Part 5❣️ ( Zawgyi + Unicode )

19.1K 1.8K 155
                                    

Zawgyi

" ကော ... ကောဆို "

အနောက်ကနေ အပြေးလိုက်လာတဲ့ခြေသံတွေ .....
ကော ကော ဆိုတာနဲ့ မချော့ရသေးဘူး အရည်ပျော်နေတဲ့ ကိုယ့်စိတ်တွေကိုယ် ရှောင်ကျန့်မကျေနပ်လှ .....

ပြောပြောဆိုဆို နဲ့ လက်မောင်းကကိုင်ပြီးဆွဲလှည့်ပလိုက်တဲ့ ဝမ်ရီပေါ်ကြောင့် ရှောင်ကျန့်တကိုယ်လုံးယိုင်ထွက်သွားသည် ....

လိပ်မျိုးလေး ဝမ်ရီပေါ်က ရှောင်ကျန့်ကို အလဲမခံ ....
ကျန်လက်တဖက်က ရှောင်ကျန့် ခါးလေးကို ဆွဲထိန်းပေးလိုက်တယ်

တော်စမ်းပါ ..... ခုနက ကောင်မလေးတွေကို ထိလာတဲ့ လက်ကြီးနဲ့ .....
ရှောင်ကျန့် ရီပေါ့်အဖမ်းအချုပ်တွေကနေ ရုန်းထွက်ပလိုက်တယ်.....

" လာမထိနဲ့ "

Wowww.... တလမ်းလုံး ဆူကောက်လာတာ ..
ပထမဆုံးထွက်လာတဲ့ စကားသံက ဆူဆောင့်နေရောပဲ !

ဒီယုန်ကလေးကို ရီပေါ် ဖျစ်ညှစ်ချင်မိတယ် !
ပါးလေးတွေကိုရဲလို့ ဒေါသထွက်နေတာများ....
ဘာတွေ စိတ်ကောက်နေမှန်းကိုမသိပါဘူး !

" ဘာဖြစ်တာလဲ ကောရယ်..... ကျွန်တော်ဘာမှလဲမလုပ်မိရပါလား "

ဒိုင်းခနဲ ရောက်လာတဲ့ မျက်စောင်းကြောင့် ရီပေါ် လန့်ဖျပ်သွားမိသည် ......
ဒါ ကော တော်တော်ကို စိတ်ဆိုးနေတဲ့သဘောပဲ !

" ငါ့နောက်လိုက်မလာနဲ့ ..... သွားစရာရှိတာသွား .... ပြန်ချင်တဲ့အချိန်ပြန် ..... သေသေကြေကြေ ဂရုကိုမစိုက်ဘူး .... သွား ပြန်မလာနဲ့ "

အင်း .... ငါ့ပုံစံက စိတ်ကောက်နေတဲ့ အဒေါ်ကြီးနဲ့များတူနေသလား ?
နိုး မတူဘူး !!!!!!
ရှောင်ကျန့် ကွကိုယ်ပြန်အားပေးလိုက်သည် ....

ရီပေါ် ခေါင်းကုတ်လိုက်မိသည် .....

" ကျွန်တော် ရွှမ်ရီကော ရဲ့ ပွဲ သွားမယ်ဆိုလို့လား ? ကဲ မသွားဘူး ! ကော မကြိုက်ရင် မသွားဘူး ! နော် "

" အောင်မာ ! မင်းဘာမင်းသွားချင်သွား မသွားချင်နေ ! ငါက ဘာလို့ဂရုစိုက်နေရမှာလဲ ! မိန်းမိန်းနဲ့ သွားသွား ဖိန်းဖိန်းနဲ့ သွားသွား ... ငါ့သောက်ပူကိုမပါဘူး "

Ge ! Di Di Loves You !Donde viven las historias. Descúbrelo ahora