Edited - Unicode Version below😬
______________________________________________
Zawgyi
ရှေ့မှာချထားတဲ့ ဟန်းဖုန်းလေးက ရှောင်ကျန့်ကို လျှာထုတ်ပြောင်ပြနေသလိုခံစားရသည် ....
ဒါမှမဟုတ် မင်းဖုန်းဆက်လိုက်လေ ! မင်းလွမ်းနေပြီမလား ! မညာချင်စမ်းပါနဲ့ ! တင်းခံမနေနဲ့ ! မင်းကစဆက်လိုက်တော့ ဆိုပြီးပဲတိုက်တွန်းနေချင်တာများလား ?
ကုတင်ပေါ်မှာငုတ်တုတ်ကြီးထိုင်ရင်း တစက်မှမြည်မလာသောဖုန်းကို ကသိုဏ်းရှူနေခဲ့တာ သုံးဆယ့်ခြောက်မိနစ်ရှိခဲ့ပြီ !
ဖုန်းစခရင်ပေါ်က digit လေးတွေက 1:15 AM တဲ့ !ဘေးကုတင်က လူသားလေးကတော့ အရိပ်အယောင်တောင်ပေါ်မလာသေးဘူး !
လူစစ်ချိန်တုန်းက အဆောင်မှူးကိုလဲ ဖုံးရဖိရဖာရနဲ့ ရှောင်ကျန့်မှာ အပ်ချုပ်သမားကြီးကိုဖြစ်လို့ !
အဆောင်မှူး ပွစိပွစိလုပ်တာလဲမပြောနဲ့ !
ဟိုသူတောင်းစား ဝမ်ရီပေါ် ညည့်နက်သန်းခေါင်မှ အဆောင်ပြန်ပြန်လာတာ တပတ်ကျော်နေပြီ !ဒါတောင် အဆောင်မှူးကို ဒင်းက ဆိုဂျူတဖာ သွားဆက်ကပ်ထားလို့ ဟိုကဒီလောက်လျှော့ပေါ့ပေးနေတာ !
ဂိတ်တံခါးစောင့်ဦးလေးကြီးကိုလဲ ဖားယားလာဘ်ထိုးထားတာ ဟိုက ဝမ်ရီပေါ်ဆို မနက်မိုးလင်းမှပြန်လာတောင် တံခါးထဖွင့်ပေးဦးမှာ !
အဆောင်တခုလုံး ဝမ်ရီပေါ်တို့ သြဇာကိုညောင်းနေရောပဲ !အင်း ... ဒင်းက ငါ့ပဲကွက်မေ့နေတာလေ !
ပထမအကြိမ် အခန်းကို ညဆယ့်နှစ်ခွဲမှပြန်လာတယ် !
ဘာမှ မဆူရသေးခင် ကြိုကာတယ် !
Dance practice က နောက်ကျလို့ဆိုပြီး !ရီပေါ့်ရဲ့ အကစွမ်းရည် ကို သဘောကျလို့ သူသွားသွားကနေတဲ့အကခန်းပိုင်ရှင်က dance instructor တန်းခန့်ပလိုက်တယ် !
နဂိုကတည်းကမှ ဖင်မငြိမ်တဲ့သူက အကဆရာဖြစ်သွားလဲ မငြိမ်မြဲမငြိမ်ဆဲပါပဲ !အကခန်းက ညဆယ့်တစ်ပိတ်ရင် သူ့အိမ်ပြန်ချိန်ကလဲ ညဆယ့်တစ်ပဲ !
အကသင်ချိန်တွေအကုန်လုံး သူတယောက်ပဲ စုယူထားသလားထင်ရအောင် Dance instructors တွေအားလုံးထဲ သူတယောက်ပဲပြာလောင်ခတ်နေတာ !
YOU ARE READING
Ge ! Di Di Loves You !
RomanceZhan Ge ! Di Di ai ni ! အဲ့ဒါကြီးပဲ တချိန်လုံးကြားနေလို့ 😬😂😂 မနေနိုင်မထိုင်နိုင်ရေးချ🤣