Zawgyi
မိနစ်နှစ်ဆယ် ....
မိနစ်နှစ်ဆယ်ရှိသွားပြီ ....ဝမ်ရီပေါ်ဖုန်းပြန်မခေါ်ဘူး !
ရှောင်ကျန့် မျက်နှာက လငပုပ်ဖမ်းထားသလို မဲပုပ်နေတယ် !သူ မူတာများသွားပြီလား ??
ဟုတ်တယ်လေ ! ဖုန်းတခါခေါ်ရုံနဲ့ ကောက်ကောက်ပါသွားမယ်ဆို သိက္ခာကျရချည်ရဲ့ !
ပြီး missed call ကြီး ! ရှောင်ကျန့် ပြန်ခေါ်မယ်ဆို သူကပဲစခေါ်ရသလိုဖြစ်သွားမှာ !ကပ်သီးကပ်သတ်လိုက်စဉ်းစားတတ်တဲ့ အကျင့်ကြောင့်လဲ ရှောင်ကျန့် ဒီအရွယ်ထိ ရည်းစားမရခဲ့တာ ! အရွေးလွန်တာလဲပါတာပေါ့ !
ဒီအရွယ်ထိအမြီးမပေါက်တဲ့မျောက် ဘာမျောက်လဲဆို ရှောင်ကျန့်ကိုပဲ လက်ညှိုးထိုးပြရမယ် !
ဒီဘက်အပိုင်းမှာ ရှောင်ကျန့်က သူငယ်တန်းသာသာပဲ ရှိတယ် !
နှစ်ချို့  အဖိုးတန် အက်ဖ်အေလေး !အဲ့ဒါကို ဘယ်လိုလုပ် နဖူးစာက အာကာသထိ ပတ်ပြီး ဝမ်ရီပေါ်လို ရှစ်စပ်က ဂျင်ဂျည်လည်တဲ့သူနဲ့ ဖြစ်သွားရတာပါလိမ့် !
" ရှောင်ရှောင်ကျန့် "
" ကျဲကျဲ "
ရှန့်ကျဲကျဲက ဘေးရောက်ချလာတယ် !
ရှောင်ကျန့် ရဲ့ စိတ်မပါလက်မပါအမူအရာကြီးက ပိုဆိုးလာတယ် !
အလိုက်တသိနဲ့ လာမစပ်စုကြပါနဲ့လား အမျိုးကောင်းသမီးတို့ရယ် !" အောင်မယ် ! နင့်မျက်နှာထားက ဘာအချိုးတုန်း ရှောင်ကျန့် ! ဆူပုပ်မနေစမ်းနဲ့ ! နင့်ဘာနင် ရှစ်ခေါက်ချိုးထားလဲ ငါကမေးမှာပဲ "
ရှောင်ကျန့် သက်ပြင်းပဲချမိတော့သည်.....
အေးလေ.... စကားလေးဘာလေးပြောမိတော့ စိတ်နည်းနည်းသက်သာတာပေါ့ !
မဟုတ်ရင် မြည်မလာတဲ့ဖုန်းသံကိုမျှော်ရင်း ဖုန်းကိုစိုက်ကြည့်နေတာ ဖုန်းပဲပေါက်ထွက်မလား မျက်လုံးပဲထွက်ကျလာမလားပဲ !" ဘာဖြစ်တာတုန်း ! နင်ခုတလော မူကိုမမှန်ဘူး ! ပြောစမ်း နင့်ကောင်လေးနဲ့ ဘာပြဿနာတက်သလဲ "
ရှောင်ကျန့် လက်ဖျားခါသွားရသည်....
ကျဲကျဲတို့များ ချက်ဆိုနားခွက်ကမီးတောက် !ရှက်ရှက်နဲ့ ရယ်သာနေရတယ် !
ဒီအရွယ်ကြီးကျမှ ခြောက်နှစ်ငယ်တဲ့သူကို ချစ်သူတော်ထားပြီး ကိုယ်ကစိတ်ကောက်နေတယ်ဆိုတာ ကလေးကလားတော့နိုင်သား !

YOU ARE READING
Ge ! Di Di Loves You !
RomanceZhan Ge ! Di Di ai ni ! အဲ့ဒါကြီးပဲ တချိန်လုံးကြားနေလို့ 😬😂😂 မနေနိုင်မထိုင်နိုင်ရေးချ🤣