Part 4 ( Zawgyi + Unicode )

17K 1.5K 62
                                    

Zawgyi

ရှေ့နားကမြင်ကွင်းက ရှောင်ကျန့်ကို မအီမသာ ဖြစ်သွားစေတယ် !

ကောင်မလေးတွေအများကြီးကြားမှာ ဝမ်ရီပေါ်ရယ် !
ဘတ်စကတ်ဘော သင်ပေးနေတာလို့ယူဆရတာပဲ  !
ဘတ်စကတ်ဘောကစားတာပဲသင်ပေးနေသလား. မြေကြီးပေါ်လဲမကျနည်းတွေပဲ  သင်ပေးနေသလားတော့မသိဘူး !

ဝမ်ရီပေါ်လက်ကတော့ မအားရဘူး !
ကောင်မလေးတယောက်ချင်းဆီကို လိုက်ထိန်းပေးနေရတယ် !
အင်း  ခါးလေးကို ဖက်ပြီးတော့ပေါ့ ......

" ကော ! ကျွန်တော်တို့ ဘတ်စကက်ဘော ကစားတာလာကြည့်ပါလား ?  ကောပါ အသင်းထဲဝင်ချင်သွားမယ် "

ရှောင်ကျန့် လာခဲ့မယ်လေ လို့ ကတိပေးထားတာ နည်းနည်းကြာပြီ ...
ဒီနေ့ အတန်းလေးစောဆင်းတုန်း  လာလိုက်တာ !
အင်း .... ရီပေါ် ကစားတာပဲကြည့်ရမလား  ကောင်မလေးတွေပဲ ကြည့်ရမလားတောင်မသိဘူး !

တကွင်းလုံးမှာ ကောင်မလေးတွေချည့် !
ကျားဆိုလို့ ရီပေါ် နဲ့  အသင်းခေါင်းဆောင် ရွှမ်ရီ ပဲရှိတယ် !

ရွှမ်ရီကလဲ သူ့ပရိသတ်နဲ့သူ !
ဝမ်ရီပေါ်ကလဲ သူ့နတ်သမီး ငါးရာနဲ့သူ !

အင်း ...... ရီပေါ် က ပြောတော့ပြောသား !
သူက Gender ကို မကြည့်ဘူးတဲ့ .... သူချစ်တဲ့သူက သူမြတ်နိုးတဲ့သူပဲဖြစ်ဖို့လိုတယ်ဆိုလား !

ဒီအတောအတွင်း ရီပေါ်တယောက် ရှောင်ကျန့်ကို အရင်လိုပဲ ပြန်ဆက်ဆံရှာပါတယ် !
နည်းနည်းတော့ ဂဂျိုးဂဂျောင်နိုင်တယ် !

နှစ်ယောက်သား အကြည့်ချင်းဆုံရင် ရှောင်ကျန့် မျက်နှာပူတက်လာတယ် !
ရီပေါ်ကတော့ အကြည့်မလွှဲဘူး !
သူ့ကိုရွှန်းရွှန်းစားစားကြီး စိုက်ကြည့်လို့ !

ခုလဲ ကောင်မလေးတွေကို ဒီလိုပဲကြည့်နေတယ် !
အင်း .... ငါကသာ ရှက်နေတာ ! သူကတော့ လူတကာကိုကြည့်နေကျပဲထင်ရဲ့ !

ရှောင်ကျန့် ဘာလို့မှန်းမသိ ! ခြေလှမ်းတွေက အလိုလိုနေရင်း ကွင်းကိုကျောခိုင်းပြီးသား ဖြစ်နေသည် !

ငါ စာလုပ်ရမယ် ! ဟုတ်တယ် အရေမရအဖက်မရတွေအတွက် အချိန်မရှိဘူး ! တနေ့စာတနေ့ပြီးအောင်လုပ်မယ်. ! ခုပဲအဆောင်ပြန်ပြီး စာလုပ်တော့မယ် !

Ge ! Di Di Loves You !Where stories live. Discover now