်းပဲ !

DU LIEST GERADE
Ge ! Di Di Loves You !
RomantikZhan Ge ! Di Di ai ni ! အဲ့ဒါကြီးပဲ တချိန်လုံးကြားနေလို့ 😬😂😂 မနေနိုင်မထိုင်နိုင်ရေးချ🤣