Zawgyi
" ရီပေါ် !! "
ရှောင်ကျန့် စာကောင်းကောင်းလုပ်လို့ကိုမရချေ ....
စာအုပ်တွေတင်ထားတဲ့ စားပွဲနဲ့ ရှောင်ကျန့်တင်ပျဉ်ခွေထိုင်နေတဲ့ကြား အတင်းခေါင်းကြီးတိုးတိုးဝင်လာတဲ့ ဝမ်ရီပေါ်ရယ် !!
တိုးရင်းတိုးရင်းနဲ့ ရှောင်ကျန့်နဲ့စားပွဲကတမိုင်လောက်ဝေးသွားပြီး ရီပေါ့်ကိုယ်လုံးတဝက်ကရှောင်ကျန့်ပေါင်ပေါ် စွေ့ခနဲရောက်လာတယ် !
လိပ်မျိုးလေး !
ရှောင်ကျန့်လည်တိုင်ကို လက်နဲ့သိုင်းဖက်ပြီး ခေါင်းကို သူ့ပခုံးထက် အပ်ထားတယ် !
ရှောင်ကျန့် မေးဖျားလေးကိုလဲ ဖျတ်ခနဲ ဖျတ်ခနဲ လာနမ်းနေသေးတာ !ရှောင်ကျန့် ရင်ထဲ ဖိုးသိုးဖပ်သပ်တွေဖြစ်ကုန်တယ် !
ကောင်ဆိုးလေး !!" ဘယ်လိုဖြစ်နေတာတုန်း !! ငါစာလုပ်ရဦးမယ်လေ ! ဖယ် "
" ကော "
ကတ္တရာစေးကို ကော်တပိဿာလောက်ထည့်ကျိုထားတဲ့ ခေါ်သံကြီး !
အဲ့ခေါ်သံကြားရင် ရှောင်ကျန့်မှာ အင်္ဂါဂြိုလ်ပေါ်သာ တက်ပြေးလိုက်ချင်တယ် !မဟုတ်တာတွေ ပူဆာတော့မဲ့လေသံကြီး !
ဝမ်ရီပေါ်ကိုများ အချေကိုယ်တော်တဲ့ ! ဘုရားစူးရပါစေရဲ့ !
ချိုလိမ်စွပ်ထားတဲ့ ကလေးနဲ့ ဗိန်မသာလိမ်မသာပဲ !" ကော ! ကောလို့ ! "
" ဘာတုန်း "
ပြောရင်းနဲ့ ကိုယ်တခြမ်းကနေ တကိုယ်လုံးကရှောင်ကျန့်ကိုယ်ပေါ် မရမကတက်လာတယ် !
ခေါင်းကလဲငြိမ်ငြိမ်မနေ !
ရှောင်ကျန့်ရင်ခွင်ကျယ်ကြီးထဲတိုးဝင်ပြီး ပွတ်တီးပွတ်တာနဲ့ !အဟုတ် ! ရှောင်ကျန့်ခမျာ ရည်းစားရတာလား ! ကလေးပဲမွေးစားမိသလားတောင် ပြန်စဉ်းစားယူနေရတယ် !
" ကောကဗျာ ! ကျွန်တော်ခေါ်ရင်ပြန်တောင်မထူးဘူး ! ကျွန်တော်ချစ်သလိုလဲ မချစ်ဘူး ! ကျွန်တော့်ကို စိတ်ကုန်နေပြီလားဟင် ကောက "
ရှောင်ကျန့် ရှိုက်သံသဲ့သဲ့ကြားလို့ ကိုယ့်ရင်ခွင်ထဲက ကောင်စုတ်လေးကို အူတိအူကြောင်ငုံ့ကြည့်မိတော့....
YOU ARE READING
Ge ! Di Di Loves You !
RomanceZhan Ge ! Di Di ai ni ! အဲ့ဒါကြီးပဲ တချိန်လုံးကြားနေလို့ 😬😂😂 မနေနိုင်မထိုင်နိုင်ရေးချ🤣