Zawgyi
" ဟောဗျာ ! ကောက ပြန်တောင်ရောက်နေပြီလား "
ဆိုဖာပေါ် ဒူးထောင်ထားတာကို ပိုက်ထားရင်း ငုတ်တုတ်လေးထိုင်နေတဲ့ ရှောင်ကျန့် !
ကျန့်ကော တခုခုဖြစ်နေတယ်ဆိုတာ ရီပေါ်တန်းသိတာပဲ !
မျက်နက်ဝန်းတွေက ရီပေါ့်ကို မော့ကြည့်လာတဲ့အခိုက်မှာပဲ အိတ်တွေကိုလွှတ်ချပြီး ကျန့်ကောကို ပြေးပွေ့မိတယ် !" ဘာလို့မျက်ရည်တွေလည်နေပြန်တာလဲ ! ကော ငိုရင် ကျွန်တော်မကြိုက်ဘူးဆိုတာ သိရက်နဲ့ ! "
သူ့ကျောကို တင်းတင်းပြန်ဖက်လာတဲ့ကောက ရှိုက်သံလေးတွေထွက်အောင် ငိုနေပြီ !
သူ့ပခုံးပေါ်တင်ထားတဲ့ ကောမေးဖျားလေးတွေတဆတ်ဆတ်တုန်လာတဲ့ထိ !တိတ်တိတ်နေရင်းပဲ နှစ်သိမ့်ပေးတယ် !
ရီပေါ်တို့နှစ်ယောက်ကြားမှာ အချိန်တွေကြာလာလေ စကားဆိုဖို့ လိုမလာလေပဲ !
တခါတလေ အပြုအမူတွေနဲ့တင် တယောက်နဲ့တယောက်နားလည်တယ် !ခဏကြာ အငိုတိတ်သွားပေမဲ့ တချက်တချက်ရှိုက်နေတုန်းပဲ !
ကောရဲ့ ဂုတ်ပိုးနားက ဆံစပ်လေးတွေကို အသာအယာပွတ်သပ်ပေးရင်း ဆက်ဖက်ထားတယ် !" ရီပေါ် "
" အင်း "
" ပြော..ပြောစရာ .. ရှိတယ် "
စကားတလုံးနဲ့ တလုံးကြား ရှိုက်သံတွေနဲ့ ဗလုံးဗထွေးပြောလာတယ် !
ကောကို ရင်ခွင်ထဲကထုတ်ပြီး လက်တွေကိုတော့ ခပ်လျှောလျှောအနေအထားနဲ့ ကောခါးတဝိုက်ကို သိုင်းဖက်ထားစေတယ် !
ရှောင်ကျန့် မျက်ရည်တွေကြားထဲက ကြည်ကြည်နူးနူးပြုံးမိသွားမယ်ထင်တယ် !
ရီပေါ်က စကားတွေဆိုတတ်တဲ့သူမဟုတ်ဘူး !
ဒါပေမဲ့ ရီပေါ့်အပြုအမူတခုချင်းဆီတိုင်းကို နားလည်တယ် !
ရီပေါ်ထွေးပွေ့လာတဲ့အခါ အမျိုးအမည်မသိတဲ့ လုံခြုံမှုကို ရှောင်ကျန့်ခံစားရတယ် !" ကောကို ချစ်လား "
" ချစ်တယ် "
မဆိုင်းမတွဖြေလာတဲ့ ကောင်လေးရင်ခွင်ကျယ်ကြီးကို ရှောင်ကျန့်ခပ်ဖွဖွထုတယ် !

YOU ARE READING
Ge ! Di Di Loves You !
RomanceZhan Ge ! Di Di ai ni ! အဲ့ဒါကြီးပဲ တချိန်လုံးကြားနေလို့ 😬😂😂 မနေနိုင်မထိုင်နိုင်ရေးချ🤣