Zawgyi" ဟီး "
" ......... "
အရှေ့ကနေ သွားသုံးဆယ့်နှစ်ချောင်းလုံးပေါ်အောင်ဖြီးနေသော မျက်နှာကြီးကြောင့် ရှောင်ကျန့် အယောင်ယောင်အမှားမှားတွေဖြစ်ကုန်သည် ......
" ပါးစပ်ကိုစိထားစမ်း "
" ဟီး ကောကလဲ "
ရှောင်ကျန့် စိတ်တိုတိုနဲ့ ဆေးတို့ထားတဲ့ ဂွမ်းစကို အနာပေါ်ဖိချပေးလိုက်သည် ....
" အား ကော နာတယ် နာတယ်လေ .... ဖြည်းဖြည်းလုပ်ပါ ..... ကျွန်တော့်ကိုမချစ်ဘူးလား "
စိတ်မြန်လက်မြန်ရှိလှတဲ့ ရှောင်ကျန့်လက်တွေက ရီပေါ့် နဖူးကို ခေါက်ပြီးသားဖြစ်နေပြီ ....
" အား ကောကလဲ ..... ဘာလို့ထုတာလဲ "
ဖြဲပြဲနေတဲ့ မျက်နှာကနေ စူပုပ်ပုပ်ဖြစ်လာတော့လဲ ရှောင်ကျန့်ပဲ စိတ်မကောင်းဖြစ်ရပြန်တယ် !
အေးလေ ! ခုလောလောဆယ် ဒင်းက ဒဏ်ရာဗလပွ နဲ့ ဆိုတော့လဲ !
ကောင်းကျိုးကိုမပေးဘူး !
ငါ့ကိုစိတ်ဆင်းရဲရအောင် အမြဲလုပ် !ဒီဝမ်ရီပေါ်တယောက်နဲ့တော့ ရှောင်ကျန့်လဲမြန်မြန် အသက်တိုမှာပါပဲ !
ရီပေါ့်မျက်နှာကြီးမကြည့်မိအောင် ရှောင်ရင်း အနာကိုပဲ ဆေးထည့်ပြီး ပတ်တီးစည်းဖို့ပြင်လိုက်တယ် !" ကော "
" ........ "
သူ့ကိုမကြည့်ဘဲ အနာကိုပဲအာရုံစိုက်နေတာကြောင့် ရီပေါ် အူပုပ်လာတယ် !
အနာက သူ့ရည်းစားလား ! ငါက သူ့ရည်းစားလား !" ကော ကောလို့ "
" ပါးစပ်ပိတ်ထားနော် ဝမ်ရီပေါ် ! ငါ့ရင်ထဲ ပန်းတွေပွင့်နေတာမဟုတ်ဘူး "
" အော် အချစ်တွေရှိနေတာလား ကောရဲ့ ဟီး ဟီး "
" ဒေါက် "
" အား "
ဒုတိယအကြိမ် ရီ့ပေါ်နဖူးဘုထသွားတယ် !
ဒီတခါ ရှောင်ကျန့်လက်ဆစ်တွေနဲ့မဟုတ်ဘဲ ကိုင်ထားတဲ့ဆေးဘူးနဲ့ ထုချပလိုက်တာ !အရှက်ကို နည်းနည်းလေးမှမရှိဘူး !
ရှောင်ကျန့်မျက်နှာက ပူလွန်းလို့ ကြက်ဥတင်ကြော်လို့ရနေပြီ !

YOU ARE READING
Ge ! Di Di Loves You !
RomanceZhan Ge ! Di Di ai ni ! အဲ့ဒါကြီးပဲ တချိန်လုံးကြားနေလို့ 😬😂😂 မနေနိုင်မထိုင်နိုင်ရေးချ🤣