Part 11 [ Zawgyi + Unicode ]

13K 1.2K 48
                                    

Zawgyi

နေသာတဲ့နေ့တနေ့မှာ  တစ်ထပ်တိုက်ပုလေးဆီ ပြောင်းကြဖို့ ရှောင်ကျန့်တွေးထားတယ် !

Intern ဆင်းနေပြီဖြစ်တဲ့ ရီပေါ့်အတွက် ရှောင်ကျန့် လက်ဆောင်ပေးဖို့ ခေါင်းတောက်မတတ် စဉ်းစားတာ နောက်ဆုံး ဒီတိုက်ပုလေးဝယ်ဖို့ဖြစ်လာတယ် !

ဘွဲ့ရပြီးပြီးချင်းမှာပဲ ဒီဇိုင်းကုမ္ပဏီတခုက ရှောင်ကျန့်ကို ဆွဲခန့်တော့တာပဲ !
ဒီလိုကုမ္ပဏီတွေက  ကင်းထောက်တွေနဲ့ အရည်အချင်းရှိတဲ့သူတွေကိုစောင့်ကြည့်နေတာ !
ရှောင်ကျန့်လို hidden gem လေးကို သူတို့တန်းမြင်နိုင်တယ် !

ရှောင်ကျန့်ရတဲ့လစာက  များလှတဲ့ပမာဏမဟုတ်ပေမဲ့ customer တွေက သူ့လက်ရာဆိုတအားသဘောကျတာမို့ recommend ပေးကြတဲ့ ဒီဇိုင်နာလေးဖြစ်လာတယ် !
ကုမ္ပဏီကလက်မလွှတ်နိုင်တာမို့  ရာထူးကြီးတွေနဲ့ တန်းညှိတာမျိုးလဲမဖြစ်ရအောင် ဘောနပ်စ်ဆိုတာမျိုးတော့နင့်နေအောင်ပေးတယ် !

လူလိမ္မာလေး ရှောင်ကျန့်ဆိုတာ အင်္ကျီတစုံကို နှစ်ပေါက်နေအောင် ဝတ်တဲ့သူ !
အဖြုန်းမှမရှိတာ !

ဘွဲ့ရပြီး တခြားအဆောင်မှာတက်နေရကတည်းက  သူအိမ်တလုံးဝယ်ဖို့ရည်ရွယ်ခဲ့တာ !

ရီပေါ်နဲ့ သူမခွဲနိုင်တာ ပိုသေချာလာခဲ့လို့ !

ညအိပ်ချိန်ကလွဲ သူ့အဆောင်ရောက်နေတတ်တဲ့ ရီပေါ်ကလဲ  ပြန်ခါနီးဆို ညှိုးငယ်နေတာပဲ ! ဇီးရွက်သာသာမျက်နှာလေးနဲ့ !

သူ့အဆောင်ကလဲ တက္ကသိုလ်နဲ့ ဝေးတယ် !
ရီပေါ့်ရှေ့မို့ ထိန်းထားရပေမဲ့  ရီပေါ်စာမေးပွဲရှိလို့ တပတ်ဆယ်ရက်မတွေ့နိုင်တဲ့နေ့တွေ  သူလုပ်သမျှကိုင်သမျှအယောင်ယောင်အမှားမှားပဲ !

" လွမ်းတယ် ကောရာ ! စာလဲမကျက်ချင်ဘူး ! ကောကိုပဲဖက်ထားချင်တယ် ! လွမ်းတယ် လွမ်းတယ် ! လွမ်းလို့သေတော့မှာပဲ "

ဖုန်းထဲကနေ ကလေးဆိုးကြီး ဂျစ်တိုက်သမျှနားထောင်ရင်း  ရှောင်ကျန့်မျက်ရည်ခိုးသုတ်ရတယ် !

ဒါကြောင့် သူ video call မခေါ်ရဲတာပေါ့ !
ရှောင်ကျန့်ရဲ့ ငိုမဲ့မဲ့မျက်နှာသာမြင်ရင် ရီပေါ်ဆိုတာ ရောက်ရာအရပ်က ထပြေးလာမဲ့သူမျိုး !

Ge ! Di Di Loves You !Where stories live. Discover now