Zawgyi
ရှောင်ကျန့်ရဲ့ မွေးလ !
အိမ်ထောင်သက် သုံးနှစ်ပြည့်တဲ့နှစ်ပေါ့ !အိမ်ကို ဧည့်သည်လေးတဦး ဝင်လာခဲ့တယ် !
ရှောင်ကျန့် မွေးနေ့ကို အထူးတလည် ဂရုထားမနေတော့ဘူး !
သူ့မွေးနေ့တိုင်းကို ရီပေါ်နဲ့ ဖြတ်သန်းခဲ့သလို နောက်မွေးနေ့တိုင်းကိုလဲ ရီပေါ်နဲ့တူတူ ရှိနေမှာပဲ !ရီပေါ်ကသာ ရှောင်ကျန့်ထက်ပိုပြီး မွေးနေ့တိုင်းကို စိတ်ခုန်နေခဲ့တာ !
နှစ်တိုင်းမရိုးရအောင် လက်ဆောင်တွေ တပုံတပင်ပဲ !ဈေးကြီးတာက စလို့ ရီပေါ်ကိုယ်တိုင် သုံးလလောက်ထိုးယူရတဲ့ မာဖလာတိုတိုပြတ်ပြတ်လေးထိ ပါတယ် !
မာဖလာလေးက အနားစတွေမညီမညာနဲ့ ပုံပန်းမကျပေမဲ့ ရှောင်ကျန့်သဘောကျလွန်းလို့ ထုတ်တောင်မဝတ်ရက်ဘူး !
တယုတယသိမ်းထားတာ !
အရမ်းအေးတဲ့နေ့တွေမှာ ရီပေါ်နဲ့ အပြင်ထွက်ဖြစ်ရင် ရီပေါ်က အဲ့မာဖလာလေးကို ပတ်ပေးတယ် !ပြီးရင် ရှောင်ကျန့်ပါးစူစူဖောင်းဖောင်းနှစ်ဖက်ကို အုပ်ကိုင်ရင်း မျက်နှာတခုလုံးကို ရန်ရှာတော့တာပဲ !
မာဖလာနဲ့ လည်ပင်းကအစ်နေတော့ ရှောင်ကျန့် လှည့်မရ ရုန်းမရနဲ့ !
တရစပ် အနမ်းတွေကြား ရှောင်ကျန့်မှာ ပူထူနေအောင် ရှက်ရတယ် !
ဝမ်ရီပေါ်တကိုယ်လုံးက အကြံတွေချည့်ပါပဲ !ရီပေါ့်မွေးနေ့တိုင်းမှာလဲ ရှောင်ကျန့် လက်ဆောင်ပိစိလေးတွေ စီစဉ်ပေးတယ် !
ရှောင်ကျန့်နဲ့သာ မညားခဲ့ရင် ဆိုင်ကယ်နဲ့အိမ်ထောင်ကျပြီး သူ့ Yamaha ကို ဖက်ခွအိပ်မဲ့ ရီပေါ့်ကို ပေးဖြစ်တာတော်တော်များများက အဲ့ဆိုင်ကယ်နဲ့ပတ်သက်တဲ့ အသစ်ထွက်တာမှန်သမျှပေါ့ !ရီပေါ်ကြိုက်တဲ့ Professional racer တွေရဲ့ အမှတ်တံဆိပ်ပစ္စည်းမှန်သမျှ ထွက်ပြီဟေ့ဆိုတာနဲ့ ရီပေါ့်လက်ထဲအရောက်ပဲ !
လပ်တော့တလုံးနဲ့ ဘယ်ချိန်ရောင်းမလဲ ငုတ်တုတ်ထိုင်စောင့်နေတတ်တဲ့ ယုန်လေးတကောင်ရဲ့ အားထုတ်မှုတွေပေါ့ !ရီပေါ်က အဲ့လက်ဆောင်တွေနဲ့ တင်းတိမ်တာတော့မဟုတ်ဘူး !
သူ နှစ်တိုင်း လိုချင်တဲ့ မွေးနေ့လက်ဆောင်က ယုန်တကောင်ပဲ !
အဲ့ယုန်လေးကို မွေးနေ့တရက်လုံးစာ အပိုင်သိမ်းပြီး ရန်ရှာတယ် !

YOU ARE READING
Ge ! Di Di Loves You !
RomanceZhan Ge ! Di Di ai ni ! အဲ့ဒါကြီးပဲ တချိန်လုံးကြားနေလို့ 😬😂😂 မနေနိုင်မထိုင်နိုင်ရေးချ🤣